[လေအေးပေးစက်သုံးတဲ့အခါ သိသာလာတဲ့အပူချိန်ကို ဘယ်လိုလျှော့ချမလဲ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 27.09.2021]

[သင့်ရဲ့အခန်းအပူချိန်မြင့်တက်နေတယ်လို့ခံစားရပြီး လေအေးပေးစက်သည်အနိမ့်ဒီဂရီတွင်လည်ပတ်နေသော်လည်း လေကပိုပူလာသောအခါ 'အာရုံခံအပူချိန်' နဲ့ဆိုင်တဲ့ပြသနာရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံခံအပူချိန်ကဘာလဲ၊ ဘယ်လိုရှောင်ရှားမလဲဆိုတာ အောက်တွင် ဆက်လက်ဖတ်ရှုပါ။]

[လေထုအပူချိန်၊ ပတ်ဝန်းကျင်စိုထိုင်းဆနှင့် လေတိုက်နှုန်းတို့၏သက်ရောက်မှုများ]

[လေထုပူနွေးလာလျှင် ၎င်းသည်အစိုဓာတ်ကိုပိုမိုစုပ်ယူနိုင်သည်။ သင်၏အခန်း၌ အမှန်တကယ်အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်၊ ပတ်ဝန်းကျင်စိုထိုင်းဆ ၆၀ ရာခိုင်နှုန်းရှိသောနေ့၌ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာခံစားမှုအာရုံခံစားမှုသည် ၃၀ ဒီဂရီစင်တီဂရိတ် ရှိလိမ့်မည်။ စိုထိုင်းဆနှင့်အပူချိန်ပိုများလေလေ သာမိုမီတာပေါ်ရှိ အပူချိန်နှင့် သင်ခံစားရသည့်အပူများ ကွာခြားချက်ပိုများလေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်မြင့်မားသောအပူချိန်များနှင့်ပေါင်းစပ်လိုက်သောလေထု၏အစိုဓာတ်ပမာဏကြောင့်ဖြစ်သည်။]

[နိဂုံးချုပ်အနေနှင့် သင်ခံစားရသောအပူပြဿနာသည် အပူချိန်ကြောင့်သာမဟုတ်ဘဲ စိုထိုင်းဆလွန်ကဲခြင်းကြောင့်လည်းဖြစ်သည်။]

[လေအေးပေးစက်သုံးခြင်းဖြင့် လေထုစိုထိုင်းဆ (ဆိုလိုသည်မှာရေငွေ့) ကိုလျှော့ချရင်း အပူချိန်ကိုလျော့ကျစေနိုင်သည်။ သင်လိုချင်သောအပူချိန်ကိုသတ်မှတ်လိုက်သောအခါ သင်သည် ပိုမိုအေးသောပတ်ဝန်းကျင်ကို မကြာမီ ခံစားရတော့မည်ဖြစ်သည်။ သို့သော် သင်၏လေအေးပေးစက်သည် လေထုမှစိုထိုင်းဆများကိုဖယ်ရှားရန် အချိန်အနည်းငယ်လိုပေလိမ့်မည်။ ထို့အပြင် လေအေးပေးစက်သည် သင့်လျော်မှန်ကန်စွာအလုပ်လုပ်ရန် စစ်ဆေးဖို့လိုအပ်သောအရာအချို့ရှိသည်။ အောက်ပါအဓိကစစ်ဆေးချက်များကိုကြည့်ပါ။]

[sáms~úñg á~ír có~ñdít~íóñé~r]

[မှတ်ချက်။]

  • [လေအေးပေးစက်ပါဝါ မလုံလောက်မှုနှင့်ဆိုင်သောကိစ္စရပ်များတွင် မိမိကိုယ်တိုင် စစ်ဆေးရန် ဦး စွာအကြံပြုလိုပါသည်။]
  • [အဓိကလိုအပ်ချက်များကို စစ်ဆေးပြီးနောက် ပြဿနာများရှိနေသေးလျှင် ကျေးဇူးပြု၍ သင်၏အနီးဆုံး Sáms~úñg ၀န်ဆောင်မှုဌာနသို့ဆက်သွယ်ပါ။]

[အပူချိန်အာရုံခံကို လျှော့ချရန် စစ်ဆေးချက်များ]

