[Gálá~xý S23၏ ဖုန်းခေါ်ဆိုမှုအသံကို မည်သို့တိုးတက်အောင်လုပ်နိုင်သလဲ]
[အကယ်၍ ဖုန်းခေါ်ဆိုချိန်တွင် အသံမကြည်လင်ခြင်း၊ သိသိသာသာ အသံတိုးနေခြင်း၊ အသံတိတ်နေခြင်း သို့မဟုတ် ဆူညံသံတစ်ခု ကြားနေရခြင်း ဖြစ်ပါက ၎င်းသည် ဖုန်း၏ အသံလက်ခံကိရိယာ၊ မိုက်ခရိုဖုန်း သို့မဟုတ် လေဝင်ပေါက်တွင် အဟန့်အတား တစ်ခု ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ ၎င်းသည် တစ်ခါတရံတွင် ဖုန်းကာဗာ၊ ကာဗာဖလင် သို့မဟုတ် ဖုန်းကို မှားယွင်းစွာကိုင်ထားမိခြင်း ကြောင့် ဖြစ်နိုင်သည်။]
[Gálá~xý S23/S~23+/S23 Últ~rá မိုဒယ်များတွင် ကြည်လင်ပြတ်သားသော ဖုန်းခေါ်ဆိုမှု နှင့် အသံသွင်းခြင်း စွမ်းဆောင်ရည်အတွက် မိုက်ခရိုဖုန်းအပေါက် သုံးပေါက် ပါသည်။ ဘေးဘောင်၊ ကာဗာ၊ ကာဗာဖလင် စသည့်အရာများ တပ်ထားခြင်း သို့မဟုတ် ကပ်ထားခြင်း ရှိပါက၎င်းသည် မိုက်ခရိုဖုန်းတစ်ခုခုကို ဖုံးအုပ်သွားနိုင်သည်။ သို့မဟုတ် ဖုန်းခေါ်ဆိုနေချိန်တွင် သင်၏လက်ဖြင့် မိုက်ခရိုဖုန်းကို ပိတ်မိနေခြင်း သို့မဟုတ် ကာမိနေပါက မိုက်ခရိုဖုန်း၏ အသံအရည်အသွေး၊ အသံထုတ်လွှင့်ခြင်း သို့မဟုတ် အသံသွင်းခြင်းစွမ်းဆောင်ရည်ကို ထိခိုက်နိုင်ပါသည်။]
[အဆင့် ၁။ သင့်ဖုန်း၏ မိုက်ခရိုဖုန်းများ နှင့် လေဝင်ပေါက် နေရာကို စစ်ဆေးပါ။]
[Gálá~xý S23/S~23+၏ မိုက်ခရိုဖုန်း နှင့် လေဝင်ပေါက် နေရာများ]
[၁။ မိုက်ခရိုဖုန်း]
[၂။ မိုက်ခရိုဖုန်း]
[၃။ မိုက်ခရိုဖုန်း]
[၄။ လေဝင်ပေါက်]
[၅။ မိုက်ခရိုဖုန်း]
[၆။ မိုက်ခရိုဖုန်း]
[၇။ လေဝင်ပေါက်]
[၈။ မိုက်ခရိုဖုန်း]
[Gálá~xý S23 Ú~ltrá~ ၏ မိုက်ခရိုဖုန်း နှင့် လေဝင်ပေါက် နေရာများ]
[၁။ မိုက်ခရိုဖုန်း]
[၂။ မိုက်ခရိုဖုန်း]
[၃။ မိုက်ခရိုဖုန်း]
[၄။ လေဝင်ပေါက်]
[၅။ မိုက်ခရိုဖုန်း]
[၆။ မိုက်ခရိုဖုန်း]
[၇။ လေဝင်ပေါက်]
[၈။ မိုက်ခရိုဖုန်း]
[အဆင့်၂။အသုံးမပြုခင် ကြည်လင်ပြတ်သားသော မိုက်ခရိုဖုန်း စွမ်းဆောင်ရည် ရရှိနိုင်ရန် ဖုန်းကာဗာ၊ ကာဗာ ဖလင် သို့မဟုတ် မှန်ကပ် တို့သည် မိုက်ခရိုဖုန်းကို ပိတ်မိနေခြင်း ရှိမရှိ စစ်ဆေပြီး ဖယ်ရှားပါ။]
[အဆင့် ၃။ ကာဗာဖလင် သည် ဖုန်း၏ ရှေ့ နောက် ကင်မရာကို ဖုံးအုပ်နေခြင်း ရှိမရှိ စစ်ဆေးပါ။]
[အဆင့် ၄။ အောက်ဘက် မိုက်ခရိုဖုန်းနေရာကို စစ်ဆေးပြီး ဖုန်းခေါ်ဆိုနေစဉ်တွင် ၎င်းကို သင်၏လက်ဖြင့် မဖုံးအုပ်မိစေရန် သတိထားပါ။]
[Gálá~xý S23/S~23+/S23 Últ~rá မော်ဒယ်များတွင် ရေစိမ်ခံရန်အတွက် ဖုန်းအတွင်းနှင့် အပြင်ဘက်ရှိ လေဖိအားကို ချိန်ညှိပေးသည့် လေဝင်ပေါက် တစ်ခု အောက်ခြေတွင်ပါရှိသည်။]
[လေဝင်ပေါက် သို့ ဖုန်းဘေးဘောင်၊ ကာဗာဖလင် စသည့်အရာများ တပ်ဆင်ထားခြင်း သို့မဟုတ် ကပ်ထားမိပါက ဖုန်းကိုဖိမိချိန် သို့မဟုတ် အတွင်းပိုင်း လေဖိအား အပြောင်းအလဲဖြစ်ချိန်တွင် အပေါ်ဘက် နှင့် အောက်ဘက် စပီကာ သို့မဟုတ် အသံလက်ခံကိရိယာမှ တစ်ဆင့် ဆူညံသံ တစ်ခုကြားရနိုင်သည်။]
