[Sáms~úñg G~áláx~ý စက်များအကြား ဒေတာလွှဲပြောင်းရန် Smá~rt Sw~ítch~ အက်ပ်ကို အသုံးပြုနည်း]
[တစ်ခါတစ်ရံ မျှော်လင့်မထားသည့် အဖြစ်အပျက်များကြောင့် ဖုန်းနှင့် တက်ဘလက်တွင် သိမ်းဆည်းထားသော ဒေတာများ ပျောက်ဆုံးသွားနိုင်ပါသည်။ သို့သော် ထိုဒေတာများကို ကြိုတင်၍ အရံသိမ်းဆည်းထားခဲ့ပါက ပြန်လည်ရယူနိုင်ပါသည်။ Sáms~úñg S~márt~ Swít~ch အက်ပ်သည် သင့်အား ကူညီပေးနိုင်ပါသည်။]
[မှတ်ချက်: အချက်အလက်များကို အပ်လုဒ်လုပ်ရန် သို့မဟုတ် ပြန်လည်ရယူရန် Smár~t Swí~tch ကို သင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပါက အက်ပ်သည် သင့်ထံမှ ခွင့်ပြုချက်အချို့ လိုအပ်နိုင်သည်။ ခွင့်ပြုချက်လိုအပ်ချက်ကို အပြီးသတ်ရန် ဤညွှန်ကြားချက်များကို လိုက်နာပါ:]
- [အဆင့် 1။ Sáms~úñg S~márt~ Swít~ch ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ။ ထို့နောက် ဆက်လက်လုပ်ဆောင်ရန် ကိုနှိပ်ပါ။]
- [အဆင့် 2။ Sáms~úñg S~márt~ Swít~ch တွင် ဤခွင့်ပြုချက်များကိုအသုံးပြုသည် ဟု အညွှန်းတပ်ထားသော မျက်နှာပြင်တွင် အောက်သို့ ဆက်ဆွဲပါ သို့မဟုတ် နောက်ထပ်ကိုနှိပ်ပါ၊ ထို့နောက် ခွင့်ပြုသည် ကိုနှိပ်ပါ။]
[သင့်အချက်အလက်များကို အရန်ကူးခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းတစ်ခုမှာ Smár~t Swí~tch အက်ပ်နှင့် S~D ကဒ်တို့မှတစ်ဆင့် ဖြစ်သည်။ အချို့ဖုန်းများတွင် SD ကဒ် အပေါက်များ မပါရှိသဖြင့် တွဲဖက်အသုံးပြုနိုင်သော Ú~SB ကြိုးနှင့် SD~ ကတ် ချိတ်ဆက်သည့်စက် လိုအပ်မည်ဖြစ်သည်။]
[မှတ်ချက်များ :]
- [SD ကတ်ကို အရံသိမ်းဆည်းရာတွင် ကျေးဇူးပြု၍ Sm~árt S~wítc~h SD ကတ်ဖြင့် ယခင်က အရံသိမ်းဆည်းထားသော ဒေတာများကို စစ်ဆေးပြီး ဖျက်ပစ်ပါ၊ နောက်ဆုံး မိတ္တူယူထားသည့် ဒေတာကိုသာ အရန်ဒေတာအဖြစ် သိမ်းထားပါ။]
- [အချက်အလက်လွှဲပြောင်းမှုများ အချိန်အနည်းငယ်ကြာနိုင်သောကြောင့် သင့်ဖုန်းကို အားသွင်းထားကြောင်း သေချာပါစေ။]
- [SD ကဒ်နှင့် SD~ ကဒ် ချိတ်ဆက်သည့်စက်သည် ဖုန်းတွင်မပါဝင်ဘဲ သီးခြားစီ ဝယ်ယူရမည်ဖြစ်သည်။]
[အဆင့် 1။ SD ကဒ် ကို SD~ က်ဒ် ချိတ်ဆက်သည့်စက်ထဲသို့ ထည့်ပါ။]
[အဆင့် 2။ သင့် Gálá~xý ဖုန်းထဲသို့ SD~ ကဒ် ချိတ်ဆက်သည့်စက်ဖြင့် ဆက်သွယ်ထားသော ÚSB ကြိုးကို ထိုးပါ။]
