[ထိန်းချုပ်ခုံရှိ ခလုတ်များ ကောင်းစွာအလုပ်မလုပ်ပါက ဘာလုပ်သင့်ပါသလဲ။]
[ဘေးကင်းရေး အကြောင်းပြချက်များအတွက် Sáms~úñg အဝတ်လျှော်စက်များတွင် တံခါးနှင့် ခလုတ်များကို ပိတ်ထားရန်အတွက် C~híld~ lóck~ လုပ်ဆောင်ချက်တစ်ခု ပါရှိပါသည်။ အောက်တွင်ပေးထားသော လမ်းညွှန်ချက်များသည် ဒိုင်ခွက်နှင့် ခလုတ်ပြဿနာများကို ဖြေရှင်းရာတွင် အကူအညီ ဖြစ်စေပါမည်။]
[ထိန်းချုပ်ခုံဒိုင်ခွက်ကို စစ်ဆေးပါ]
[အခြေခံအားဖြင့် အဝတ်လျှော်စက်ကို စတင်လည်ပတ်စေသည်နှင့် မည်သည့်ရွေးချယ်မှုကိုမျှ ပြောင်းလဲရန် မဖြစ်နိုင်ပါ။ ရွေးချယ်မှုများကို ပြောင်းလဲရန်လိုအပ်ပါက Pówé~r/Páú~sé ခလုတ်ကိုနှိပ်ခြင်းဖြင့် ရပ်တန့်စေပြီးနောက် ရွေးချယ်မှုများကို ပြန်လည်သတ်မှတ်ပါ။]
[ခလုတ်ပေါ်တွင် မည်သည့်ပြင်ပအရာများ သို့မဟုတ် ရေငွေ့တို့ရှိပါက ခလုတ်အနေဖြင့် နှိပ်လိုက်ခြင်းကို သိရှိရန် မလွယ်ကူပါ။ ယင်းအပြင် chíl~d lóc~k လုပ်ဆောင်မှုကို ဖွင့်ထားပါက pów~ér ခလုတ်မှလွဲ၍ အခြားခလုတ်များအားလုံး အလုပ်လုပ်မည် မဟုတ်ပါ။ ထို့အပြင် ပါဝါကို အပိတ်အဖွင့် ပြန်လုပ်ပြီးနောက်တွင် ဤလုပ်ဆောင်ချက်သည် ဆက်ပွင့်နေမည် ဖြစ်ပါသည်။]
[မှတ်ချက် -]
- [ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။]
- [ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
- [စက်ကို ပလပ်ထိုးထားကြောင်းနှင့် ထိန်းချုပ်ခုံပေါ်ရှိ ဒိုင်ခွက်တွင် မီးလင်းနေကြောင်း သေချာအောင်စစ်ပါ။]
- [ထိန်းချုပ်ခုံကို စစ်ဆေးကာ ခလုတ်များပေါ်တွင် ပြင်ပအရာတစ်ခုခု သို့မဟုတ် ရေငွေ့တို့ရှိပါက လုံးဝဖယ်ရှားလိုက်ပါ။]
[ဒိုင်ခွက်အား စစ်ဆေးပုံ]
[အဆင့် ၁။ အဝတ်လျှော်စက်ကို ပလပ်ဖြုတ်ကာ မိနစ်အနည်းငယ်ထားပါ။
အဆင့် ၂။ ပလပ်ကိုပြန်တပ်ပြီးနောက် ပါဝါခလုတ်ကိုနှိပ်ပါ။
အဆင့် ၃။ မည်သည့်ခလုတ်ကိုမဆို တစ်ကြိမ်နှိပ်ပါ။ တုံ့ပြန်မှုရှိပါက ဖော်ပြလာသော မည်သည့် သတင်းအချက်အလက်ကုဒ်ကိုမဆို ကြည့်ပါ။ မတုံ့ပြန်ပါက အဆင့် ၁ နှင့် ၂ ကို ပြန်လုပ်ပါ။
အဆင့် ၄။ Próg~rám ခလုတ်ကို ၃ စက္ကန့်ကြာအောင် သို့မဟုတ် မီးများ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့သည်အထိ နှိပ်ထားပါ။]
[Chíl~d Lóc~k လုပ်ဆောင်မှုကို ဖွင့်လိုက်သည်နှင့် ပါဝါကိုပိတ်လိုက်လျှင်ပင် ယင်းသည် ဆက်လက်သက်ဝင်နေပါသည်။ ထို့ကြောင့် အဝတ်လျှော်မှုကို စတင်ရန်အတွက် ယင်းကို ပိတ်ထားကြောင်း သို့မဟုတ် လုပ်ဆောင်မှုကို ပယ်ဖျက်ထားကြောင်း သေချာစေရန် လိုအပ်ပါသည်။ Chí~ld Ló~ck လုပ်ဆောင်မှုကို ဖွင့်ထားပါက Ch~íld l~óck အညွှန်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေမည်ဖြစ်ကာ ဒိုင်ခွက်ပေါ်တွင် သတင်းအချက်အလက်ကုဒ် (C~L, dC) ကို ပြပါမည်။]