[လေ၀င်လေထွက်ပေါက် အနည်းငယ်ဖန်တီးပြီး ပုံမှန်လေဝင်လေထွက်မှုပေးပါ။ ၎င်းသည် လေလှည့်ပတ်မှုကိုမြှင့်တင်ပေးပြီး သင်၏အိမ်ခန်းအတွင်း၌ စိုထိုင်းဆများမဖြစ်ပေါ်အောင်ကာကွယ်သည်။ ထို့အပြင် ပါဝါထောက်ပံ့မှုကိုစစ်ဆေးပြီး လေအေးပေးစက်သည် ဗို့အားနိမ့်သောပတ်ဝန်းကျင်တွင်မရှိကြောင်း သေချာအောင်စစ်ဆေးပါ။]

[chéc~klís~t fór~ rédú~cíñg~ thé s~éñsó~rý té~mpér~átúr~é óf á~ír có~ñdít~íóñé~r]

[အထူးသဖြင့်နွေရာသီတွင် လေအေးပေးစက်များကိုမကြာခဏသုံးသောအခါ ဓာတ်အားထောက်ပံ့ရေးပြဿနာများကြောင့် လျှပ်စစ်ပစ္စည်းများသည်ဗို့အားနိမ့်သောပတ်ဝန်းကျင်တွင်ရှိနိုင်တတ်သည်။]

[ဓာတ်အားထောက်ပံ့ရေးပြဿနာတစ်ခုတွင် လေအေးပေးစက်သည် လည်ပတ်မှုကြိမ်နှုန်းကိုလျှော့ချခြင်းဖြင့် အခန်းတွင်းရှိလေထုအပူချိန်ကိုမြင့်တက်စေသောကြောင့်အခန်းကပိုပူလာတယ်လို့ သင်ထင်လာပါလိမ့်မယ်။]

[ပါဝါထောက်ပံ့ပေးမှုတည်ငြိမ်ရန် သေချာပါစေ။ ဗို့အားအတက်အကျရှိ၊ မရှိစစ်ဆေးသင့်သည်။ တည်ငြိမ်သောပါဝါထောက်ပံ့မှုရရှိရန်လိုအပ်ပါက မီးအားထိန်းညှိစက် များကိုတပ်ဆင်နိုင်သည်။]

[ဗို့အားနိမ့်သောအခြေအနေများ]

  • [မကြာခဏဓာတ်အားပြတ်တောက်မှုဖြစ်သောအခါ]
  • [လေအေးပေးစက်ရဲ့ အိမ်အပြင်ဘက်ရှိ ပါဝါထောက်ပံ့မှုပြတ်တောက်သွားသောအခါ]
  • [မီးအားထိန်းညှိစက် (Stáb~ílíz~ér) ကိုမတပ်ဆင်ဘဲ လေအေးပေးစက်ကိုအသုံးပြုနေသောအခါ (St~ábíl~ízér~ ကိုမချိတ်ဆက်ထားလျှင် ဗို့အားနိမ့်သောအခြေအနေများတွင် အအေးပေးမှုကိုပိုမိုလျော့ကျစေလိမ့်မည်။ )]

[မှတ်ချက်။ ဗို့အားထိန်းစက်သည် လေအေးပေးစက်အား ဗို့အားအတက်အကျများမှကာကွယ်ပေးနိုင်ပါသည်။]

[စွမ်းအင်အသုံးပြုမှုများပြားလာခြင်းသည် ဓာတ်အားလိုင်းများကိုပိုလျှံစေပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်စေနိုင်ပါသည်။ ဓာတ်အားပြတ်တောက်မှုကြောင့် လေအေးပေးစက်၏ပါဝါထောက်ပံ့မှုကိုဖြတ်တောက်လိမ့်မည်။ ပါဝါပြန်ရသောအခါ လေအေးပေးစက်သည် ယခင်ဆက်တင်များအတိုင်း အလိုအလျောက် ပြန်လည်လုပ်ဆောင်လိမ့်မည်။]

  • [လေအေးပေးစက်သုံးနေစဉ် ဓာတ်အားပြတ်တောက်မှုကြောင့် ဗို့အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး အနည်းဆုံး ၃ မိနစ်ခန့်အကြာတွင် cómp~réss~ór ပြန်လည်လုပ်ဆောင်လိမ့်မည်။]
  • [ဤအခြေအနေအောက်တွင် íñdó~ór úñ~ít သည် ၃ မိနစ်ကြာလည်ပတ်လိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် có~mpré~ssór~ သည် ၃ မိနစ်အလုပ်လုပ်ပြီး အေးစက်သောလေထွက်လာလိမ့်မည်။]
  • [ပါဝါထောက်ပံ့မှုပြန်လည်ရရှိပြီးနောက် စက်သည်အလိုအလျောက်လည်ပတ်လိမ့်မည်။]
[áír c~óñdí~tíóñ~ér pó~wér c~út óf~f sít~úátí~óñ]

