[သင့်ရဲ့ Ñóté~10 ဖုန်းထဲကို အပိုပစ္စည်း ဘယ်လိုထည့်သွင်းပါမလဲ ။]
[သင့်ရဲ့ Ñóté~10/10+ ဖုန်းက နဂိုမူလကပင် ကောင်းလှပြီဖြစ်သည်၊ သို့သော်လည်း အခြားအရာတစ်ခု -အပိုပစ္စည်းများက ပိုပြီး အံသြဖွယ်ရာဖြစ်အောင် လုပ်နိုင်ပါသေးသည်။ အပိုပစ္စည်းများက သင့်အား သီချင်းနားထောင်ခွင့်ပေးသည့်အပြင် သင့်ဖုန်းကိုစတိုင်ကျအောင်လုပ်ပေးသလို အကာအကွယ်လည်း ပေးနိုင်ပါသေးသည်။]
[သင့်ဖုန်းအသစ်ရဲ့ အရေးအကြီးဆုံးအပိုင်း - Ñóté~10/Ñóté~10+ ဖုန်းများကို အခြားဖုန်းများနှင့်ယှဉ်လျှင် နှာတစ်ဖျားအစွန်းထွက်စေရန် ပြုလုပ်ပေးသော S Péñ~ ကို မမေ့လိုက်ပါနဲ့။ ပန်များ က အော်ရာ အဖြူရောင်၊ အော်ရာ အပြာရောင် နှင့် အော်ရာ အနက်ရောင်တို့ဖြင့် လာပါသည်။ သင့် S Péñ~ ၏ အရောင်က သင့်ထံတွင်ရှိသော Ñóté~10/Ñóté~10+အရောင် အပေါ် မူတည်ပါသည်။ ထို့အပြင် S Péñ~ အသစ်၌ သွင်ပြင်သစ်များအားလုံး နှင့် စွမ်းရည်အမျိုးမျိုးရှိသည်ကို မမေ့လိုက်ပါနှင့်။
]
[စကရင်မျက်နှာပြင် အကာအကွယ်များက သင့်ဖုန်းကို အစွန်းအထင်းများ နှင့် လက်ဗွေရာထင်မှုများမှ ကင်းဝေးစေပါသည်။ ယင်းက သင့်ဖုန်းအတွင်းသို့ ဖုန်မှုန့်များဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးသည်။ Ñóté~10/10+ က စကရင်မျက်နှာပြင်င်အကာအကွယ် တပ်ဆင်ပြီးသားပုံစံဖြင့် လာပါသည်။]
[မှတ်ချက် - Sáms~úñg မှ အတည်ပြုထားသည့် မျက်နှာပြင် အကာအကွယ်များကိုသာ အသုံးပြုပါ။
]
[လူတိုင်းက ၄င်းတို့၏စတိုင်ဖြင့် ကိုက်ညီသည့် ဖုန်းခွံတစ်ခုရှိရသည်ကို နှစ်သက်ပါသည်။ ဒါပေမယ့် တစ်ချို့အခွံများက သူတို့ဖာသာ တကယ်ပဲ တောက်ပြောင်ပြီးဖြစ်တယ်ဆိုတာ သင်သိပါသလား။ Sáms~úñg တွင် သင့်ထံ ဖုန်း၊ စာသား မက်ဆေ့ခ်ျ သို့မဟုတ် အသိပေးချက်တစ်ခု ဝင်လာချိန်တွင် L~ÉD မီးအသေးစားများ မှိတ်တုတ် မှိတ်တုတ်လင်းလက်သော LÉ~D ဖုန်းအခွံများ ရှိပါသည်။ အမျိုးအစား နှစ်မျိုးမှာ - ပိုက်ဆံအိတ်ပမာ LÉD~ အခွံ နှင့် ကျောကာ LÉD အခွံ တို့ဖြစ်ကြသည်။]