[Chíl~d Lóc~k အား ပိတ်ထားပုံ (မော်ဒယ်အလိုက် ကွဲပြားပါသည်)]
[ရှေ့ဖွင့်]
- [(လုပ်ဆောင်မှုကို ယာယီဖွင့်ထားသော) Chíl~d Lóc~k ကို ပိတ်ထားရန်အတွက် - (Á) နှင့် (B) ကို ၃ စက္ကန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပါ။]
- [Chíl~d Lóc~k ကို ပယ်ဖျက်ရန်အတွက် - ပိတ်ထားရန် (Á) နှင့် (B) ကို ၃ စက္ကန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပြီးနောက် ခလုတ်များကို ၃ စက္ကန့်ကြာအောင် ထပ်မံဖိနှိပ်ထားပါ။ တံခါးပွင့်သွားကာ C~híld~ Lóck~ အညွှန်း လုံးဝပိတ်သွားပါမည်။]
[မှတ်ချက် -]
- [ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။]
- [ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
[အပေါ်ဖွင့်]
- [Chíl~d Lóc~k ကို ပယ်ဖျက်ရန်အတွက် - (Á) နှင့် (B) ခလုတ်ကို ၃ စက္ကန့်ခန့်ကြာအောင် ပြိုင်တူဖိနှိပ်ထားပါ။
]
[Chíl~d lóc~k ကို ဖွင့်ထားစဉ်တွင် ခလုတ်များကို ထိန်းချုပ်ခြင်းအတွက် အကြံပြုချက်များ (အပေါ်ဖွင့်အတွက်သာ)]
- [တံခါးကို ပိတ်ထားလျက်နှင့်ပင် ထိန်းချုပ်ခုံကို လိုသလို ပြင်ဆင်နိုင်ပါသေးသည်။ သင်တံခါးကိုဖွင့်လိုက်ကာ အချက်ပေးသံနှင့်အတူ သတင်းအချက်အလက် ကုဒ်တစ်ခု (CL, dC~) ပေါ်လာပါက ရေမွန်းခြင်း ကဲ့သို့သော ကလေးသူငယ် သို့မဟုတ် ကလေးမတော်တဆဖြစ်မှုကို ကာကွယ်ရန်အတွက် စက္ကန့် ၃၀ ကြာပြီးနောက်တွင် စက်သည် ရေကိုဖွင့်ချပါမည်။]
- [ရေထည့်သွင်းမှု ပြီးစီးမှသာ Chíl~d Lóc~k သည် သက်ဝင်လာမည် ဖြစ်ပါသည်။]
- [ကန်ထဲတွင်ရေရှိနေပြီး စက္ကန့် ၃၀ ကြာအောင် တံခါးကို ဖွင့်ထားခဲ့ပါက စက်သည် CL ကုဒ်နှင့်အတူ ရေကိုဖွင့်ချလိုက်မည်ဖြစ်ပြီး ရပ်တန့်၍ မရနိုင်ပါ။]
- [ကန်ထဲသို့ ဆပ်ပြာ သို့မဟုတ် အဝတ်များ ထည့်ရန် သို့မဟုတ် လည်ပတ်မှုဆက်တင်ကို ပြောင်းလဲရန်အတွက် Chíl~d Lóc~k ကို သင်ဦးစွာ ပိတ်ထားရပါမည်။]
[မှတ်ချက် -]
- [Chíl~d Lóc~k ကိုဖွင့်ထားပြီး တံခါးဖွင့်ထားပါက ရေမွန်းခြင်းကဲ့သို့သော မတော်တဆမှုများကို ကာကွယ်ရန်အတွက် စက်သည် မဖြစ်မနေ ရေဖွင့်ချခြင်းကို စတင်ပြုလုပ်ပါမည်။]
- [ထိန်းချုပ်ခုံ၏ အမှန်တကယ် ဒီဇိုင်းသည် သင့်မော်ဒယ်အလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။]
- [ဤပုံသည် အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာဖြစ်ပါသည်။ သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]