[ကျွန်ုပ်၏ရေခဲလုပ်စက်က ရေခဲအလုံအလောက် မထုတ်ပေးရင် ဘာလုပ်သင့်သလဲ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.10.2020]

[သင့်ရေခဲသေတ္တာတွင် တပ်ဆင်ထားသော ရေခဲ ခဲစက်နှင့်ပတ်သက်၍ ပြဿနာရှိနေပါက အောက်ပါလမ်းညွှန်ချက်များကို လိုက်လုပ်ပါ။ ဤစာမျက်နှာတွင် မော်ဒယ်အများစုအတွက် အခြေခံသတင်းအချက်အလက်မျှသာ ပါဝင်သောကြောင့် သင့်ရေခဲသေတ္တာမော်ဒယ်အတွက် အသုံးပြုသူလက်စွဲကို ကြည့်ခြင်းသည်လည်း ကောင်းပါသည်။]

[ထုတ်ပေးထားသော ရေခဲတုံးပမာဏကို စစ်ဆေးပါ]

[Sáms~úñg ရေခဲသေတ္တာများသည် တစ်နေ့လျှင် ရေခဲတုံး ၁၂၀ ခန့် ထုတ်ပေးပါသည်။ ဆိုလိုသည်မှာ ရေခဲသေတ္တာသည် မိနစ် ၉၀ ကြာတိုင်း ရေခဲ ၁ ဗန်းစာကို ထုတ်ပေးပါသည် (ယင်းသည် မော်ဒယ်အလိုက် ကွဲပြားပါသည်)။ အကယ်၍ ရေခဲသေတ္တာသည် ၂၄ နာရီအတွင်း ရေခဲတုံး ၅၀ ထက်လျော့၍ ထုတ်ပေးပါက သို့မဟုတ် ရေခဲခံခွက်အတွင်း ရေခဲတုံးများ မရှိပါက အောက်ပါလမ်းညွှန်ချက်များကို ဦးစွာလိုက်လုပ်ပါ။ ဆက်လက်ဖြစ်ပွားနေပါက နောက်ထပ်ပံ့ပိုးမှုရရန်အတွက် အနီးဆုံး S~ámsú~ñg ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်ပေးပါ။]

[ရေခဲသေတ္တာကို ပထမဆုံးအကြိမ် အသုံးပြုခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ပိတ်ထားပြီးနောက်မှ ပြန်အသုံးပြုခြင်းဖြစ်ပါက ရေခဲမထုတ်မီ အနည်းဆုံး ခြောက်နာရီကြာအောင် ခလုတ်ဖွင့်ထားသင့်ပါသည်။]

[မှတ်ချက် - ရေခဲလုပ်စက်သည် ရေခဲကို သန့်ရှင်းသောရေမှပြုလုပ်ကြောင်း သေချာစေရန်အတွက် ရေခဲလုပ်စက်က ပထမဆုံးသုံးကြိမ် ထုတ်ပေးသော ရေခဲတုံးများ (အတုံး ၃၀ ခန့်) ကို လွှင့်ပစ်သင့်ပါသည်။]

[တံခါးဖွင့်ထားစဉ်တွင် ရေခဲလုပ်စက်သည် ရေခဲကို ထုတ်မပေးနိုင်ပါ။ တံခါးကို လုံးဝပိတ်ကာ ရေခဲကိုထုတ်ရန် ပြန်ကြိုးစားကြည့်ပါ။]

[ရေခဲလုပ်စက် လုပ်ဆောင်မှု]
[ရေခဲသေတ္တာသည် ÍCÉ Ó~FF ပုံစံတွင် ဖြစ်နေခြင်းရှိမရှိ ကြည့်ပါ။ Íc~é Týp~é ခလုတ်ကိုနှိပ်ခြင်းဖြင့် ရေခဲလုပ်စက် လုပ်ဆောင်မှုကို စတင်စေနိုင်ပါသည်။]

[Chíl~d Lóc~k လုပ်ဆောင်မှု]
[ဤလုပ်ဆောင်မှုကို ဖွင့်ထားပါက ယင်းသည် လုပ်ဆောင်နိုင်မှုကို ပိတ်ထားပါသည်။] 

[မှတ်ချက် -] 

  • [ဖော်ပြသည့်ဒိုင်ခွက်၏ အမှန်တကယ်ဒီဇိုင်းမှာ သင့်တွင်ရှိသော မော်ဒယ်အလိုက် ကွဲပြားခြင်းရှိနိုင်ပါသည်။]
  • [ဤပုံတွင် အင်္ဂလိပ်ဘာသာဖြင့် ရည်ညွှန်းထားခြင်းဖြစ်သော်လည်း သင့်နိုင်ငံတွင် အသုံးပြုသော ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။] 

[အပူချိန်ကို ပြန်လည်သတ်မှတ်ခြင်း]
[ရေခဲသေတ္တာ၏ အပူချိန်ဖော်ပြချက်တွင် ပိုနိမ့်သောဆက်တင်အား သတ်မှတ်ပါ။ ရေခဲခန်းအတွက် - ၁၅ °C နှင့်အောက် ဖြစ်သင့်ပါသည်။] 

[ရေခဲထုတ်စက်ကို ပြန်သတ်မှတ်ခြင်း]
[ရေခဲထုတ်စက်ကို ပြန်သတ်မှတ်လိုက်ပါက ရေခဲလုပ်စက်က ပြန်လည်၍ ရေခဲလုပ်ပေးခြင်း မပြုမီ ၂၄ နာရီစောင့်ပါ။]

[ဒိုင်ခွက်ပေါ်တွင် ရေစစ်အညွှန်းကို ကြည့်ပါ]
[ရေခဲသည် သေးနေခြင်း၊ နောက်နေခြင်း သို့မဟုတ် ဖုဖောင်းနေခြင်းဖြစ်ပါက ရေစစ်ကို စစ်ဆေးကာ လဲလှယ်ပါ။ ရေစစ်ပိတ်ဆို့သွားခြင်း မဖြစ်စေရန်အတွက် ရေစစ်ကို ခြောက်လတစ်ကြိမ် လဲလှယ်သင့်ပါသည်။]

[မှတ်ချက် -] 

  • [ဖော်ပြသည့်ဒိုင်ခွက်၏ အမှန်တကယ်ဒီဇိုင်းမှာ သင့်တွင်ရှိသော မော်ဒယ်အမျိုးအစားအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။]
  • [ဤပုံတွင် အင်္ဂလိပ်ဘာသာဖြင့် ရည်ညွှန်းထားခြင်းဖြစ်သော်လည်း သင့်နိုင်ငံတွင် အသုံးပြုသော ဘာသာစကားဖြင့် ရရှိနိုင်ပါသည်။] 

[ရေဖိအားကို စစ်ဆေးပါ]
[ရေဖိအားသည် လုံလောက်အောင် မြင့်မားကြောင်း သေချာအောင်စစ်ပါ။]

 

[ရေပိုက်လိုင်းကို စစ်ဆေးပါ]
[ယင်းကို ရေခဲသေတ္တာနှင့် မှန်ကန်စွာသွယ်ထားကြောင်းနှင့် ရေပိုက်ခေါင်းသည် တွန့်လိမ်နေခြင်း သို့မဟုတ် ပျက်စီးနေခြင်းမရှိကြောင်း သေချာအောင်စစ်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]