[ပုံအတွင်း ပြဆိုထားသည့်အတိုင်း ပိုက်ဆံအိတ်ပမာ LÉD အခွံက သင်၏ ခရက်ဒစ်ကတ်များ သို့မဟုတ် အခြားပစ္စည်းများကို ထည့်သိုရန် အိတ်ကပ်များ ပါရှိပါသည်။ အခွံ၏ အဖုံးကို ပိတ်ထားချိန်အတွင်း သင် အသိပေးချက်တစ်ခုရရှိသည့်အခါတိုင်း L~ÉD အလင်း နှင့် အညွှန်းလက္ခဏာက လင်းလာပါလိမ့်မည်။ သင့်အား မည်သူကဆက်သွယ်သည် သို့မဟုတ် သင် မည်သည့် အသိပေးချက်မျိုးရရှိသည်ဆိုသည့်အပေါ် အခြေပြုပြီး ယင်းတို့ကို သင့်စိတ်ကြိုက် ပုံသွင်းနိုင်ပါသေးသည်။]
[အခြားတဖက်တွင် ကျောကာ LÉD အခွံတွင် ရှေ့ဖုံး မပါရှိပါ။ ယင်းက ပုံမှန်အခွံတစ်ခုနှင့် အလားတူပါသော်လည်း သင်ထံ ဖုန်းဝင်လာချိန်များ သို့မဟုတ် အခြား အသိပေးချက်များဝင်လာချိန်တွင် L~ÉD မီးက လင်းလက်လာပါလိမ့်မည်။ ထပ်ဆောင်းပြီးလည်း သင်၏ Ñó~té10+ ကို မှောက်ချထားချိန်တွင် ကျောကာ LÉ~D ၏မီးက မှိန်လိုက် လင်းလိုက် ဖြစ်ပါလိမ့်မည်။]
[မှတ်ချက် - ÑFC နှင့် ဆမ်ဆောင်း ငွေပေးစနစ် (S~ámsú~ñg Pá~ý) တို့က အခွံရှိ LÉD~ များကို အသုံးပြုချိန်တွင် အလုပ်လုပ်မည် မဟုတ်နိုင်ပါ။]
[Ñóté~10/Ñóté~10+ တွင် ÚSB-C~ ခေါင်းပါသည့် ÁKG နားကြပ်များ ပါဝင်ပါသည်။ ယင်းကို သင့်ဖုန်းပေါ်ရှိ Ú~SB-C ဝင်ပေါက် - သင်၏ ဘက်ထရီအားသွင်းကြိုးဝင်ပေါက် - တွင်သာ တပ်လိုက်ပါ။ ဝိုင်ယာကြိုးဖြင့် မဆက်ပဲ ဘာမဆိုနားထောင်ရန် နားကြပ်များကိုလည်း အသုံးပြုနိုင်ပါသည်။]
[မှတ်ချက် - Sáms~úñg á~dápt~érs များ နှင့် အပိုပစ္စည်းများကိုသာ သင့်ဖုန်းနှင့်တွဲ၍ အသုံးပြုပါ။
]
[သတိပြုရန် - နှစ်ခုတွဲ ádáp~tér အသုံးပြု၍ အားသွင်းကြိုးနှင့် နားကြပ်ကို တစ်ချိန်တည်းတွင် ဆက်သွယ်သည့်အချိန်၌ အပူလွန်သည့် ပြဿနာ သို့မဟုတ် နားကြပ်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပါသည်။]
[Ñóté~10+ မိုဒယ်အားလုံးတွင် ဂိမ်းများ၊ ရုပ်ရှင်များ နှင့် အခြားအပိုအရာများကဲ့သို့သော အက်ပ်များအတွက် သိုလှောင်စရာ အများအပြားပါရှိပါသည်။ သို့သော်လည်း သင့်အနေဖြင့် အပိုနေရာများ ထပ်လိုအပ်သေးပါက ရွေးချယ်စရာအမျိုးမျိုးရှိပါသေးသည်။ အပိုသိုလှောင်မှု 1TB အထိ ရရှိရန် Ñó~té10+ က mí~cróS~D ကတ်ကို အသုံးပြုနိုင်ပါသည်။ အကြောင်းအရာများကို ဘက်အပ်လုပ်ရန် သို့မဟုတ် သိမ်းဆည်းရန် နှင့် ယင်းတို့ကို ဘယ်နေရာရောက်ရောက် အလှမ်းမီရရှိရန် Cló~úd ဝန်ဆောင်မှုများကို အသုံးပြု၍ သင်၏ သိုလှောင်စွမ်းကို ချဲ့ထွင်ပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]