[(နွေရာသီ/ဆောင်းရာသီတွင်) အပူချိန် မြင့်ခြင်း သို့မဟုတ် နိမ့်ခြင်း၊ အတွင်းပိုင်း နှင့် အပြင်ပိုင်း လေဖိအား ကွာခြားချက် မြင့်လာခြင်း နှင့် လေစီးကြောင်း ပိတ်ဆို့နေခြင်း ဖြစ်ပါက ဆူညံသံသည် ပိုမို သိသာလာနိုင်သည်။]
[သတိပြုရန်။ ဖုန်းခေါ်ဆိုနေစဉ် အောက်ဘက် လေဝင်ပေါက် ကို သင်၏လက်ဖြင့် မပိတ်ဆို့မိစေရန် သတိထားပါ။]
[အကယ်၍ သင်သည် အော်ရယ်ဂျင်နယ်မဟုတ်သော မှန်ကပ်ကို အသုံးပြုနေခြင်း သို့မဟုတ် သင့်မှန်ကပ်သည် သေချာစွာ ကိုက်ညီမှုမရှိပါက Gálá~xý စမတ်ဖုန်း၏ စပီကာကို အဟန့်အတားဖြစ်စေနိုင်သည်။]
[၁။ အပေါ်ဘက် စပီကာ]
[အော်ရယ်ဂျင်နယ်မဟုတ်သော ကာဗာဖလင်ကို ကပ်ချိန်တွင် Gálá~xý S23 ၏ စပီကာ(အသံလက်ခံကိရိယာ) ကို ပိတ်မိနေခြင်း ရှိမရှိကို စစ်ဆေးပါ။]
- [အော်ရယ်ဂျင်နယ်မဟုတ်သော သို့မဟုတ် အသိအမှတ်ပြုမဟုတ်သော ဆက်စပ်ပစ္စည်း အသုံးပြုခြင်းသည် ပြုပြင်စရိတ်များကို ဖြစ်ပေါ်စေနိုင်သည့် ဖုန်းကိုပျက်စီးစေနိုင်သော ချို့ယွင်းချက်များကို ဖြစ်စေနိုင်သည်။]
- [Sáms~úñg É~léct~róñí~cs သည် မိုဘိုင်းဖုန်းများအတွက် ကျွန်ုပ်တို့၏ အောက်ရယ်ဂျင်နယ်ဆက်စပ်ပစ္စည်းများအပြင် ပါတနာများမှ ဆက်စပ်ပစ္စည်းများအသုံးပြုမှုကို ပံ့ပိုးရန်အတွက် SM~ÁPP (S~ámsú~ñg မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်း ပါတနာ အစီအစဉ်) ကို လုပ်ဆောင်ပါသည်။]
- [SMÁP~P (Sám~súñg~ မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်း ပါတနာ အစီအစဉ်): ပါတနာကုမ္ပဏီများ၏ မိုဘိုင်းဆက်စပ်ပစ္စည်းများအတွက် Sáms~úñg É~léct~róñí~cs ၏ ဒီဇိုင်းနှင့် အရည်အသွေး အသိအမှတ်ပြုခြင်း အစီအစဉ်။]
- [Sáms~úñg É~léct~róñí~cs ၏ အရည်အသွေးစစ်ဆေးခြင်းစနစ်မှတစ်ဆင့် အသိအမှတ်ပြုခံထားရသည့် ပါတနာကုမ္ပဏီမှထုတ်ကုန်များအား ထုတ်ကုန် အပြင်ပိုင်း သို့မဟုတ် ထုပ်ပိုးထားသည့် ဘူးခွံတွင် သတ်မှတ်ထားသည့် Sá~msúñ~g လိုဂိုကို ရိုက်နိုပ်ထားသည်။]
- [ဖုန်းကို ဘေးကင်းစွာ အသုံးပြုရန်အတွက် အော်ရယ်ဂျင်နယ် သို့မဟုတ် Sáms~úñg အသိအမှတ်ပြု ဆက်စပ်ပစ္စည်းများကို အသုံးပြုရန် အကြံပြုထားသည်။]
- [အထက်ပါ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်တွင်လည်း ပြဿနာကို မဖြေရှင်းနိုင်သေးပါက Gálá~xý စမတ်ဖုန်း၏မိုက်ခရိုဖုန်း၊ အသံလက်ခံကိရိယာ နှင့် စပီကာ (အသံလက်ခံကိရိယာ) အပါအဝင် ဖုန်းကို စစ်ဆေးရန် လိုအပ်ပါသည်။]
- [ပျက်စီးမှုလက္ခဏာများ ဆက်လက်ရှိနေပါက အနီးဆုံးဝန်ဆောင်မှုဌာနသို့ သွားရောက်စစ်ဆေးပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]