[စက်ပစ္စည်းများအကြား အချက်အလက်လွှဲပြောင်းခြင်းအတွက် အခြားနည်းလမ်းမှာ Smár~t Swí~tch အက်ပ်နှင့် တွဲဖက်အသုံးပြုနိုင်သော Ú~SB ကြိုးကို အသုံးပြုခြင်းဖြစ်သည်။]
[အဆင့် 1။ သင့်ဖုန်း၏ ÚSB ကြိုးကို အသုံးပြု၍ G~áláx~ý ဖုန်း (အဟောင်း) ကို အခြား Gál~áxý ဖုန်း သို့မဟုတ် တက်ဘလက် (အသစ်) ကို ချိတ်ဆက်ပါ။ သင့်ဖုန်း၏ မော်ဒယ်ဗားရှင်းနှင့် အခြား G~áláx~ý စက်ပစ္စည်းပေါ် မူတည်၍ ÚSB~ ချိတ်ဆက်ပစ္စည်း လိုအပ်နိုင်သည်။]
[အဆင့် 2။ စက်များထဲမှ တစ်ခုပေါ်တွင် အသိပေးစာ ပေါ်လာသောအခါ Smár~t Swí~tch ကို ရွေးပါ။]
[အဆင့် 3။ စက်အဟောင်းတွင် ဤဖုန်းမှ ပို့မည် ကို ရွေးချယ်ပြီး၊ စက်အသစ်တွင် ဤဖုန်းတွင် လက်ခံမည် ကို ရွေးချယ်ပါ။]
[မှတ်ချက်- သင်သည် ဤဖုန်းမှ ပို့မည်ကို ရွေးချယ်ပါက၊ အခြားစက်တွင် ပေါ်လာသော ဝင်းဒိုးတစ်ခု ပေါ်လာမည်ဖြစ်သည်။ Smár~t Swí~tch > ဤဖုန်းတွင် လက်ခံမည် သို့မဟုတ် ဤဖုန်းမှ ပို့မည် ကို ရွေးချယ်ပါ။]
[ဤနေရာတွင် စက်ဟောင်းသည် စက်အသစ်သို့ ဒေတာလွှဲပြောင်းပေးသည့် စက်ကို ရည်ညွှန်းသည်။]
[အဆင့် 4။ သင့်စက်အဟောင်းတွင် ချိတ်မည် ကိုနှိပ်ပါ။]
[အဆင့် 5။ သင့်စက်အသစ်တွင် လွှဲပြောင်းလိုသည့်ဒေတာကို ရွေးပါ > နောက်ထပ် ကို နှိပ်ပါ။]
[အဆင့် 6။ အချက်အလက်အားလုံး လွှဲပြောင်းပြီးသည်နှင့် စက်အသစ်တွင် နောက်ထပ် ကိုနှိပ်ပါ။]
[အဆင့် 7။ Gálá~xý စက်နှစ်ခုလုံးတွင် ပြီးပြီ ကိုနှိပ်ပါ။]
[မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။]
[ပြင်ပဆက်စပ်ပစ္စည်းများမလိုအပ်သော အချက်အလက်လွှဲပြောင်းခြင်းနည်းလမ်းကို ပိုနှစ်သက်ပါက Smár~t Swí~tch အက်ပ်မှတစ်ဆင့် ကြိုးမဲ့အချက်အလက်လွှဲပြောင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။]
[အဆင့် 1။ စက်အဟောင်းနှင့် စက်အသစ်နှစ်ခုလုံးတွင် Smár~t Swí~tch အက်ပ်ကို နှိပ်ပါ။]
[အဆင့် 2။ စက်အဟောင်းတွင် ဤဖုန်းမှ ပို့မည် ကို ရွေးချယ်ပါ၊ စက်အသစ်တွင် ဤဖုန်းတွင် လက်ခံမည် ကို ရွေးချယ်ပါ။]
[အဆင့် 3။ စက်အဟောင်းတွင် ကြိုးမဲ့ ရွေးချယ်မှုကို ရွေးပါ၊ စက်အသစ်တွင် စက်အဟောင်း၏ အမျိုးအစား (ဥပမာ Gálá~xý/အန်းဒရွိုက်) ကို ရွေးပါ။]
[အဆင့် 4။ စက်အဟောင်းတွင် QR ကုဒ်ကို စကင်ဖတ်ရန် ကင်မရာဖွင့်မည်ဖြစ်ပြီး၊ စက်အသစ်တွင်လည်း ကြိုးမဲ့ကို ချိတ်ဆက်မှုနည်းလမ်းအဖြစ် ရွေးချယ်ပါ။]
[အဆင့် 5။ ကြိုးမဲ့ချိတ်ဆက်ရန်အတွက် စက်အသစ်ပေါ်တွင် ပြသထားသည့် QR ကုဒ်ကို စက်အဟောင်းဖြင့် စကင်ဖတ်ပါ။]