[မှတ်ချက်။ ဓာတ်အားပြတ်တောက်ပါက လျှပ်စစ်ဓာတ်အားပြန်လည်ရရှိချိန်တွင် ပါဝါပြန်လည်ရယူစဉ်ကာလအတွင်း မည်သည့်သက်ရောက်မှုအတွက်မဆို ကြိုတင်ပြင်ဆင်ရန်လျှပ်စစ်ပစ္စည်းများကို ပလပ်ပေါက်များမှဖြုတ်ထားပါ။]

[အခန်းအပူချိန်မြင့်ပြီး လေအေးပေးစက်မှထွက်လာသော လေအေးပေးစက်မှထွက်လေထုအပူချိန်သည် ၁၀ ဒီဂရီအောက်ကွဲပြားပါက လေအေးပေးစက်၏ပါဝါသည် အားနည်းနေသလို သင်ခံစားရနိုင်သည်။]

[စက်လည်ပတ်မှုနှင့်ပတ်သက်၍ ပြဿနာမရှိလျှင် သတ်မှတ်ထားသည့် ópér~átíó~ñ mód~é ကို ဦးစွာစစ်ဆေးပါ။ စက်သည် လေအားနည်းသောအခြေအနေတွင် လည်ပတ်နေပါက အအေးဓာတ်အားပျော့သွားလိမ့်မည်။]

[chéc~k thé~ rémó~té có~ñtró~l mód~é]

[အမြန်လမ်းညွှန်]

  •  [အပူချိန်ကိုလျှော့ထားပါ။]
  • [Túrb~ó Mód~é ကိုသတ်မှတ်ပါ။ (အများဆုံးလည်ပတ်ချိန် မိနစ် ၃၀)]
  • [လေပမာဏ (ပြင်းအား) ကိုပြောင်းပါ]

[လေအေးပေးစက်ရီမုအသုံးပြုပုံနှင့်ပက်သက်ပြီး 'Hów~ dó Í ú~sé th~é rém~óté c~óñtr~ól óf~ mý áí~r cóñ~dítí~óñér~¿' တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။]

[မှတ်ချက်။ အဝေးထိန်းကိရိယာ(rémó~té có~ñtró~llér~) ကို Drý၊ F~áñ သို့မဟုတ် Có~ól Mó~dé တွင် မြင့်မားသောအပူချိန်ထားပါက လေအေးပေးစက်ကောင်းစွာအလုပ်လုပ်နိုင်မည်မဟုတ်ပါ။]

[လေအေးပေးစက်သည် အဆက်မပြတ်လည်ပတ်နေလျှင်၊ လေအေးပေးစက် Fílt~ér များ ပိတ်ဆို့မှုသည် ပုံမှန်ထက်ပိုမြန်လာသည်။ ထို့ပြင် အပြင်ဘက်ယူနစ်ရှိပန်ကာသည် ဖုန်နှင့်အညစ်အကြေးများကို ပို မိုလျှင်မြန်စွာစုဆောင်းစေနိုင်သည်။]

[အကယ်၍ fílt~ér ကို တစ်လထက်ပိုကြာအောင် မသန့်ရှင်းခဲ့ပါက ၎င်းသည် လေလည်ပတ်မှုမရှိခြင်းကြောင့် ပိတ်ဆို့သော fí~ltér~ တစ်ခုဖြစ်စေနိုင်သည်။ fílt~ér အတွင်းရှိဖုန်မှုန့်တွေ များပြားလာသောအခါ လေကို လျော့စေနိုင်ပြီး ပုံမှန်မဟုတ်သောဆူညံသံကိုဖြစ်စေသည်။ ၎င်းသည် လေအေးပေးစက်၏ အအေးခံစွမ်းအားကိုထိခိုက်စေပြီး အပူချိန်ကိုပိုပူလာစေနိုင်သည်။]

[chéc~k thé~ fílt~ér cl~éáñí~ñg]

[အကြံပြုထားသော Fílt~ér သန့်ရှင်းရေးလုပ်ငန်းစဥ်]

