[သင့် Gálá~xý ဖုန်းကို ဘယ်လိုသန့်ရှင်းမလဲ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022]

[သင့်ဖုန်းကို နေ့စဉ်အသုံးပြုခြင်းဖြင့် လက်ဗွေသို့မဟုတ် စခရင်ပေါ်တွင် စွန်းရာများရှိနေနိုင်ပါသည်။ သင့်ဖုန်းထဲသို့ ပြင်ပပစ္စည်းတခုခုဝင်နေပါက ချက်ခြင်းဖယ်ရှားရန်အကြံပြုပါသည်။ သင့် Gálá~xý ဖုန်းအား သေချာသန့်ရှင်းနည်းနှင့် ကျန်းမာရေးနှင့်အညီသုံးနည်းကို လေ့လာရန် အောက်ပါလမ်းညွှန်များအတိုင်းလုပ်ဆောင်ပါ။]

[သင့် Gálá~xý ဖုန်းအား မသန့်ရှင်းမီ]

[အဆင့် ၁။ သင့် Gálá~xý ဖုန်းအား မသန့်ရှင်းမီ သင့်ဖုန်းအားပိတ်ထားပြီး ကြိုးများဖြုတ်ထားကြောင်း သေချာပါစေ။]

[အဆင့် ၂။ သင့်ဖုန်းရှိ ကပ်ခွာ သို့မဟုတ် ကာဗာများကိုဖြုတ်ပါ။]

[သင့် Gálá~xý ဖုန်းကို သေချာဘယ်လိုသန့်ရှင်းမလဲ။]

[သင့်ဖုန်း၏ ဖန် ၊ ကြွေနှင့် သတ္တုမျက်နှာပြင်များကိုသန့်ရှင်းရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။]

[အဆင့် ၁။ အမျှင်မပါသည့် မိုက်ခရိုဖိုင်ဘာအဝတ်စကို ပြင်ဆင်ထားပါ။ သင့်ဖုန်းကိုသန့်ရှင်းရန် အထူးထုတ်ထားသည့်မှန်ဘီလူးသန့်ရှင်းရေးအဝတ်ကိုလည်း အသုံးပြုရနိုင်ပါသည်။]

[သင့်ဖုန်း၏မျက်နှာပြင်ကို မိုက်ခရိုဖိုင်ဘာအဝတ်ဖြင့် သန့်ရှင်းပေးပါ။]

[အဆင့် ၂။ အဝတ်စဖြင့် ဖုန်း၏အရှေ့နှင့်အနောက်ကို အားအနည်းငယ်သုံး၍ သုတ်ပေးပါ။]

[• သင့်ဖုန်းကို မိုးရေစိမ်ထားသည့်အဝတ်ဖြင့်သန့်ရှင်းပေးနိုင်ပါသည်။ ဖုန်းကို အစိုဓာတ်အလွန်အကျွံမထိမိအောင် ဂရုစိုက်ပါ။
• သင့်ဖုန်းအားသန့်ရှင်းရန် 70% အရက်ပြန်အရည် သို့မဟုတ် အီသိုင်လ်းအရက်ကဲ့သို့ အရက်ပြန်အခြေပြု လက်သန့်ဆေးများကိုအသုံးပြုနိုင်ပါသည်။
• သင့်ဖုန်းကို မိုးရေထဲသို့မဟုတ် သန့်ရှင်းနေသည့်အရည်ထဲ မစိမ်ပါနှင့်။
• နားကြပ်ပေါက်နှင့် အားသွင်းပေါက်ကဲ့သို့ ပွင့်နေသည့်နေရာများကို အစိုဓာတ် သို့မဟုတ် ပိုးသတ်ဆေးများမထိမိအောင် ရှောင်ကြဉ်ပါ။]

[မှတ်ချက်။]

[• ဖုန်းမျက်နှာပြင်ကိုထိခိုက်နိုင်သည့်အတွက် ဖုန်းကို သန့်ရှင်းရန်လေဖိအားကို အသုံးမပြုပါနှင့်။
• သင့်ဖုန်းကိုသန့်ရှင်းရာတွင် ဘယ်သောအခါမှ အစွန်းချွတ်ဆေးကိုမသုံးပါနှင့်။
• ယခုလမ်းညွှန်သည် အထူးသဖြင့် Gálá~xý ဖုန်းများ ၊ Gá~láxý~ တက်ဘလက်များနှင့် Gálá~xý နာရီများ(လက်ပတ်ဖြုတ်ထားစဉ်)တို့အတွက် သန့်ရှင်းရေးနည်းစနစ်များဖြစ်ပါသည်။ Gá~láxý~ နားကြပ်သို့မဟုတ် ကီးဘုတ်ကဲ့သို့ အထက်တွင်မပါသည့် ထုတ်ကုန်များအတွက် သန့်ရှင်းရေးနည်းလမ်းများ ကွဲပြားနိုင်သည်ကို သတိပြုပါ။
• ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]