[ရေထုတ်ပိုက်မှ ရေကောင်းစွာမထွက်ပါက ဘယ်လိုလုပ်ရမလဲ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.09.2020]

[သင့်ရေခဲသေတ္တာရှိ ရေထုတ်ပိုက်တွင်ပြဿနာရှိပါက နည်းပညာဝန်ဆောင်မှုအဖွဲ့ထံ မဆက်သွယ်မီ ဖြေရှင်းနည်းများစွာဖြင့် ဖြေရှင်းနိုင်သည့်အတွက် အောက်ဖော်ပြပါ ပြဿနာအဖြေရှာနည်းများကို လုပ်ဆောင်ကြည့်ပါ။] 

[အချက်ပြနေရာရှိ မုဒ်ကိုကြည့်ပါ။]

  • [ရေထုတ်ပိုက်မှ ရေမကျလာပါက ကလေးကာကွယ်ရေးမုဒ် ဖွင့်ထားသလား စစ်ဆေးပါ။ ကလေးကာကွယ်ရေးမုဒ်ဖွင့်ထားပါက ကလေးကာကွယ်ရေးခလုတ်ကို ၃စက္ကန့်ထက်ပို၍ဖိနှိပ်ထားပြီး လွှတ်ကြည့်ပါ။] 
  • [ရေထုတ်ပိုက်မပိတ်ထားပါက ရေ ၊ ရေခဲ သို့မဟုတ် ရေခဲချေ ခလုတ်ကိုနှိပ်ရန်ကြိုးစားကြည့်ပါ။ ထို့အပြင် ရေထုတ်ရန် ခလုတ်ကို သေချာစွာရွေးချယ်ထားပေးပါ။ ( တိကျသည့် ညွှန်ကြားချက်များမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။)]
  • [ရွေးချယ်ထားသည့်အပူချိန် အရမ်းနိမ့်နေသည့်အတွက် ရေတိုင်ကီခဲနေခြင်းမျိုးလည်းဖြစ်နေနိုင်ပါသည်။ အချက်ပြနေရာတွင် အပူချိန်ကို အနည်းငယ်နွေးအောင် ပြောင်းလဲရန်ကြိုးစားကြည့်ပါ။]
[ကလေးကာကွယ်ရေးမုဒ်ပြထားပြီး ပိတ်ရန်စစ်ဆေးနေပုံ။]

[မှတ်ချက် ။ အချက်ပြနေရာပုံစံမှာ မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။
]

[ရေစစ်ဇကာကို သေချာစွာတပ်ထားကြောင်း စစ်ဆေးပါ။]

[အတွင်းရှိ ရေဇကာအဆက်တွင် ပြဿနာတစ်ချို့ရှိနေနိုင်ပါသည်။ ရေခဲသေတ္တာအတွင်းရှိ ရေဇကာအား သေချာစွာတပ်ဆင်ထားမထား ကြည့်ပါ။ ရေဇကာအား ကောင်းမွန်စွာထည့်သွင်းတပ်ဆင်ထားခြင်း မရှိပါက ရေထုတ်ပိုက် အလုပ်လုပ်မည်မဟုတ်ပါ။ ရေဇကာကို သေချာစွာတပ်ဆင်ထားကြောင်း စစ်ဆေးပါ။ အဝတ်ရေဇကာသည် တစ်ခါတစ်ရံ ရေဖိအားနည်းသဖြင့် ပြဿနာဖြစ်နေနိုင်ပါသည်။ ရေဇကာကို မကြာခဏလဲလှယ်ပေးခြင်းဖြင့် ရေဖိအားကိုတိုးပေးနိုင်ပါသည်။]

[ရေဇကာသေချာတပ်ထားမထား စစ်ဆေးပါ။]

[ရေပိုက်အဆက်နှင့် ပိုက်အနေအထားကိုစစ်ဆေးပါ။]

  • [ရေထုတ်ပိုက်မှ ရေမကျပါက ရေပိုက်အဆက်ကို စစ်ဆေးရန်လိုပါမည်။]
  • [အပြင်ရှိ ရေထုတ်ပိုက်သည် ရေခဲသေတ္တာနှင့် သေချာစွာချိတ်ဆက်ထား မထား စစ်ဆေးပါ။ ရေသွင်းပိုက်ဖွင့်ထားရမည်ဖြစ်သည်။] 
  • [ရေပိုက်တွင် အခြားအတားအဆီးများမရှိကြောင်း စစ်ဆေးပါ။ ရေထုတ်ပိုက်သည် ပြားနေခြင်းနှင့် ပျက်စီးနေခြင်းမျိုး မဖြစ်ရပါ။]
  • [သာမန်အားဖြင့် ရေထုတ်ပိုက်နှင့် ရေသွင်းပိုက်တို့သည် ရေခဲသေတ္တာနောက်ဘက်ရှိ ရေစုကန်အနီးတွင်ရှိနေရမည်ဖြစ်သည်။]
[ရေပိုက်အဆက်နှင့် ရေဖိအားကိုစစ်ဆေးပါ။]

[မှတ်ချက်။] 

  • [ရေထုတ်ပိုက်တည်နေရာသည် ထုတ်ကုန်အလိုက်ကွဲပြားနိုင်ပြီး အိမ်တွင်းရှိ ရေသွင်းပိုက်တည်နေရာပေါ်တွင် မူတည်ပါသည်။]
  • [ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များကို အသုံးပြုသူလက်စွဲတွင် ရှာဖွေနိုင်ပါသည်။] 

[သင့်ရေခဲသေတ္တာရှိ ရေဖိအားကိုစစ်ဆေးနည်း။]

  • [ရေပိုက်အဆက်ကို စစ်ဆေးပြီးပါက ရေဖိအားကိုစစ်ဆေးပါ။] 
  • [ရေကို ၁၀ စက္ကန့်အတိ ထုတ်ကြည့်ပါ။ အကယ်၍ နှစ်ခွက် သို့မဟုတ် ၃ ခွက်ထက်နည်း၍ ကျလာပါက ရေခဲသေတ္တာ၏ ရေဖိအားကိုတင်ပေးရန်လိုအပ်ပါမည်။]
  • [ရေဆက်ပိုက်အား ကျွမ်းကျင်သူမှတပ်ဆင်ပေးရန် အကြံပြုထားပါသည်။ ထို့ကြောင့် သင့်အနေဖြင့် အကျွမ်းတဝင်မရှိပါက ကျေးဇူးပြု၍ ဝယ်သူဝန်ဆောင်မှုစင်တာကို ဆက်သွယ်ပါ။]

[ရေပိုက်မှ လေထုတ်နည်းအကြံပြုချက်များ။]

  • [ရေပိုက်လေထုတ်ခြင်းကို ရေစစ်ဇကာ သို့မဟုတ် ရေပိုက်အား ပြန်လည်တပ်ဆင်ခြင်း သို့မဟုတ် မကြာမီကမှ တပ်ထားခြင်းတို့အတွက်သာ ပြုလုပ်ရန်လိုအပ်ပါသည်။]
  • [ရေပိုက်မှ လေထုတ်ခြင်းလုပ်ဆောင်ရန်အတွက် ရေထုတ်ပိုက်လီဗာကို နှိမ့်၍ ကိုင်ထားပြီး ၅ မိနစ်ခန့်ရေထုတ်ရန်ကြိုးစားရပါမည်။ ရေစတင်ကျလာပါက ရေစီးဆင်းမှုမကောင်းသေးခင်အထိ ဆက်ထုတ်ထားရပါမည်။ ( ၇ လီတာမှ ၁၀ လီတာခန့် ကုန်နိုင်ပါသည်။)]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]