[ကုန်အမှတ်တံဆိပ် ဇာတ်ကြောင်း]

[ကုန်အမှတ်တံဆိပ် ဇာတ်ကြောင်း]

[ကျွန်ုပ်တို့သည် အားလုံးအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာမြေကို ဖန်တီးရာတွင် အတားအဆီးများကို ကြံ့ကြံ့ခံပေးသော လူသားများက စေ့ဆော်လုပ်ဆောင်သည့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးရန် တည်ရှိနေခြင်းဖြစ်ပါသည်]

[ကျွန်ုပ်တို့သည် အားလုံးအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာမြေကို ဖန်တီးရာတွင် အတားအဆီးများကို ကြံ့ကြံ့ခံပေးသော လူသားများက စေ့ဆော်လုပ်ဆောင်သည့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးရန် တည်ရှိနေခြင်းဖြစ်ပါသည်]

[လူများကို မဖြစ်နိုင်သည့်အရာများအား အောင်မြင်နိုင်အောင် ကူညီပေးရန်ဆိုသည့် ပြင်းပြသောဆန္ဒနှင့်အတူ Sáms~úñg ကို မွေးဖွားလာချိန်ဖြစ်သည့် 1969 တွင်
ကျွန်ုပ်တို့၏ဇာတ်ကြောင်း စတင်ပါသည်။
နှစ်ပေါင်း 50 ကျော်ကြာပြီးနောက်၊ ကျွန်ုပ်တို့သည် အတားအဆီး အဟောင်းများနှင့် အသစ်များအားလုံးကို ချိုးဖျက်ပေးသည့် နည်းပညာကို ဆန်းသစ်တီထွင် ဖန်တီးနေဆဲဖြစ်ပြီး
လူများအနေဖြင့် ၎င်းတို့မလုပ်နိုင်သည့်အရာများကို လုပ်ဆောင်နိုင်စေရန် ကူညီနေဆဲဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြင့် ဆက်လက်ကာ စေ့ဆော်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ဖန်တီးလိုက်သော
အရာအားလုံး၏ အလယ်ဗဟိုတွင် လူများနှင့် ၎င်းတို့ ဂရုစိုက်သည့်အရာများကို ထားရှိပါသည်။
]

[ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို စေ့ဆော်ပေးသော တန်ဖိုးထားမှုများဖြင့် ရှင်သန်ပါသည်]

[ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများသည် ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာအားလုံး၏ နှလုံးသည်းပွတ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်
လူများ၊ သာလွန်ထူးကဲမှု၊ ပြောင်းလဲမှု၊ ဂုဏ်သိက္ခာရှိမှု၊ နှင့် အတူတကွ ကြွယ်ဝချမ်းသာမှုတို့ဖြစ်သော ကျွန်ုပ်တို့၏ဝန်ခံကတိပြုချက်ကို ပုံဖော်ပေးသည့် အဓိကစည်းမျဉ်းငါးခုကို လိုက်နာပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တန်ဖိုးထားမှုများကို နေ့စဉ်လုပ်ဆောင်ချက်တွင် ထည့်သွင်းနိုင်ရန်အတွက် ရှိရင်းစွဲအတိုင်း ဆက်လက်၍ တိုးတက်အောင်လုပ်ဆောင်ကာ ဆန်းသစ်တီထွင်ပြီး စိန်ခေါ်ဆောင်ရွက်ရမည့် ထိုစည်းမျဉ်းများပေါ်တွင် အာရုံစိုက်ထားပါသည်။]

[လူတွေ၏
အတွေ့အကြုံများ
]

[ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာအားလုံး၏ အလယ်တွင် လူများကို ဦးစားပေးထားရှိပါသည်။]

