[ရေခဲသေတ္တာကောင်းစွာအလုပ်မလုပ်ပါက ဘာလုပ်ရမလဲ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 25.09.2020]

[သင့်ရေခဲသေတ္တာ ကောင်းစွာအလုပ်မလုပ်ပါက ပါဝါပေးသည့်နေရာကို စစ်ဆေးရန်အကြံပြုပါသည်။ ပါဝါစနစ်တွင် ပြဿနာမရှိဘဲ သင့်ရေခဲသေတ္တာတွင် ပြဿနာရှိနေပါက အောက်ဖော်ပြပါ ပြဿနာအဖြေရှာနည်းအကြံပြုချက်များကို လိုက်ပါလုပ်ဆောင်ပါ။]

[သင့်အိမ်တွင်လုပ်နိုင်သည့်အရာမျာကိုလုပ်ဆောင်ပြီး သော်လည်း ပြဿနာမပြေလည်သေးပါက ဝယ်ယူသူဝန်ဆောင်မှုစင်တာကို ဆက်သွယ်ရန်အကြံပြုပါသည်။]

[တပ်ဆင်ထားသည့်နေရာကိုစစ်ဆေးပါ။]

[ထားရှိရန်လုံလောက်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိသင့်ပါသည်။ ဘေးတစ်ဖက်ဆီနှင့် နောက်ကျောကို အနည်းဆုံး ၁၀ စင်တီမီတာခွာ၍ မျက်နှာကြက်နှင့် ၅ စီတီမီတာခန့်ခွာထားသင့်ပါသည်။ အပူထုတ်လွှတ်နိုင်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိရပါမည်။ ရေခဲသေတ္တာကို ပစ္စည်းများဖြင့်ပိတ်ထားမိပါက ကောင်းမွန်စွာအလုပ်မလုပ်နိုင်အောင် တားဆီးနိုင်ပါသည်။]

[ထားရှိရန်လုံလောက်သောနေရာတွင် ရေခဲသေတ္တာကိုထားရှိသင့်ပါသည်။]

[ရေခဲသေတ္တာ ​ရေချိန်ညီမညီ စစ်ဆေးပါ။]

[၃၀ နှင့် ၄၀ စင်တီမီတာခန့် ရေခဲသေတ္တာကိုဖွင့်ပြီး လွှတ်ကြည့်ပါ။ အလိုအလျှောက်ပြန်ပိတ်သွားရမည်ဖြစ်ပြီး မပိတ်ပါက ရေခဲသေတ္တာအောက်ခြေအရှေ့ဘက်ရှိ ထိန်းညှိနိုင်သည့် စကူများကို စစ်ဆေးရန်လိုအပ်ပါသည်။]

[ရေခဲသေတ္တာရေချိန်ညီမညီကိုလည်း စစ်ဆေးပါ။ မှန်ကန်စွာချိန်ညှိမထားပါက ရေခဲသေတ္တာကို ကောင်းစွာအလုပ်မလုပ်နိုင်အောင် တားဆီးနိုင်ပါသည်။]

[ရေခဲသေတ္တာရေချိန်ညီမညီ စစ်ဆေးပုံ။]

[ရေခဲသေတ္တာနောက်ခြမ်းကို သန့်ရှင်းစွာထားပါ။]

[ရေခဲသေတ္တာနောက်ကျောကို တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် ဖုန်စုပ်စက်ကိုသုံး၍ သန့်ရှင်းပေးရန် အကြံပြုပါသည်။ အပူထုတ်လွှင့်မှုမဖြစ်စေရန်အတွက် မော်တာရှိရာနေရာကို ဖုန်များရှင်းလင်းစွာ ထားရှိရန်အရေးကြီးပါသည်။ ရေခဲသေတ္တာနောက်ကျောတွင် ဖုန်ကပ်ငြိခြင်းကြောင့် ဖြစ်လာနိုင်သည့်ပြဿနာများမှာ ဥပမာအားဖြင့် ရေခဲသေတ္တာ သို့မဟုတ် ရေခဲကန်အစိတ်အပိုင်းတွင် ရေခဲများနှင့် စိုထိုင်းစများဖြစ်လာပြီး ရေခဲသေတ္တာအသံ ပိုကျယ်လာစေပါသည်။]

[ရေခဲသေတ္တာနောက်ခြမ်းကို သန့်ရှင်းစွာထားပါ။]

[လေထွက်ပေါက်များအရှေ့တွင် မည်သည့်ပစ္စည်းမှမထားပါနှင့်။]

[ရေခဲသေတ္တာအတွင်းရှိ ရေမခဲစနစ်၏ လေထွက်ပေါက်များကို အမြဲတမ်းသန့်ရှင်းစွာထားသင့်ပါသည်။ အရှေ့ဘက်အခြမ်းနှင့် အသီးအရွက်ထည့်သည့်နေရာများတွင် စိုထိုင်းစများဖြစ်လာတတ်သောကြောင့် အဆိုပါအပေါက်များရှေ့တွင် မည်သည့်ပစ္စည်းမှ မထားရှိရန် ကောင်းစွာအကြံပြုအပ်ပါသည်။]

[လေထွက်ပေါက်များအရှေ့တွင် မည်သည့်ပစ္စည်းမှမထားရှိရန်။]

[အချက်ပြမုဒ်ကိုစစ်ဆေးပါ။]

[ရေခဲသေတ္တာမအေးသော်လည်း ရေခဲခြင်းလုပ်ငန်းများ ကောင်းစွာလုပ်ဆောင်နေပါက ခရီးသွားမုဒ်(သင့်ရေခဲသေတ္တာမော်ဒယ်တွင် ရရှိနိုင်ပါက) ကိုဖွင့်ထားမိသလားဆိုတာ စစ်ဆေးရန်လိုအပ်ပါသည်။ ခရီးသွားမုဒ်ကို စခရင်မှတစ်ဆင့် ပိတ်နိုင်ပြီး ထပ်မံသိရှိလိုပါက ဝယ်သူလက်စွဲစာအုပ်ကို ကိုးကားပါ။]

[ခရီးသွားမုဒ်ကို ပိတ်ထားခြင်း။]

[မှတ်ချက်။]

  • [ထိန်းချုပ်နေရာသည် သင့်ရေခဲသေတ္တာမော်ဒယ်အလိုက် ပြင်ပပုံစံများကွဲပြားနိုင်ပါသည်။]
  • [ယခုပုံအား နမူနာအဖြစ် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော်လည်း သင်နေထိုင်ရာနိုင်ငံ၏ ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]