[ရှေ့လှည့်အဝတ်လျှော်စက်၏ လျှော်ဖွပ်ခြင်းလုပ်ဆောင်ချက်များနှင့် အပိုင်းများကိုကြည့်ပါ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020]

[ပုံမှန်ထိန်းသိမ်းခြင်းဖြင့် ပြစ်ချက်ကင်းသည့် လုပ်ဆောင်မှုကို ရရှိစေမှာ သေချာပါသည်။ နောက်ထပ်လည်း သင့်လျှော်ဖွပ်စရာများကို ဘက်တီးရီးယားနှင့် အနံ့ဆိုးများ ကင်းဝေးစေပါသည်။ အဝတ်လျှော်စက်ကို ပိုပြီး သန့်ရှင်းကျန်းမာနေစေရန် အောက်ဖော်ပြပါလမ်းညွှန်ချက်များကို ဖတ်ရှုပါ။]

[သင့်အဝတ်လျှော်စက်ရှိ Drúm~ cléá~ñ လုပ်ဆောင်ချက်။]

[Sáms~úñg ရှေ့လှည့်အဝတ်လျှော်စက်များတွင် အဝတ်လျှော်ပုံးအတွင်းရှိ ဖုန်နှင့်ဘက်တီးရီးယားများကို သန့်ရှင်းပေးသည့် É~có Dr~úm Cl~éáñ နှင့် É~có Dr~úm Cl~éáñ+ ဟူသည့် ထိရောက်သည့် အဝတ်လျှော်ပုံးသန့်ရှင်းရေးလုပ်ဆောင်ချက်များပါဝင်သည်။ အဝတ်တစ်ခါလျှော်ပြီးတိုင်း သင့်အဝတ်လျှော်စက်ရှိ ထိန်းချုပ်နေရာတွင် မီးမှိတ်တုတ်မှိတ်တုတ်လင်းလာပြီး အဝတ်လျှော်ပုံးကို သန့်ရှင်းရန်အသိပေးပါလိမ့်မည်။]

[Écó d~rúm c~léáñ~ လုပ်ဆောင်ချက်အား အသုံးပြုခြင်း။]

[မှတ်ချက်။]

  • [သင့်တွင်ရှိသည့်မော်ဒယ်အလိုက် ထိန်းချုပ်နေရာပုံစံများ ကွဲလွဲနိုင်ပါသည်။]
  • [ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ပြသထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]

[ÉCÓ D~RÚM C~LÉÁÑ~ လုပ်ဆောင်ချက်သည် သင့်အဝတ်လျှော်စက်အား အလိုအလျှောက်သန့်ရှင်းပေးပြီး ​အဝတ်လျှော်ပုံးတွင် ကျန်နေနိုင်သည့် ဆပ်ပြာချွဲများကို ရှင်းထုတ်ပေးရန် ကူညီပေးပါလိမ့်မည်။ အတွင်းရှိဘက်တီးရီးယားများကိုဖယ်ရှားခြင်းဖြင့် သင့်အဝတ်လျှော်ပုံးကိုသန့်ရှင်းပေးရန်အတွက် ယခုလုပ်ဆောင်ချက်ကို မကြာခဏလုပ်ဆောင်ပေးရန် အကြံပြုထားပါသည်။ ယခုလုပ်ဆောင်ချက်တွင် ရေကို ၆၀ နှင့် ၇၀ ဒီဂရီ စင်တီဂရိတ်ကြားသို့ နွေးစေပြီး ရာဘာတံခါးပိတ်တွင်ရှိနေသည့် အညစ်အကြေးများကိုပါ ဖယ်ရှားပေးပါသည်။]

 

[အခြေခံအားဖြင့် Écó D~rúm C~léáñ~ စနစ်ကိုအသုံးပြုပါက ဆပ်ပြာမပါဘဲ သင့်အဝတ်လျှော်ပုံးကို သန့်ရှင်းနိုင်ပါသည်။]

[Écó D~rúm C~léáñ~ လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ။]

[အဆင့် ၁။ ပါဝါခလုတ်ကိုနှိပ်ပါ။
]

[အဆင့် ၂။ အချက်ပြနေရာပေါ်ရှိ ÉCÓ D~RÚM C~LÉÁÑ~ ကိုရွေးချယ်ပေးပါ။
]

[အဆင့် ၃။ အဖုံးကိုပိတ်၍ Stár~t/Páú~sé ခလုတ်ကိုနှိပ်ပါ။
]