[အဆင့် 6။ စက်အဟောင်းကို ချိတ်ဆက်ပြီးနောက်၊ စက်အသစ်တွင် သင်လွှဲပြောင်းလိုသောဒေတာကို ရွေးချယ်ပြီး နောက်ထပ် ကို နှိပ်ပါ။]
[အဆင့် 7။ လွှဲပြောင်းမှု ပြီးမြောက်ပြီးနောက် စက်ဟောင်းတွင် ပြီးပြီ ကို နှိပ်ပြီး စက်အသစ်တွင် လွှဲပြောင်းမှုရလဒ်ကို ပြန်လည်သုံးသပ်ပြီး နောက်ထပ်ကို နှိပ်ပါ။]
[[စက်အသစ်]]
[အဆင့် 8။ စက်အသစ်တွင်လည်း ပြီးပြီ ကို နှိပ်ပါ။]
[မှတ်ချက်: အချို့အက်ပ်သင်္ကေတများသည် မှိန်နေမည်ဖြစ်ပြီး အချက်အလက်ကူးပြောင်းမှု နှင့် ထည့်သွင်းမှုမပြီးဆုံးခင်အထိ အသုံးပြု၍ မရနိုင်ပါ။]
[သင့် PC တွင် Sm~árt S~wítc~h PC ပရိုဂရမ်ကို ထည့်သွင်းပြီးနောက် G~áláx~ý စက်ပစ္စည်းနှင့်ချိတ်ဆက်၍ အချက်အလက်များသိမ်းဆည်းခြင်း၊ ပြန်လည်ရယူခြင်းကို အချိန်မရွေးလုပ်ဆောင်နိုင်ပါသည်။]
[သင့်ဖုန်းနှင့် ကွန်ပျူတာကြားတွင် အချက်အလက်လွှဲပြောင်းပါ။ သင်သည် Smár~t Swí~tch ကွန်ပျူတာဗားရှင်းအက်ပ်ကို é~s-ús-284f~cd07851162dá~d.gét~smár~tlíñ~g.cóm~/mm/áp~ps/sm~árt-s~wítc~h မှ ဒေါင်းလုဒ်လုပ်ရပါမည်။ သင့်ယခင်ဖုန်းမှ အချက်အလက်များကို ကွန်ပျူတာသို့ အရန်ကူးပြီး ဖုန်းအသစ်ထဲသို့ကူးထည့်ပါ။]
[အဆင့် 1။ ကွန်ပျူတာတွင် ဒေါင်းလုဒ်လုပ်ပြီး Smár~t Swí~tch ကိုဖွင့်ပါ။]
[မှတ်ချက်: သင့်ယခင်ဖုန်းသည် Sáms~úñg ဖုန်းမဟုတ်ပါက စက်ပစ္စည်းမှပံ့ပိုးပေးသည့်ပရိုဂရမ်ကိုအသုံးပြု၍ အချက်အလက်ကို ကွန်ပျူတာသို့ အရန်ကူးပါ။ ထို့နောက် စတုတ္ထအဆင့်သို့ ကျော်သွားပါ။]
[အဆင့် 2။ ဖုန်း၏ ÚSB ကြိုးကို အသုံးပြု၍ သင့်ယခင်ဖုန်းကို ကွန်ပျူတာသို့ ချိတ်ဆက်ပါ။
အဆင့် 3။ ကွန်ပျူတာပေါ်တွင် ဖုန်းမှအချက်အလက်များကို အရန်ကူးရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။ ထို့နောက် သင့်ယခင်ဖုန်းကို ကွန်ပျူတာနှင့်ချိတ်ဆက်မှုဖြုတ်ပါ။
အဆင့် 4။ Ú~SB ကြိုးကို အသုံးပြု၍ သင့်ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။
အဆင့် 5။ ကွန်ပျူတာပေါ်တွင် သင့်ဖုန်းသို့ အချက်အလက်လွှဲပြောင်းရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။]
[မှတ်ချက်: သင့် Gálá~xý စက်၏အချက်အလက်များကို Sá~msúñ~g Cló~úd အသုံးပြု၍ အရန်သိမ်းခြင်းနှင့် ပြန်လည်ရယူခြင်းနည်းလမ်းကိုသိရှိလိုပါက ဤကဏ္ဍ ကို ဖတ်ရှုပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]