[Sáms~úñg စမတ်နာရီတွင် G~PS ကောင်းစွာအလုပ်မလုပ်ခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023]

[သင့် Sáms~úñg စမတ်နာရီတွင် ဖုန်းနှင့်ချိတ်ဆက်စရာမလိုဘဲ သင့်လက်ရှိတည်နေရာကို စောင့်ကြည့်ပေးနိုင်သည့် အာရုံခံစနစ် ပါဝင်ပါသည်။ နာရီကို ဖုန်းနှင့်ချိတ်ဆက်ထားသည့်အချိန်တွင် တည်နေရာမှန်ကန်မှုကို ပိုမိုတိုးတက်စေရန်အတွက် ဖုန်းမှ G~PS တည်နေရာကို ရယူပါလိမ့်မည်။]

[စမတ်နာရီ]
1 [သင့်နာရီလက်ပတ်ကို စစ်ဆေးပါ။]

[သင်သည် Gálá~xý Wá~tch ကို သတ္တုနာရီလက်ပတ်ဖြင့် အသုံးပြုနေပါက အင်တာနာတွင် အနှောင့်အယှက်ဖြစ်စေနိုင်ပြီး G~PS တိကျမှုကို သက်ရောက်စေနိုင်ပါသည်။]

2 [ဆော့ဝဲလ်အပ်ဒိတ်များအား စစ်ဆေးခြင်း]

[ဆော့ဖ်ဝဲအပ်ဒိတ်များသည် သင့်နာရီ၏ စွမ်းဆောင်ရည်ကို တိုးတက်စေပြီး ချို့ယွင်းချက်များကို ပြင်ပေးပါသည်။ သင့်နာရီမှ သတ်မှတ်ချက်များ သို့မဟုတ် သင့်ဖုန်းပေါ်ရှိ Gálá~xý Wé~áráb~lé အက်ပ်ကိုသုံး၍ ဆော့ဖ်ဝဲအပ်ဒိတ် ကိုနှိပ်ခြင်းဖြင့် ဆော့ဖ်ဝဲအပ်ဒိတ်များကို ပုံမှန်စစ်ဆေးကြောင်း သေချာပါစေ။]

3 [အပြင်သို့ယူသွားပြီး နာရီကို ပြန်စပါ။]

[သင်သည် အတွင်းခန်းအတွင်းရှိနေပါက နာရီပြန်စရန် အပြင်သို့သွားပါ။ အဆောက်အဦးများကြားရပ်နေခြင်း သို့မဟုတ် မုန်တိုင်းကဲ့သို့ ရာသီဥတုအခြေအနေ မကောင်းချိန်များတွင် ရပ်နေခြင်းမျိုးမလုပ်ရန် သေချာပါစေ။]

[၁. သင့်နာရီကိုပြန်စရန် ပင်မ ခလုတ်(ပါဝါ ခလုတ်) နှင့် နောက် ခလုတ် ကို တပြိုင်တည်းဖိနှိပ်ထားပေးပါ။]

[၂. ထို့နောက် ပါဝါပိတ်မည် ကိုနှိပ်ပါ။ နာရီလုံး၀ပိတ်သွားပါက ပြန်စရန်အတွက် ပင်မ ခလုတ်(ပါဝါ ခလုတ်) ကိုဖိနှိပ်ထားပါ။]

4 [သင့်ဖုန်းသည် မိုဘိုင်းကွန်ယင်တခုခုသို့ ချိတ်ဆက်ထားကြောင်း အတည်ပြုပါ။]

[သင့်ဖုန်းမှနေ၍ သတ်မှတ်ချက်များ သို့သွားပြီး ဖုန်းအကြောင်း ကိုနှိပ်ပါ။ အခြေအနေအချက်အလက် ကိုနှိပ်ပြီး SÍM ကဒ်အခြေအနေကို နှိပ်ပါ။ သင့် မိုဘိုင်းကွန်ယက်အခြေအနေတွင် "ချိတ်ဆက်ပြီးပါပြီ" ဟုပြနေကြောင်း သေချာပါစေ။]

[သင့်ဖုန်းတွင် မိုဘိုင်းဒေတာ မပေါ်ခြင်း သို့မဟုတ် ထုတ်လွှင့်ချက် နည်းနေခြင်းတို့ကြုံတွေ့ရပါက ကွန်ရက်အထောက်အပံ့ရရှိရန် သင့်ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပါ။]

[မိုဘိုင်း ကွန်ယက် အခြေအနေအောက်တွင် မရနိုင်ပါ ဟုပြထားခြင်]
5 [သင့်ဖုန်းနှင့် နာရီကို Blúé~tóót~h ဖြင့်ချိတ်ဆက်ထားကြောင်း သေချာပါစေ။]