[မှတ်ချက်။ ÉCÓ D~RÚM C~LÉÁÑ~ နှင့် ÉCÓ D~RÚM C~LÉÁÑ~+ ကိုသုံးသည့်အချိန်တွင် သာမန်အဝတ်လျှော်ဆပ်ပြာကို အသုံးမပြုပါနှင့်။
]

[ÉCÓ D~RÚM C~LÉÁÑ~+ လုပ်ဆောင်ချက်သည်လည်း သင့်အဝတ်လျှော်စက်၏စွမ်းဆောင်ရည်ကိုတိုးတက်စေပြီး မလိုအပ်သည့်ပြင်ဆင်ရမှုများကို လျှော့ချပေးသည့်အပြင် ÉCÓ D~RÚM C~LÉÁÑ~ ကဲ့သို့ ကုန်ပစ္စည်း၏ သက်တမ်းကိုကြာရှည်စေပါသည်။ အဝတ်လျှော်ပုံးကိုလည်း ဆပ်ပြာမပါဘဲ သန့်ရှင်းပေးနိုင်ပါသည်။]

 

[ÉCÓ D~RÚM C~LÉÁÑ~+ သည် အကြိမ်ရေ ၄၀ လျှော်ဖွပ်ပြီးတိုင်း ထိန်းချုပ်နေရာတွင် မီးမှိတ်တုတ်မှိတ်တုတ်ဖြင့် အသိပေးပါလိမ့်မည်။ ( ÉCÓ D~RÚM C~LÉÁÑ~+ ကို ပုံမှန်ဆောင်ရွက်ပေးရန်လည်း အကြံပြုနိုင်ပါသည်။ အချက်ပေးသံမြည်လာပါက အကျိုးအပဲ့ဇကာကိုလည်း သန့်ရှင်းပေးပါ။)]

[ÉCÓ D~RÚM C~LÉÁÑ~+ ကို အသုံးပြုနည်း။]

[အဆင့် ၁။ အဝတ်လျှော်စက်ကိုဖွင့်ရန် ပါဝါခလုတ်ကိုနှိပ်ပါ။
]

[အဆင့် ၂။ ရွေးချယ်သည့်ပစ္စည်းကိုလှည့်ပြီး ÉCÓ D~RÚM C~LÉÁÑ~+ ကိုရွေးချယ်ပေးပါ။
]

[အဆင့် ၃။ Stár~t/Páú~sé ခလုတ်ကိုနှိပ်၍ဖိထားပါ။ (စတင်ရန် ဖိနှိပ်ထားပါ)
]

[ÉCÓ D~RÚM C~LÉÁÑ~ Plús~ လုပ်ဆောင်ချက်အား အသုံးပြုနေပုံ။]

[မှတ်ချက်။]

  • [ထိန်းချုပ်နေရာ၏ ပြင်ပပုံစံမှာ သင့်မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။]
  • [ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]

[အသိပေးချက်များ]

  • [အဝတ်လျှော်ပုံးအား ÉCÓ D~RÚM C~LÉÁÑ~ လုပ်ဆောင်သည့်အခါ ဆပ်ပြာမပါဝင်ဘဲ သန့်ရှင်းနိုင်ပါသည်။ (ÉCÓ D~RÚM C~LÉÁÑ~ နှင့် ÉCÓ D~RÚM C~LÉÁÑ~+ လုပ်ဆောင်ချက်အတွက် သာမန်ဆပ်ပြာကို အသုံးမပြုပါနှင့်)]
  • [အဝတ်လျှော်ပုံးအတွင်းကျန်ခဲ့သည့် ဓာတုဓာတ်ကြွင်းများသည် အဝတ်လျှော်မှု သို့မဟုတ် အဝတ်လျှော်စက်၏ အဝတ်လျှော်ပုံးအား ထိခိုက်စေနိုင်ပါသည်။]
  • [လျှော်စရာအဝတ်များ အဝတ်လျှော်စက်ထဲတွင်ရှိနေစဉ် ÉCÓ D~RÚM C~LÉÁÑ~+ ကို ဘယ်တော့မှအသုံးမပြုပါနှင့်။ အဝတ်များကို ပျက်စီးစေနိုင်ခြင်း သို့မဟုတ် အဝတ်လျှော်စက်တွင် ပြဿနာဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။]

[ÉCÓ D~RÚM C~LÉÁÑ~+ အချက်ပြစနစ်အကြောင်း။]