[လူတစ်ဦးစီကို ဆွဲယူထားတဲ့ အဖြူနဲ့ အမည်း အစင်းကြောင်းများက Sáms~úñg ရဲ့ လူသားအတွေ့အကြုံများကို ကိုယ်စားပြုပါတယ်။] [လူတစ်ဦးစီကို ဆွဲယူထားတဲ့ အဖြူနဲ့ အမည်း အစင်းကြောင်းများက Sáms~úñg ရဲ့ လူသားအတွေ့အကြုံများကို ကိုယ်စားပြုပါတယ်။]

[တိုးတက်လာသော ဆန်းသစ်တီထွင်မှု]

[ကျွန်ုပ်တို့သည် တီထွင်ဖန်တီးထားသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဖန်တီးခြင်းဖြင့် လူများ၏နေထိုင်မှုပုံစံကို တိုးတက်စေသည့် နည်းလမ်းသစ်များကို အဆက်မပြတ် ရှာဖွေပါသည်။]

[မီးပွင့်နေတဲ့ မီးလုံးက Sáms~úñg ရဲ့ အဆင့်ဆင့် ဆန်းသစ်တီထွင်မှု အယူအဆကို ကိုယ်စားပြုပါတယ်။] [မီးပွင့်နေတဲ့ မီးလုံးက Sáms~úñg ရဲ့ အဆင့်ဆင့် ဆန်းသစ်တီထွင်မှု အယူအဆကို ကိုယ်စားပြုပါတယ်။]

[ထင်ပေါ်သော အကောင်းမြင်တတ်မှု]

[ကျွန်ုပ်တို့သည် ကမ္ဘာကြီးကိုပြောင်းလဲရန်အတွက် ကိုယ့်ကိုယ်ကိုနှင့် ရှိရင်းစွဲအရာများကို စိန်ခေါ်ရင်ဆိုင်ပါသည်။]

[သမုဒ္ဒရာပြင်ကထဲကို ဦးတည်နေတဲ့ ရေလွှာလျှောစီးဘုတ်က Sáms~úñg ရဲ့ အဆုံးစွန် အကောင်းမြင်မှု အယူအဆကို ကိုယ်စားပြုပါတယ်။] [သမုဒ္ဒရာပြင်ကထဲကို ဦးတည်နေတဲ့ ရေလွှာလျှောစီးဘုတ်က Sáms~úñg ရဲ့ အဆုံးစွန် အကောင်းမြင်မှု အယူအဆကို ကိုယ်စားပြုပါတယ်။]

[ဂုဏ်သိက္ခာရှိမှုနှင့် ပွင့်လင်းမြင်သာမှု]

[ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ပါတနာများ၏ ဂေဟစနစ်တို့နှင့်ပတ်သက်၍ ပွင့်လင်းရိုးသားခြင်းဖြင့် မှန်ကန်သောအရာကိုလုပ်ဆောင်ရန် အစဉ်အမြဲ ရည်မှန်းထားပါသည်။]

[ပူဖောင်းအကြည်လေးက Sáms~úñg ရဲ့ ဂုဏ်သိက္ခာနဲ့ ပွင့်လင်းမြင်သာမှုကို ကိုယ်စားပြုပါတယ်။] [ပူဖောင်းအကြည်လေးက Sáms~úñg ရဲ့ ဂုဏ်သိက္ခာနဲ့ ပွင့်လင်းမြင်သာမှုကို ကိုယ်စားပြုပါတယ်။]

[လူမှုရေးဆိုင်ရာ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်မှု]

[လူတိုင်းသည် နည်းပညာထံမှ အကျိုးကျေးဇူးရရှိသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကောင်းကျိုးအတွက် ၎င်းကို အကျိုးရှိရှိ ဝင်ရောက်အသုံးပြုခွင့်ရှိသင့်ပါသည်။]

[နံရံဆေးရေးပန်းချီကို အတူတူ ရေးဆွဲနေတဲ့ လူတွေက Sáms~úñg ရဲ့ လူမှုရေးပိုကောင်းမွန်မှုဆိုတဲ့ အယူအဆကို ကိုယ်စားပြုပါတယ်။] [နံရံဆေးရေးပန်းချီကို အတူတူ ရေးဆွဲနေတဲ့ လူတွေက Sáms~úñg ရဲ့ လူမှုရေးပိုကောင်းမွန်မှုဆိုတဲ့ အယူအဆကို ကိုယ်စားပြုပါတယ်။]

