[Gálá~xý ဖုန်းကို ဘယ်လိုသန့်ရှင်းမလဲ။]
[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 22.09.2020]
[သင့် Gálá~xý ဖုန်းအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးမွှားအန္တရာယ်မှကာကွယ်ရန် အောက်တွင်ဖော်ပြထားသော လမ်းညွှန်ချက်များအား ကိုးကားလုပ်ဆောင်ပါ။]
[သင့်ဖုန်းကို သန့်ရှင်းရေးလုပ်ရန်အတွက် လိုက်နာရန် လမ်းညွှန်ချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။]
- [သန့်ရှင်းရေးမပြုလုပ်မီ သင့် Gálá~xý စမတ်ဖုန်းအားပါဝါပိတ်ရန် ၊ ဖုန်းကာဗာများချွတ်ထားရန် ၊ ကြိုး သို့မဟုတ် အသုံးအဆောင်ပစ္စည်းအားလုံးကိုဖြုတ်ထားရန်]
- [နူးညံ့ပြီး အမျှင်မပါသည့် ကင်မရာသန့်ရှင်းသည့်အဝတ်ကဲ့သို့သော အဝတ်နုနုဖြင့် သင့်ဖုန်းအပြင်ဘက်နေရာများအား ဖြည်းညှင်းစွာ သုတ်ပေးပါ။]
- [ဖုန်း၏ အပေါက်များအား စိုစွတ်မှုမရှိစေဘဲ သင့်ဖုန်းပေါ်သို့ အရည်များကို တိုက်ရိုက်လောင်းချခြင်း မပြုလုပ်ရန် လိုအပ်ပါက အဝတ်၏ ထောင့်နားများကို ရေသန့်အနည်းငယ်ဖြင့် သို့မဟုတ် ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၅၀ - ၈၀ ppm ) သို့မဟုတ် အရက်ကိုအခြခံသည့် ( အီသနော ၇၀ ရာခိုင်နှုန်းအထက် သို့မဟုတ် အရက်ပျံ) စသည်တို့ကိုအသုံးပြု၍ သင့်ဖုန်းအရှေ့နှင့်အနောက်ခြမ်းအား အရမ်းမဖိမိစေဘဲညင်သာစွာသုတ်၍ သန့်ရှင်းပေးပါ။ အလွန်အမင်းမပွတ်တိုက်မိစေရန် ရှောင်ကြဉ်ပါ။]
- [လေဖိအားဖြင့် သို့မဟုတ် စပရေး သို့မဟုတ် အရည်များဖြင့် သင့်ဖုန်းကို တိုက်ရိုက်မလောင်းချပါနှင့်။]
- [ယခု သန့်ရှင်းရေးအကြံပြုချက်များသည် သင့်ဖုန်း၏မှန် ၊ ကြွေထည်နှင့် သတ္တုမျက်နှာပြင်များအတွက်သာရည်ရွယ်ပြီးအပျော့စားအသုံးအဆောင်ပစ္စည်းများဖြစ်သည့်သားရေ ၊ ရာဘာ သို့မဟုတ်ပလတ်စတစ်တို့ဖြင့်ပြုလုပ်ထားသည်များအတွက် အသုံးပြုနိုင်မည်မဟုတ်ပါ။]
[မှတ်သားရန်]
- [လမ်းညွှန်ချက်ပေးသည်များမှာ Gálá~xý စမတ်ဖုန်းများGá~láxý~ tábl~ét များနှင့် Gá~láxý~ Wátc~h ( နာရီလက်ပတ်များပါ ပါဝင်သည်)]
- [လမ်းညွှန်ချက်မပေးသည်များမှာ Gálá~xý Bú~ds ၊ ကီးဘုတ် ( ပြင်ပသုံး ကီးဘုတ်များနှင့် Gá~láxý~ လက်ပ်တော့များ၏ ကီးဘုတ်များ) ၊ လက်ပတ်ပစ္စည်းများ၏ ပလတ်စတစ် လက်ပတ်ကြိုးများနှင့် ဖော်ပြမထားသည့် အခြားသောSáms~úñg ထုတ်ကုန်များ။]
[ငြင်းဆိုချက်:]
- [ဖော်ပြထားသောလမ်းညွှန်ချက်များဧ။် အကျိုးအာနိသင် အတွက် Sáms~úñg မှတစုံတရာ အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။ မိမိဖုန်းအားစနစ်တကျ သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် ဖုန်းရှိ ဘက်တီးရီးယား၊ ပိုးမွားများ နှင့် ဗိုင်းရပ်စ်အားလုံး ကို သုတ်သင်ရှင်းပေးခြင်းသာဖြစ်သည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]