[သင့်ဖုန်းမှ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်ပါ။ ပင်မ ခလုတ်ကို နှိပ်ရန် လိုအပ်နိုင်ပါသည်။ ကိရိယာများကို Bl~úétó~óth ဖြင့်ချိတ်ဆက်ထားပါက ချိတ်ဆက်ထားပါသည် ဟု ပေါ်နေပါလိမ့်မည်။]

  • [ကိရိယာများချိတ်ဆက်မထားပါက ၎င်းတို့၏နာမည်များ မှိန်နေပါလိမ့်မည်။ ကိရိယာများ ပြန်လည်ချိတ်ဆက်ရန် ကိရိယာနာမည်ကို နှိပ်နိုင်ပါသည်။]
  • [Wí-Fí~ ဖြင့်ချိတ်ဆက်ထားပါက "အဝေးမှချိတ်ဆက်ထားပါသည်"ဟု အက်ပ်တွင် ပြနေပါလိမ့်မည်။ ယခုကဲ့သို့ဖြစ်ပါက သင်သည် သတ်မှတ်ချက်များ သို့သွား၍ ချိတ်ဆက်မှုများ ကိုဝင်ပြီး ကိရိယာနှစ်ခုလုံးတွင် Blúé~tóót~h ကို နှိပ်ပေးရမည်ဖြစ်သည်။ ထို့နောက် Blú~étóó~th အတွက် ခလုတ်ကို ဖွင့်ပါ။]
6 [GPS အက်ပ်ကိုဖွင့်၍ သင့်တည်နေရာကို စစ်ဆေးပါ။]

[အပြင်ရောက်နေချိန်တွင် GPS အသုံးပြုပြီး သင့်နာရီ နှင့် ဖုန်း နှစ်ခုလုံးတွင် သင့်တည်နေရာအားဖော်ပြပေးနိုင်သည့် အက်ပ်ကိုဖွင့်ပါ။ ဥပမာအားဖြင့် သင်သည် Ú~ñdér~ Ármó~úrမှထုတ်သည့် Má~pMýR~úñ အက်ပ်ကိုသုံး၍ သင့်တည်နေရာကိုစစ်ဆေးနိုင်ပါသည်။ အက်ပ်အတွင်းတွင် လေ့ကျင့်ခန်းတခုလုပ်ပေးရန် လိုအပ်နိုင်ပြီး မြေပုံစခရင်ဆီသို့သွား၍ သင့်တည်နေရာကိုကြည့်နိုင်ပါသည်။]

[GPS သည် အအောက်အဦး သို့မဟုတ် အိမ်အတွင်းတွင် အလုပ်လုပ်မည်ဆိုသော်လည်း ထုတ်လွှင့်ချက်များရနိုင်ပြီး ဂြိုလ်တုများနှင့် ဆက်သွယ်နိုင်သည့် ကောင်းကင်ရှင်းလင်းနေသည့်နေရာတွင် အကောင်းဆုံးအလုပ်လုပ်ပါသည်။ အောက်ဖော်ပြပါများသည် G~PS ထုတ်လွှင့်ချက်ကို နှောင့်ယှက်နိုင်ပါသည်:]

  • [သင့်နာရီနှင့်ဖုန်း ချိတ်ဆက်မှုပြုတ်သွားသည်မှာ တရက်ကျော်ကြာသွားခြင်း။]
  • [သင့်ဖုန်း သို့မဟုတ် နာရီ သို့မဟုတ် နှစ်ခုစလုံးတွင် တည်နေရာဝန်ဆောင်မှု ပိတ်ထားခြင်း။]
  • [ကောင်းကင်တိုက်ရိုက်မြင်ကွင်းကို ပိတ်နေသည့် အအောက်အဦးများကြောင့်လည်း တည်နေရာထုတ်လွှင့်ချက် ပိတ်ဆို့ပြီး GPS ထုတ်လွှင့်ချက်အား လျော့သွားနိုင်ပါသည်။ မကောင်းသည့် သို့မဟုတ် တိမ်ထူသည့် ရာသီဥတုအခြေအနေများတွင်လည်း လျော့နည်းနိုင်ပါသည်။]
7 [နာရီပြန်လည်သတ်မှတ်ခြင်း]

[ပြဿနာဆက်ရှိနေသေးပါက Gálá~xý Wé~áráb~lé အက်ပ်ကိုသုံး၍ နာရီပြန်လည်သတ်မှတ်ပါ။ ပြန်လည်သတ်မှတ်ခြင်း ပြီးဆုံးပါက နာရီကိုဖုန်းဖြင့်ပြန်လည်ချိတ်ဆက်ပြီးနောက် ဆော့ဖ်ဝဲအပ်ဒိတ်များကို ဆက်လက်စစ်ဆေးပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]