  • [မော်ဒယ်အလိုက် ÉCÓ D~RÚM C~LÉÁÑ~+ အချက်ပြစနစ်သည် အမှတ်အသား သို့မဟုတ် LÉD မီးဖြစ်နိုင်ပါသည်။]
  • [အမှတ်အသားများအတွက် မီးရောင်သည် ထိန်းချုပ်နေရာတွင် လင်းလာပါမည်။]
  • [LÉD မီးများတွင် É~CÓ DR~ÚM CL~ÉÁÑ+ သို့မဟုတ် ထိန်းချုပ်နေရာ၏ ရွေးစရာနေရာဘေးတွင် မီးလင်းလာမည်ဖြစ်ပါသည်။]
  • [ÉCÓ D~RÚM C~LÉÁÑ~+ အချက်ပြမီးသည် အကြိမ် ၄၀ လျှော်ဖွပ်ပြီးတိုင်း ထိန်းချုပ်နေရာပေါ်တွင် မီးလင်းလာမည်ဖြစ်သည်။ ÉCÓ D~RÚM C~LÉÁÑ~+ ကို ပုံမှန်ဆောင်ရွက်ပေးရန်လည်း အကြံပြုနိုင်ပါသည်။] 
  • [ပထမဆုံး အချက်ပြမီးလင်းလာသည်ကိုမြင်သည့်အခါတွင် အချက်ပြမီးအား ၆ကြိမ်ဆက်တိုက် လျှော်ဖွပ်ပြီးသည်အထိ လျစ်လျူရှုထားနိုင်ပါသည်။ ၇ ကြိမ်မြောက်လျှော်ဖွပ်ရာမှစ၍ အချက်ပြမီးလင်းတော့မည်မဟုတ်ဘဲ အကြိမ်ရေ ၄၀ လျှော်ဖွပ်ပြီးမှ ပြန်လင်းလာမည်ဖြစ်သည်။]
  • [နောက်ဆုံးလုပ်ဆောင်ချက်ပြီးဆုံးသည့်တိုင်အောင် အချက်ပြမှု ကျန်ခဲ့မည်မဟုတ်ပါ။]
  • [ပါဝါခလုတ်ကိုနှိပ်ခြင်းဖြင့် ÉCÓ D~RÚM C~LÉÁÑ~+ လုပ်ဆောင်ထားသည့် အရေအတွက်ကို မှတ်ထားနိုင်ပါသည်။ အဝတ်လျှော်စက် ရပ်ခြင်း ပိတ်သွားခြင်းတို့ဖြစ်မည်မဟုတ်ဘဲ လုပ်ဆောင်ထားသည့်အကြိမ်ရေကို မှတ်ထားပေးမည်ဖြစ်ပါသည်။]
  • [သုညဆိုလျှင်တောင် ပျောက်သွားမည်မဟုတ်ဘဲ စက်သည်ပုံမှန်လည်ပတ်မည်ဖြစ်ပါသည်။]
  • [သန့်ရှင်းမှုရှိစေရန်အတွက် လုပ်ဆောင်ချက်ကို ပုံမှန်လုပ်ဆောင်ပေးရန် အကြံပြုပါသည်။]

[သင့်အဝတ်လျှော်စက်အတွင်းရှိ သန့်စင်ပေးရမည့်အစိတ်အပိုင်းများကို ကြည့်ပါ။]

[ရှေ့လည့်အဝတ်လျှော်စက်ပုံ။]

[မှတ်ချက်။ မော်ဒယ်အလိုက် အဝတ်လျှော်စက်၏ပြင်ပဒီဇိုင်းများ ကွဲပြားနိုင်ပါသည်။
]

[အဝတ်လျှော်စက်အ၀ရှိ ရာဘာကွပ်ထားသည့် တံခါးပိတ်ကိုလည်း စစ်ဆေးသင့်ပါသည်။ ရာဘာပိတ်တွင် ရေကျန်ခဲ့ခြင်းကြောင့် အချွဲများဖြစ်လာမှု အများအပြားရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ရာဘာပိတ်ကို ဘရက်ရှိနုနု နှင့် မီးဖိုချောင်အဝတ်စဖြင့် သန့်ရှင်းပြီးသည့်အခါ ရေခြောက်သည်အထိ အတွင်းတံခါးကိုဖွင့်ထားပေးသင့်ပါသည်။]

