[Sáms~úñg ရေခဲသေတ္တာ၏တံခါးကို ပြန်လည်တပ်ဆင်ပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.10.2020]

[တခါတရံတွင် ရွှေ့ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ကိစ္စတခုခုအတွက် သင့်ရေခဲသေတ္တာတံခါးကို ဖြုတ်ရန် သို့မဟုတ် ပြန်လည်တပ်ဆင်ရန် လိုအပ်ခြင်း ရှိလာနိုင်ပါသည်။ တံခါးကို ပြန်လည်တပ်ဆင်ရန်အတွက် အောက်ပါလမ်းညွှန်ချက်များကို လိုက်လုပ်ပေးပါ။ သတင်းအချက်အလက် ပိုမိုလိုအပ်ပါက လမ်းညွှန်စာအုပ်တွင်ကြည့်ပေးပါ သို့မဟုတ် ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပေးပါ။]

[တံခါးကို ပြန်လည်တပ်ခြင်း (လိုအပ်ပါက)]

[လိုအပ်သော ကိရိယာများ]


[ñécé~ssár~ý tóó~ls]
  1. [မပေးထားပါ]

[နောက်ထပ်အစိတ်အပိုင်း]

[ခေါင်းအပြား ဝက်အူလှည့်]

[ဖိလစ်ခေါင်း ဝက်အူလှည့်]

[၁၁ မီလီမီတာဂွ] 

[၈ မီလီမီတာ ကွင်းဂွ]

[၅ မီလီမီတာ အယ်လန်ဂွ]

[ပတ္တာအဖုံး]

[အဖုံးတံခါး]

[အဆင့် ၁။ တံခါး ပြန်လည်တပ်ဆင်ခြင်းကို မလုပ်ဆောင်မီတွင် ရေခဲသေတ္တာကို ပလပ်ဖြုတ်ကာ ထည့်သွင်းထားသည်များကို ဖယ်ရှားထားပါ။]

[အဆင့် ၂။ ဝက်အူလှည့်အသေးဖြင့် ဘယ်ဖက်အဖုံးကို ဖယ်ပါ။]

[အဆင့် ၃။ ပတ္တာအဖုံးကို ပလစ်ဖြုတ်ရန်အတွက် ဝက်အူလှည့်ငယ်တစ်ခုကို အသုံးပြု၍ အဖုံးကိုဖယ်ပါ။ အဖုံးကို မထိခိုက်စေရန် ဂရုပြုပါ။]

[အဆင့် ၄။ ဝါယာကြိုးအဖုံးနှင့် အဖုံးတံခါးကို ဖယ်ပါ။]

[အဆင့် ၅။ အိမ်ခွံကိုဖြုတ်ပါ။]

[မှတ်ချက် - တံခါးသည် လေးပါသည်။ တံခါးကိုဖြုတ်ချိန်တွင် သင့်ကိုယ်သင် ထိခိုက်ဒဏ်ရာမရအောင် ဂရုပြုပါ။]

[အဆင့် ၆။ ဝါယာကွန်နက်တာကို ဖြုတ်ပါ။]

[အဆင့် ၇။ အပေါ်ပတ္တာမှ ဝက်အူ ၂ လုံးကိုဖြုတ်ပါ။]

[မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း ဝါယာကြိုးကို မထိခိုက်မိစေရန် ဂရုပြုပါ။]

[အဆင့် ၈။ ရေခဲသေတ္တာတံခါးကို အလယ်ပတ္တာမှဖြုတ်ပါ။]

[အဆင့် ၉။ ထည့်ရမည့် အလယ်ပတ္တာကို ၅ မီလီမီတာ အယ်လန်ဂွတစ်ချောင်း (ဝက်အူ ၂ လုံး) နှင့် ဖိလစ်ခေါင်း ဝက်အူလှည့် (ဝက်အူ ၁ လုံး) ကိုအသုံးပြု၍ ဖြုတ်ပါ။]

[အဆင့် ၁၀။ ရေခဲခန်းတံခါးကို အောက်ပတ္တာမှ ဖြုတ်ပါ။]

[အဆင့် ၁၁။ အဖုံး၏နေရာကို ပြောင်းတပ်ပါ။]

[မှတ်ချက် - အဖုံးကို ပြောင်းတပ်စဉ်တွင် တံခါးကို မခြစ်မိစေရန် ဂရုပြုပါ။]

[အဆင့် ၁၂။ တံခါးကို ဘေးကင်းသော အလုပ်နေရာတစ်ခုတွင်ထားကာ မထိခိုက်မိစေရန် ဂရုပြုပါ။
အဆင့် ၁၃။ ရေခဲသေတ္တာနှင့် ရေခဲခန်း တံခါးများ၏ အောက်ဖက်တွင် နေရာရွှေ့တပ်ရန်လိုအပ်သည့် အနိမ့်အမြင့်ချိန်သော ခြေထောက်နှင့် ဝက်အူများ ရှိပါသည်။]

[မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် မထိခိုက်မိစေရန် ဂရုပြုပါ။]

[အဆင့် ၁၄။ အောက်ဖက်ပတ္တာနှင့် ခြေထောက်တို့ကို ပြောင်းတပ်ရန်အတွက် ရေခဲသေတ္တာကို ကျောဖက်သို့ ဂရုတစိုက် လှဲချပါ။
အဆင့် ၁၅။ ဝက်အူအဖုံး၏ နေရာကို ပြောင်းတပ်ပါ။]

[မှတ်ချက် - ရေခဲသေတ္တာကို မထိခိုက်စေရန် ဂရုပြုပါ။]

[အဆင့် ၁၆။ ၅ မီလီမီတာ အယ်လန်ဂွနှင့် ဖိလစ်ခေါင်း ဝက်အူလှည့်ကို အသုံးပြု၍ အလယ်ပတ္တာကို တပ်ဆင်ပါ။]

[မှတ်ချက် - အလယ်ပတ္တာတွင်ရှိသော ချောဆီကို မသုတ်ပစ်ပါနှင့်။]

[အဆင့် ၁၇။ ၅ မီလီမီတာ အယ်လန်ဂွကို အသုံးပြု၍ အလယ်ပတ္တာကို တပ်ဆင်ပါ။]

[မှတ်ချက် - တံခါးကို အဖွင့်အပိတ်လုပ်ချိန်တွင် အသံအနည်းငယ်ထွက်ခြင်း ရှိနိုင်ပါသည်။]

[အဆင့် ၁၈။ အောက်ဖက်ပတ္တာနှင့် ခြေထောက်ကို နေရာပြောင်းတပ်ပါ။
အဆင့် ၁၉။ တံခါး၏ ဝါယာကြိုးချိတ်ဆက်မှုကို အခြားဖက်သို့ ပြောင်းတပ်ပါ။]

[မှတ်ချက် - လုပ်ဆောင်စဉ်အတွင်း သင့်ကိုယ်သင် မထိခိုက်မိစေရန် ဂရုပြုပါ။]

[အဆင့် ၂၀။ ရေခဲသေတ္တာကို မတ်တပ်ပုံစံပြန်ဖြစ်အောင် မပါ။
အဆင့် ၂၁။ အဖုံးတံခါးကို တပ်ဆင်ပါ။
အဆင့် ၂၂။ ရေခဲသေတ္တာနှင့် ရေခဲခန်းတံခါး ဂက်စကက်နေရာကို ပြောင်းလဲပါ။
အဆင့် ၂၃။ ရေခဲသေတ္တာနှင့် ရေခဲခန်း ဂက်စကက်များကို ခွာကာ ၁၈၀° လှည့်ပြီးနောက် တပ်ပါ။
အဆင့် ၂၄။ တံခါးဝါယာကြိုးအဖုံးကို ထည့်ပါ။
အဆင့် ၂၅။ အပေါ်ပတ္တာကို ထည့်ပါ။]

[မှတ်ချက် -]

  • [တံခါးဂက်စကက်များကို သင့်လျော်စွာ နေရာချထားကြောင်း သေချာအောင် ပြုလုပ်ပါ။ ယင်းသို့မဟုတ်ပါက အသံထွက်ခြင်း သို့မဟုတ် ရေမှုန်ရေစက် ဖြစ်ပေါ်ခြင်းရှိနိုင်ပြီး ယင်းသည် ယူနစ်၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိပါသည်။]
  • [တံခါးသည် လေးလံပါသည်။ သင့်ကိုယ်သင် ထိခိုက်ဒဏ်ရာမရစေရန် သတိပြုပါ။]
  • [လူနှစ်ဦးနှင့်အထက် အတူတကွလုပ်ဆောင်ရန် တိုက်တွန်းပါသည်။]

[အဆင့် ၂၆။ ဝါယာကွန်နက်တာကို ပြန်ဆက်ပါ။
အဆင့် ၂၇။ ဝါယာကြိုးကို ထည့်သွင်းပါ။
အဆင့် ၂၈။ အဖုံးထိန်းချုပ်မှုကို တပ်ဆင်ပါ။]

[မှတ်ချက် - တံခါးပြောင်းပြန်တပ်ပြီးပြီးချင်း ရေခဲသေတ္တာကို ပလပ်မထိုးပါနှင့်။ အနည်းဆုံး ၁ နာရီကြာအောင် စောင့်ပါ။]

[မှတ်ချက် -] 

  • [ဤလုပ်ဆောင်မှုအတွက် လူ ၂ ဦးလိုအပ်ကြောင်း ကျွန်ုပ်တို့ တိုက်တွန်းပါသည်။]
  • [ဖြစ်နိုင်ပြီး ဥပဒေအရ လိုအပ်ပါက ပါဝါမဖွင့်မီတွင် လျှပ်စစ်ဘေးကင်းရေး စမ်းသပ်မှုတစ်ခုကို ပြုလုပ်သင့်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]