[Sáms~úñg g~lóbá~l góá~ls]
[၂၀၃၀ ခုနှစ်ကို ရည်မှန်း၍ ကမ္ဘာကြီးကို အတူတကွ ပြောင်းလဲရေး]
[၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များသည် ၂၀၃၀ ခုနှစ်ကို ရည်မှန်း၍ ကမ္ဘာကြီးကို ထိရောက်စွာ ပြောင်းလဲရန် ကတိပြုခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များအဖြစ် သိကြသည့် ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ငတ်မွတ်မှုကို အဆုံးသတ်ရေး၊ မညီမျှမှုကို တိုက်ဖျက်ရေးနှင့် ကမ္ဘာကြီးကို သန့်စင်စေရေးတို့အတွက် စီမံကိန်းတစ်ခု ဖြစ်ပါသည်။
Sáms~úñg သည် ယခု လှုပ်ရှားမှုနှင့် လက်တွဲလုပ်ဆောင်နေပြီး ခြားနားမှုတစ်ခုကို ဖော်ဆောင်ရာတွင် သင်ပါဝင်ရန် ကျွန်ုပ်တို့ လိုလားပါသည်။]
[* ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် မိတ်ဖက်ပြုခြင်း။]
[CÓVÍ~D-19 တိုကျဖကျြ
ရေးမှာ ပါဝင်လိုက်ပါ]
[ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါက ကျွန်တော်တို့ တစ်သက်တာမှာ အဆိုးရွားဆုံးသော ကမ္ဘာ့ကျန်းမာရေးကပ်ဘေး ဖြစ်ပါတယ်၊ သို့ပေမယ့် Sáms~úñg မှာတော့ နည်းပညာက ဒီလိုအခက်အခဲကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ C~ÓVÍD~-19 အန္တရာယ်နဲ့ သက်ရောက်မှုတွေကို ဖြေရှင်းဖို့ လုပ်ကိုင်နေကြသူတွေရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ ရင်းမြစ်တွေကို ဆက်လက် အသုံးပြုသွားမှာပါ။ ဒါ့အပြင် Glób~ál Gó~áls အက်ပ်နဲ့ဆို ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ C~ÓVÍD~-19 သွေးစည်းညီညွတ်ရေးဆိုင်ရာ ဖြေရှင်းရေး ရန်ပုံငွေမှာ ယခု လှူဒါန်းနိုင်ပါတယ်။]
[အက်ပ်တစ်ခု၏ အဓိပ္ပာယ်ရှိသော သက်ရောက်မှု]
[Sáms~úñg G~lóbá~l Góá~ls အက်ပ်သည် တောက်ပသော အနာဂတ်တစ်ခု တည်ဆောက်ရာတွင် လူတိုင်းပါဝင်စေရန် တိုက်တွန်းအားပေးပါသည်။ ရည်မှန်းချက် ၁၇ ချက်မှ တစ်ခုချင်းအကြောင်းနှင့် ၎င်းတို့သည် ကမ္ဘာတဝှမ်းရှိ ရပ်ရွာလူထုအပေါ် အကျိုးသက်ရောက်ပုံတို့ကို လေ့လာပါ။ သင် မြင်တွေ့ရသော အက်ပ်အတွင်းရှိ ကြော်ငြာတစ်ခုချင်းစီသည် သင်ရွေးချယ်သော ရည်မှန်းချက်အတွက် ရန်ပုံငွေ မြှင့်တင်ပေးပါသည်။ ပိုမိုကောင်းမွန်ပြီး ရေရှည်တည့်တံ့ ခိုင်မြဲသော ကမ္ဘာကြီးကို ကျွန်ုပ်တို့ အတူတကွ ပြုလုပ်နိုင်ပါသည်။]
[ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ အချက်အလက်များနှင့် တိုးတက်မှုများကို မပြတ်သိရှိနေပါ]
[အထူး အရေးကိစ္စများကို ထောက်ပံ့ပါ]
[သန့်ရှင်းသော ရေ၊ လက်လမ်းမီသော ပညာရေး(သို့မဟုတ်)ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း စသဖြင့် မည်သည့်အရာပင်ဖြစ်စေ သင်ယုံကြည်သော အရေးကိစ္စတွင် ရည်တည်ကာကွယ်သူ ဖြစ်စေရန် ကျွနု်ပ်တို့ လိုလားပါသည်။ ရန်ပုံငွေ ပေးပို့သည့် အကြိမ်တိုင်းတွင် သင့်လှုဒါန်းမှု ရောက်ရှိစေလိုသည့် ရည်မှန်းချက်ကို ရွေးချယ်ပါ။ သင့် ကူညီထောက်ပံ့မှုသည် အဆိုပါ ရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် ကူညီပေးပါမည်။ ထို့နောက် အက်ပ်သည် သင့် အကူအညီကြောင့် အကျိုးအမြတ်ဖြစ်ထွန်းခဲ့သော စီမံကိန်းများအကြောင်း မပြတ်ဖော်ပြပေးသွားပါမည်။]