  • [အဝတ်လျှော်စက်တံခါးကိုဖွင့်ပြီး အဝတ်လျှော်စက်အတွင်းရှိ ပစ္စည်းနှင့်အဝတ်များကိုဖယ်ထုတ်ပါ။]
  • [ပေနေနိုင်သည့်နေရာများအတွက် တံခါးနှင့် အဝတ်လျှော်ပုံးကြားရှိ မီးခိုးရောင်တံခါးပိတ်ကိုစစ်ဆေးပါ။]
  • [တံခါးပိတ်အောက်ရှိ နေရာအားလုံးနှင့် ပြင်ပပစ္စည်းများရှိမရှိစစ်ဆေးရန် တံခါးပိတ်ကို နောက်သို့ဆွဲကြည့်ပါ။]
  • [တံခါးပိတ်နေရာကို ဘရက်ရှ်နုနု ၊ မီးဖိုချောင်သုံးအဝတ် သို့မဟုတ် အဝတ်စုတ်ဖြင့် သုတ်ပစ်ပါ။]
  • [ဆပ်ပြာဖြင့်ဆေးရန်လိုအပ်ပါက ကလိုရင်းအရည်နှင့် ရေနွေးနွေးကိုရောပါ။]
  • [ရောထားသည့်အရည်ကို အဝတ်စုတ်ဖြင့်နှစ်၍ တံခါးပိတ်နေရာကို ဆေးကြောပါ။]
  • [တံခါးပိတ်နေရာကိုဆေးကြောပြီးပါက အဝတ်ခြောက်ဖြင့် သေချာစွာခြောက်အောင်သုတ်၍ အခြောက်ခံထားပါ။]
[အဝတ်လျှော်စက်၏ တံခါးပိတ်ကို သန့်ရှင်းခြင်း။]

[မှတ်ချက်။]

  • [ကြာရည်စွာဆေးကြောသည့်အခါ ရာဘာလက်အိတ်ကိုဝတ်၍ သေချာစွာအသုံးပြုရန်အတွက် အဝတ်လျှော်ဆပ်ပြာထုတ်သူမှ ညွှန်ကြားထားသည့်အတိုင်းလုပ်ဆောင်ပါ။]
  • [ကလိုရင်းဆပ်ပြာ သို့မဟုတ် အခြားဆပ်ပြာများဖြင့် တံခါးကိုဆေးကြောပါက တံခါးပိတ်ပုံစံ ပျက်ယွင်းနိုင်ပါသည်။]

[အဆင့် ၁။ အံခွက်အတွင်းရှိ ထုတ်မည့်ခလုတ်ကိုနှိမ့်၍ အံခွက်ကိုဘေးသို့ဆွဲထုတ်ပါ။
]

[အတွင်းအံကိုအောက်သို့နှိမ့်၍ ဖွင့်ခြင်း။]

[အဆင့် ၂။ အံခွက်အတွင်းရှိပစ္စည်းများကို ရေလောင်းချ၍ ဘရက်ရှ်နုနုဖြင့် ဆေးကြောပါ။
]

[အံခွက်အတွင်းရှိပစ္စည်းများအားဆေးကြောခြင်း။]

[အဆင့် ၃။ အံခွက်အတွင်းပိုင်းအား ဘရက်ရှ်နုနုဖြင့် ဆေးကြောပါ။
]

[အံခွက်အတွင်းပိုင်းအား သန့်ရှင်းနေပုံ။]

[အဆင့် ၄။ ဆပ်ပြာရည်ခွက်ကို ပြန်လည်တပ်ဆင်ပါ။ ပိတ်ရန်အတွက် အံခွက်ကို အထဲသို့တွန်းထည့်ပါ။
]

[ဆပ်ပြာခွက်ကို အံအတွင်းသို့ပြန်ထည့်နေပုံ။]

[မှတ်ချက်။]

  • [ဆပ်ပြာခွက်၏ ပြင်ပပုံစံမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။]
  • [ကျန်နေသည့် ဆပ်ပြာကိုဖယ်ထုတ်ရန် အဝတ်လျှော်ပုံးအလွတ်တွင် Ríñs~é+Spí~ñ ကိုလုပ်ဆောင်ပါ။]

[ရေထည့်သည့်အခါ သို့မဟုတ် ရေသွင်းသည့်ပြဿနာမျိုးမဖြစ်ရန် ရေပိုက်ရှိ အမှိုက်ဇကာကို တစ်နှစ်လျှင် နှစ်ကြိမ်သန့်ရှင်းပေးရန် အကြံပြုပါသည်။ အဝတ်လျှော်စက်တွင် ဇကာနှစ်မျိုးပါရှိပါသည်။ တစ်ခုမှာ ရေပိုက်အတွင်းတွင်ရှိပြီး နောက်တစ်ခုမှာ အဝတ်လျှော်စက်၏ အောက်ခြေတွင်ရှိပါသည်။]

[အဆင့် ၁။ ရေပိုက်ကိုဖြုတ်၍ အမှိုက်ဇကာကိုဆွဲထုတ်ပါ။
]

[ပိုက်ကိုဖြုတ်၍ အမှိုက်ဇကာကိုဆွဲထုတ်နေပုံ]