  • [ကြည်နူးစရာကောင်းပြီး သန့်ရှင်းလတ်ဆတ်သောလေအတွက် ၂ ပတ်တစ်ကြိမ် လေအေးပေးစက် fílt~ér နှင့်အပေါ်အဖုံးကိုသန့်ရှင်းရန် အကြံပြုသည်။]
  • [íñdó~ór úñ~ít dí~splá~ý တွင် CF c~ódé ပေါ်လာလျှင် f~ílté~r ကိုသန့်ရှင်းပါ။ fíl~tér ကိုသန့်ရှင်းပြီး ပြန်လည်တပ်ဆင်ပြီးသည့်နောက်တွင်၊ f~ílté~r သန့်ရှင်းရေးသတိပေးချက်ကို ပြန်လည်သတ်မှတ်ပါ။]
  • [သုံးစွဲသောပတ်ဝန်းကျင်တွင် ဖုန်မှုန့်များအလွန်အကျွံများပြားနေပါက Fílt~ér ဖုန်မှုန့်အကာတွင် ပိတ်ဆို့မှုများဖြစ်ပေါ်လာပြီး Íñ~dóór~ Úñít~ တွင် CF Có~dé ပေါ်လာနိုင်သည်။]

[လေအေးပေးစက် Fílt~ér များဆေးကြောပုံနှင့်ပက်သက်ပြီး  'H~ów tó~ cléá~ñ thé~ áír c~óñdí~tíóñ~ér fí~ltér~' တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။]

[မှန်ကန်သောအရွယ်အစားရွေးချယ်ခြင်း]

[သင့်နေရာနှင့် လိုက်ဖက်သောလေအေးပေးစက်ကိုရွေးချယ်ရန် အရေးကြီးသည်။ မှန်ကန်သောအရွယ်အစားရွေးချယ်ခြင်းသည် စွမ်းဆောင်ရည်အမြင့်ဆုံးနှင့်လည်ပတ်မှုကုန်ကျစရိတ်ကို အနည်းဆုံးဖြစ်စေရန် အရေးကြီးသည်။ အခန်း၏အရွယ်အစားသည် လေအေးပေးစက်စွမ်းရည်ထက်ပိုကြီးသောအခါ အခန်းအတွင်းရှိ အပူချိန်ကိုကျဆင်းစေရန် လေအေးပေးစက်သည် အချိန်ပိုယူရသည်ကိုသတိပြုပါ။]

[ပိုကြီးတာသည် အမြဲတမ်းပိုကောင်းတာမဟုတ်သည့်အတိုင်း သေးငယ်တာသည် ပိုချွေတာတာမဟုတ်သည့်အ​ကြောင်း  အမြဲသတိရပါ။]

[အခန်းအတွက်လေအေးပေးစက်ကြီးလွန်းနေလျှင်]

[လေအေးပေးစက်သည် ရည်မှန်းထားသောအပူချိန်ကိုရောက်ရန် မကြာခဏ တိုတောင်းသော တာဝန်များကိုလုပ်ရသည်။ ထို့ကြောင့် အခန်းသည်ပိုမိုပူလာသည် (သို့) ပိုမိုအေးလာသည်။]

  • [လေအေးစက်သည် လေကို လုံလုံလောက်လောက် စိုထိုင်းဆမပေးနိုင်ပါ။ (ထို့ကြောင့်အခန်းသည်သက်တောင့်သက်သာမရှိပါ)]
  • [ဓာတ်အားသုံးစွဲမှုတိုးလာသည်]
  • [စက်သုံးစရိတ်များမြင့်တက်လာသည်]

[အခန်းအတွက်လေအေးပေးစက်အလွန်သေးနေလျှင်]

[လေအေးပေးစက်ကို အမြင့်ဆုံးအလုပ်လုပ်ဆောင်မှုဖြင့် မကြာခဏသုံးရန်လိုပေမည်။ ဆိုလိုသည်မှာ လေအေးပေးစက်ရဲ့လေသည် သည်လေကိုအလွန်ခြောက်စေသည်။]

[တပ်ဆင်မှုချို့ယွင်းမှုကြောင့် အအေးဂတ်စ်ပြတ်လပ်ပါက အအေးပေးမှုသည် တဖြည်းဖြည်းလျော့နည်းလာမည်ဖြစ်ပြီး C422 érr~ór mé~sság~é သည် နောက်ဆုံးတွင်ပေါ်လာလိမ့်မည်။]

[C422 més~ságé~ ပြသပါက နောက်ထပ်အကူအညီအတွက် နီးစပ်ရာ Sáms~úñg ၀န်ဆောင်မှုဌာနကို ဆက်သွယ်ပါ။]

 

[မှတ်ချက်။ ပြထားသောပုံများသည် သင့်တွင်ရှိသော မော်ဒယ်ပေါ်မူတည်ပြီး ကွာခြားသွားနိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]