[ကြော်ငြာများ ကြည့်ရှုပြီး ရယူမည်]
[Sáms~úñg G~lóbá~l Góá~ls အက်ပ်သည် ကြော်ငြာမှ ရငွေများကို သင့်ကို ပေးပါသည်။ သင် ကြည့်သမျှ ကြော်ငြာများအတွက် လှူဒါန်းရန် ငွေ ရရှိမည်ဖြစ်သည်။]
[ရရှိငွေများကို စုဆောင်းထားမည်]
[ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များအတွက် လှူဒါန်းငွေ ရရှိရန်အတွက် အက်ပ်နှင့် ၎င်း၏ လုပ်ဆောင်ချက်များကို လေ့လာကြည့်ရှုပါ။ ဒတ်ရှ်ဘုတ်သည် သင် မည်မျှစုဆောင်းပြီးသည်ကို ပြပေးသည်။]
[ရည်မှန်းချက်တစ်ခုသို့ လှုဒါန်းပါ]
[သင် လှူဒါန်းသည့် အကြိမ်တိုင်းတွင် မည်သည်အတွက် လှူဒါန်းမည်ကို သင်ရွေးချယ်ရသည်။ အကြိမ်တိုင်းတွင် မတူညီသော ရည်မှန်းချက်ကို ရွေးပါ(သို့မဟုတ်)သင့်စိတ်ကြိုက်ကို မပြတ်ထောက်ပံ့ပါ။]
[Sáms~úñg P~áý နဲ့ သင့်
ရည်မှန်းချက်တွေကို
အရှိန်မြှင့်လိုက်ပါ]
[အက်ပ်တွင်း ကြော်ငြာတွေကို ကြည့်ခြင်းဖြင့် သင်ရွေးချယ်တဲ့ ရည်မှန်းချက်တိုင်းအတွက် လှူဒါန်းနိုင်မယ့် ရန်ပုံငွေတွေကို မတည်နိုင်ပါတယ်။ ဒါပေမယ့် ငွေစုပေါင်းလာဖို့တော့ သင်စောင့်ဆိုင်းဖို့ မလိုပါဘူး။ Sáms~úñg P~áý ဒါမှမဟုတ် Gó~óglé~ Páý သုံးပြီး တိုက်ရိုက် ငွေလှူဒါန်းကာ သင့်ရည်မှန်းချက် လမ်းကြောင်းသို့ စချီတက်လိုက်ပါ။ G~lóbá~l Góá~ls အက်ပ်အသစ်ကို သင်ထည့်ထားလျှင်ပင် သင့်ရဲ့ ယခင် လှူဒါန်းမှုတွေကို ကြည့်ဖို့ သင့် Sá~msúñ~g Ácc~óúñt~ သို့ အလွယ်လေး ဝင်ရောက်လိုက်ပါ။]
[သင့် သက်ရောက်မှုကို
Sáms~úñg က ၂ ဆမြှ
င့်တင်ပေးသည်]
[ကမ္ဘာ့အရေးတွင် တက်ကြွပါဝင်သူ နိုင်ငံသားအနေဖြင့် Sáms~úñg ရှိ ကျွန်ုပ်တို့သည် ကြော်ငြာများကို ကြည့်ရှုခြင်းမှ သင့်လှူဒါန်းမှုနှင့် ထပ်တူပြုရန် ယခုအခါ ဂုဏ်ယူစွာ လုပ်ဆောင်ပါသည်။ တိုးတက်မှုဆီသို့ လမ်းရှိ အဟန့်အတားများကို တိုက်ဖျက်မည့် ဖန်တီးဆန်းသစ်မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များနှင့် တသားတည်းဖြစ်သော တန်ဖိုးများကို ဖန်တီးရန် အတူတကွ လုပ်ဆောင်ကြပါစို့။ အနာဂတ်က သိပ်မဝေးပါဘူး၊ ဒါကြောင့် ဒီနေ့ပဲ လှူဒါန်းလိုက်ပါ။]
[သင့် သော့ခတ်မျ
က်နှာပြင်ကို
ကြွရွနေအောင် လုပ်ပါ]
[သင့်ဖုန်း မျက်နှာပြင်ကို ပြောင်းလဲမှုအတွက် ဘေလ်ဘုတ်အဖြစ် လုပ်ပါ။ သော့ခတ် မျက်နှာပြင် လုပ်ဆောင်ချက်ကို ဖွင့်ပါ၊ သင့် ဖုန်းကို ကိုင်လိုက်သည့် အချိန်တိုင်းတွင် Glób~ál Gó~áls အက်ပ်သည် သမိုင်းထဲမှ ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များ၏ စာသားအသစ်ကို ပြသပေးလိမ့်မည်။]
[ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ပါ]
[အရေးကိစ္စတစ်ခုကို ယနေ့မှ၍ ထောက်ပံ့ရန် အက်ပ်ကို ဒေါင်းလုဒ်လုပ်ပါ။]
- [* ပုံဖြင့်သရုပ်ဖော်ပြရန်အလို့ငှာ အသွင်တူဖန်တီးထားသော ကိရိယာနှင့် စခရင်ပုံများ။]
- [* ဝန်ဆောင်မှု ရရှိနိုင်စွမ်းသည် နိုင်ငံ/ဝန်ဆောင်မှု ပံ့ပိုးသူ/ဘာသာစကား/déví~cé မော်ဒယ်/ÓS~ ဗားရှင်းပေါ် မူတည်ပြီး ကွာခြားနိုင်သည်။]
- [* အသုံးပြုရသည့် မျက်နှာပြင်နှင့် အက်ပ်တွင်း ကြော်ငြာများသည် déví~cé အပေါ်မူတည်ပြီး ပြောင်းလဲနိုင်သည်(သို့မဟုတ်)ကွဲပြားနိုင်သည်။]