[အဆင့် ၂။ တစ်ဖက်တစ်ချက်ဆီကို ရေပိုက်အဆုံးမှ ညင်သာစွာဆွဲထုတ်ပါ။
]

[အမှိုက်ဇကာအား ရေပိုက်မှ ညင်သာစွာဆွဲထုတ်နေပုံ။]

[အဆင့် ၃။ ရေတွင်နှစ်၍ ဆေးကြောပါ။ အမှိုက်ဇကာဘေးရှိ ချိတ်ဆက်ပေးသည့်ပစ္စည်း၏ အတွင်းနှင့်အပြင်ကိုပါ သန့်စင်ပေးပါ။
]

[ဇကာကို ရေတွင်နှစ်၍ဆေးကြောနေပုံ။]

[အဆင့် ၄။ ဇကာကို နေရာတကျပြန်တွန်းထည့်ပေးပါ။
]

[ဇကာကိုတွန်းထည့်နေပုံ။]

[အဆင့် ၅။ ပိုက်ကို အဝတ်လျှော်စက်အတွင်းသို့ ပြန်လှည့်ထည့်ပေးပါ။
]

[ပိုက်အား ပြန်လှည့်နေပုံ]

[ပိတ်ဆို့ခြင်းမှကာကွယ်ရန် အကျိုးအပဲ့ဇကာကို တစ်နှစ်လျှင် ၅ ကြိမ် သို့မဟုတ် ၆ ကြိမ်ခန့်ဆေးကြောပေးရန် အကြံပြုပါသည်။]

[အဆင့် ၁။ အကျိုးအပဲ့ဇကာအဖုံးအား ဖွင့်ပါ။
]

[အကျိုးအပဲ့ဇကာအဖုံးအားဖွင့်နေပုံ]

[အဆင့် ၂။ အရေးပေါ်ရေထုတ်ပိုက်ရှိ ရေထုတ်ပလပ်ကိုဖြုတ်၍ ရေကို သင့်လျှော်သည့်နေရာသို့ ထုတ်ပစ်ပါ။
]

[ရေထုတ်ပလပ်ကိုဖြုတ်၍ ရေထုတ်နေပုံ။]

[အဆင့် ၃။ အရံရေထုတ်ပိုက်မှ ရေမဆင်းတော့ပါက အကျိုးအပဲ့ဇကာကို နာရီလက်တံပြောင်းပြန်လှည့်၍ ဆွဲထုတ်ပါ။
]

[ရေမဆင်းတော့သည့်နောက် အကျိုးအပဲ့ဇကာကို နာရီလက်တံပြောင်းပြန်လှည့်၍ ဖယ်ရှားနေပုံ။]

[အဆင့် ၄။ ဇကာကို ဘရက်ရှ်နုနုဖြင့် သန့်ရှင်းပါ။
]

[ဇကာကို ဘရက်ရှ်နုနုဖြင့် သန့်ရှင်းနေပုံ။]

[အဆင့် ၅။ ဇကာကို စစ်ဆေးသန့်ရှင်းပြီး အထဲသို့တွန်း၍ နာရီလက်တံအတိုင်း လုံတဲ့အထိထှည့်ပြီး ပြန်လည်တပ်ဆင်ပါ။ အရေးပေါ်ရေထုတ်ပိုက်ကိုပါ ပြန်လည်တပ်ဆင်၍ လုံအောင်ပိတ်ပါ။
]

[ဇကာအား အထဲသို့တွန်း၍ နာရီလက်တံအတိုင်း လုံတဲ့အထိထှည့်ပြီး ပြန်လည်တပ်ဆင်နေပုံ။]

[အဆင့် ၆။ အောက်ခြေရှိ ထည့်ရမည့် ပွင့်နေသည့်နေရာတွင် အဖုံးကိုပြန်ထည့်ပြီး တွန်းပါ သို့မဟုတ် အပေါ်ရောက်အောင်ခေါက်တင်ပါ။
]

[အဖုံးပြန်လည်တပ်ဆင်နေပုံ။]

[မှတ်ချက်။]

  • [အကျိုးအပဲ့ဇကာအဖုံးအား ကိုင်ရမည့်နေရာတွင် အကြွေစေ့ သို့မဟုတ် သော့ဖြင့်ထည့်၍ ညင်သာစွာဖွင့်နိုင်ပါသည်။]
  • [အဖုံးမဖွင့်မီ ကြမ်းပြင်မထိခိုက်မိစေရန် အောက်တွင် မျက်နှာသုတ်ပုဝါ သို့မဟုတ် ခြင်းတစ်ခုခံထားပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]