[ကျွန်ုပ်တို့က မဆုတ်မနစ်သော ရှေ့ဆောင်တီထွင်သူပါ]

[ကျွန်ုပ်တို့အနေနဲ့ အတားအဆီးတွေကို အခွင့်အလမ်းတွေအဖြစ် ရှုမြင်တာကြောင့်။ ကျွန်ုပ်တို့အနေနဲ့ အသစ်အသစ်သောအရာတွေ ဒါမှမဟုတ် ဘာမှန်းမသိတဲ့အရာတွေကို ကြောက်ရွံ့မှုမရှိတာကြောင့်။ ကျွန်ုပ်တို့အနေနဲ့ လမ်းကြောင်းအသစ်ကို ဖော်ဆောင်ပေးပြီး လူတွေကို ၎င်းတို့မလုပ်နိုင်တာတွေကို လုပ်နိုင်စေတဲ့ နည်းပညာကို တွေးတောဖန်တီးတာကြောင့်။ ကျွန်ုပ်တို့က လမ်းဖောက်ပါတယ်။]

[ကျွန်ုပ်တို့က ဆန်းသစ်တီထွင်မှုအသစ်တွေကို လုပ်ဆောင်ပါတယ်]

[ကျွန်ုပ်တို့သည် အမြဲတမ်း ရှေ့သို့လျှောက်လှမ်းနေပြီး မျိုးဆက်သစ်များထဲသို့ ကျွန်ုပ်တို့အားလုံးကို ခေါ်ဆောင်သွားလျှက်ရှိကာ စံနှုန်းများကို မြှင့်တင်ပေးလျှက်ရှိပါသည်။]

[အပြိုင်ထိုးထွက်နေတဲ့ နံရံနှစ်ခုအနက်် တစ်ခုက တိမ်ထူသော ကောင်းကင်ပြာသို့ ဦးတည်နေတဲ့ တံခါးဆီ တက်သွားပုံက တီထွင်မှုအသစ်တွေကို ဖန်တီးပေးတဲ့ အလျှော့မပေးတဲ့ တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။] [အပြိုင်ထိုးထွက်နေတဲ့ နံရံနှစ်ခုအနက်် တစ်ခုက တိမ်ထူသော ကောင်းကင်ပြာသို့ ဦးတည်နေတဲ့ တံခါးဆီ တက်သွားပုံက တီထွင်မှုအသစ်တွေကို ဖန်တီးပေးတဲ့ အလျှော့မပေးတဲ့ တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။]

[ကျွန်ုပ်တို့သည် အခြားသူများတွေ့မြင်ခြင်းမရှိသော အဆုံးမဲ့ အလားအလာများကို တွေ့မြင်ပါသည်]

[ကျွန်ုပ်တို့သည် ရှုံးနိမ့်မှုများကို လေ့လာသင်ယူကာ ရှင်သန်နိုင်သည့် အခွင့်အရေးများအဖြစ်သို့ ပြောင်းလဲပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တိုင်အတွက်သာမက လူသားများအားလုံးကို အမှန်တကယ်တိုးတက်လာအောင် ကူညီပေးရန် ရှေ့တိုးဆောင်ရွက်နေပါသည်။]

[အနီရောင်းပြေးလမ်းပေါ်မှာ ရှိတဲ့ တန်းများက တခြားလူတွေ မမြင်တဲ့ အဆုံးမဲ့ အလားအလာကို မြင်တဲ့ အလျှော့မပေးသော တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။] [အနီရောင်းပြေးလမ်းပေါ်မှာ ရှိတဲ့ တန်းများက တခြားလူတွေ မမြင်တဲ့ အဆုံးမဲ့ အလားအလာကို မြင်တဲ့ အလျှော့မပေးသော တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။]

[ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ရှင်သန်မှုဘဝများတွင် အရာထင်အောင်လုပ်ဆောင်ပါသည်]

[လူတိုင်းအတွက် ပိုမိုကောင်းမွန်သောနေရာကို ဖန်တီးပေးခြင်းသည် ၎င်းတို့၏နေ့စဉ်ဘဝများတွင် စိတ်တက်ကြွကြည်နူးစရာကောင်းသော နည်းလမ်းများဖြင့် လူများအပေါ် သက်ရောက်စေခြင်းကို ဆိုလိုသည်ဟု ယုံကြည်ပါသည်။]

[စင်ပေါ် တင်ထားတဲ့ အစိမ်းရောင် အိုးများက နေ့စဉ်ဘဝတွေကို အကျိုးဖြစ်စေတဲ့ မလျှော့တမ်း တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။] [စင်ပေါ် တင်ထားတဲ့ အစိမ်းရောင် အိုးများက နေ့စဉ်ဘဝတွေကို အကျိုးဖြစ်စေတဲ့ မလျှော့တမ်း တီထွင်သူ စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။]

[ဖော်ပြချက်အနုပညာ]

[ကျွန်ုပ်တို့၏ ကိုယ့်ကိုယ်ကိုဖော်ညွှန်းသောပုံစံသည် ကျွန်ုပ်တို့မည်သူဖြစ်ကြောင်းကို အများကြီး ပြောပြပေးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေါ်လွင်ထင်ရှားမှု၊ စစ်မှန်မှု၊ ခေတ်ပြိုင်ဖြစ်မှု၊ နှင့် တက်ကြွမှုတို့ရှိခြင်းဖြင့် ကျွန်ုပ်တို့၏ အရေးအသားများနှင့် ဒီဇိုင်းများတွင် ကိုယ့်ကိုယ်ကို ဖော်ညွှန်းနိုင်သည့်နည်းလမ်းများကို အစဉ်အမြဲ ရှာဖွေပါသည်။]

[ပေါ်လွင်ထင်ရှားမှု]

[စိတ်ကြီးဝင်ခြင်းမျိုး မဟုတ်ပါ။ ကျွန်ုပ်တို့သည် အတွေးအမြင်ကို လှုံ့ဆော်ရန်၊ ဖြစ်နိုင်ခြေအသစ်များ ပေါ်ထွက်လာစေရန်၊ နှင့် လူများအနေဖြင့် ပြိုင်ဘက်ကင်းစွာ ပိုမိုလုပ်ဆောင်နိုင်အောင် အားပေးရန် အသစ်အသစ်သော သို့မဟုတ် သမားရိုးကျမဟုတ်သော အကြံဉာဏ်များကို မျှဝေရန် ရှက်ရွံ့ခြင်းမရှိပါ။]

[ဂေါ်လီလုံးငယ်အကြည်လေးနဲ့အတူ တင်ထားတဲ့ အမည်းရောင် ထောင့်မှန်စတုဂံ အရာဝတ္ထုနှစ်ခုက Sáms~úñg အမှတ်တံဆိပ်ရဲ့ "ပေါ်လွင်ထင်ရှားမှု" အရည်အသွေးကို ကိုယ်စားပြုပါတယ်။] [ဂေါ်လီလုံးငယ်အကြည်လေးနဲ့အတူ တင်ထားတဲ့ အမည်းရောင် ထောင့်မှန်စတုဂံ အရာဝတ္ထုနှစ်ခုက Sáms~úñg အမှတ်တံဆိပ်ရဲ့ "ပေါ်လွင်ထင်ရှားမှု" အရည်အသွေးကို ကိုယ်စားပြုပါတယ်။]

[စစ်မှန်မှု]

[အလွန်အမင်း ပေါ်လွင်စေခြင်း သို့မဟုတ် ဖော်ညွှန်းခြင်းမျိုး လုံးဝမပြုလုပ်ပါ၊ ကျွန်ုပ်တို့သည် စစ်မှန်ကာ ချိတ်ဆက်ပါဝင်နေသည့် ဆက်နွယ်မှုများဖြစ်သော တကယ့်ဘဝ အခိုက်အတန့်များ၏ အပြစ်အနာအဆာများနှင့် လှပမှုတို့ကို လက်ခံယုံကြည်ပါသည်။]

[အရောင်နုဖြင့် ပတ္တူစပေါ်မှာ ပုံဆွဲနေတဲ့ အမျိုးသမီးက Sáms~úñg အမှတ်တံဆိပ်ရဲ့ "စစ်မှန်မှု“ အရည်အသွေးကို ကိုယ်စားပြုပါတယ်။] [အရောင်နုဖြင့် ပတ္တူစပေါ်မှာ ပုံဆွဲနေတဲ့ အမျိုးသမီးက Sáms~úñg အမှတ်တံဆိပ်ရဲ့ "စစ်မှန်မှု“ အရည်အသွေးကို ကိုယ်စားပြုပါတယ်။]

[ခေတ်ပြိုင်]

[ကျွန်ုပ်တို့သည် တစ်ချိန်တည်းတွင် အခိုက်အတန့်၌ ရှင်သန်နေထိုင်ကာ ကမ္ဘာကြီးကို တိုးတက်လာအောင် တွန်းအားပေးရန် အစဉ်အမြဲ ဆင့်ကဲပြောင်းလဲလျှက်ရှိပါသည်။ ကျွန်ုပ်တို့သည် နေထိုင်မှုပုံစံအသစ်များကို ကြိုးစားကြည့်ရန်အတွက် အဆက်အစပ်ရှိအောင်နေကာ စေ့ဆော်နိုင်သူများဖြစ်လာရန် ပွင့်ပွင့်လင်းလင်းနှင့် သိချင်စိတ်ပြင်းပြစွာ နေထိုင်ပါသည်။]

[စိုလွင်သော အရောင် ဆေးသားတွေနဲ့ အုပ်ထားတဲ့ နေကာမျက်မှန် တစ်လက်က Sáms~úñg အမှတ်တံဆိပ်ရဲ့ “ခေတ်ပေါ်” ကို ကိုယ်စားပြုပါတယ်။] [စိုလွင်သော အရောင် ဆေးသားတွေနဲ့ အုပ်ထားတဲ့ နေကာမျက်မှန် တစ်လက်က Sáms~úñg အမှတ်တံဆိပ်ရဲ့ “ခေတ်ပေါ်” ကို ကိုယ်စားပြုပါတယ်။]

[မြူးကြွမှု]

[ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဇာတ်ကြောင်းများနှင့် အတွေ့အကြုံများမှတစ်ဆင့် ဟာသဉာဏ်၊ နွေးထွေးမှု၊ နှင့် လူသားဆန်မှုတို့ကို ဆောင်ကြဉ်းပါသည်။ ကျွန်ုပ်တို့သည် မျှော်လင့်မထားသော နည်းလမ်းများဖြင့် လူများကို စိတ်ဝင်တစား စိတ်အားတက်ကြွအောင် လုပ်ဆောင်ပေးရန် ရှိနေပါသည်။]

[တောက်ပမှုနည်းပြီး စိုလွင်တဲ့ အဝါနဲ့ ပန်းရောင်ဆေးရောင်တွေက Sáms~úñg အမှတ်တံဆိပ်ရဲ့ "ပျော်စေမှု“ အရည်အသွေးကို ကိုယ်စားပြုပါတယ်။] [တောက်ပမှုနည်းပြီး စိုလွင်တဲ့ အဝါနဲ့ ပန်းရောင်ဆေးရောင်တွေက Sáms~úñg အမှတ်တံဆိပ်ရဲ့ "ပျော်စေမှု“ အရည်အသွေးကို ကိုယ်စားပြုပါတယ်။]