[သင့် Sáms~úñg G~áláx~ý စက်မှာ ဖိုင်တွေကို ဘယ်လိုရှာဖွေပြီး စီမံခန့်ခွဲမလဲ]
[သင့် Gálá~xý စက်တွင် ဖိုင်များကို ဒေါင်းလုတ်လုပ်ခြင်း၊ ရှာဖွေခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် နည်းလမ်းများစွာရှိပါသည်။ အချက်အလက်များကို စုစည်းစီမံနိုင်ပြီး၊ ဖိုင်များကို မတူညီသော သိုလှောင်ခန်းနေရာများသို့ ကူးယူခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း၊ ဖိုင်များကို ကွန်ပြူတာတစ်ခုထဲသို့ လွှဲပြောင်းခြင်း၊ ထို့အပြင် သိုလှောင်ခန်းကို စနစ်တကျထားရှိနိုင်ရန် ဖိုင်တွဲအသစ်များကို ဖန်တီးခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ဒေါင်းလုတ်လုပ်ထားသော ဖိုင်များကိုရှာဖွေရန်နှင့် အချက်အလက်များကို ထိရောက်စွာ စီမံခန့်ခွဲရန် အောက်ပါအဆင့်များအတိုင်း လိုက်လုပ်ပါ။]
[ဒေါင်းလုတ်လုပ်ထားသောဖိုင်များကို ရှာဖွေနည်း]
[ကျွန်ုပ်၏ ဖိုင်များ အက်ပ်သည် သင့်ဖိုင်များကို အမျိုးအစားအလိုက် အလိုအလျောက် အုပ်စုခွဲခြားပေးသည်။ ဒေါင်းလုတ်လုပ်ထားသော ဖိုင်များကို ဒေါင်းလုတ်များ အုပ်စုတွင် သိမ်းဆည်းပေးထားသည်။]
[မှတ်ချက်-]
- [ဒေါင်းလုတ်လုပ်ထားသော ဖိုင်အများစုကို ကျွန်ုပ်၏ဖိုင်များ အက်ပ်မှတဆင့် ဖွင့်နိုင်ပါသည်။]
- [မူပိုင်ခွင့်ကန့်သတ်ချက်များကြောင့် မီဒီယာဖိုင်အချို့ကို ထိုဖိုင်များ၏ သက်ဆိုင်ရာအက်ပ်များတွင်သာ ဖွင့်နိုင်ပါသည်။]
[ပူးတွဲဖိုင်များကို ဒေါင်းလုတ်လုပ်နည်း]
[ဖိုင်တစ်ခုကို ဒေါင်းလုတ်လုပ်ရန် အောက်ပါအဆင့်များအတိုင်း လိုက်လုပ်ပါ။]
[မှတ်ချက်-]
- [Scrí~pt များကို ကန့်သတ်ထားသော ဝဘ်ဆိုက်များတွင် ဒေါင်းလုတ်လုပ်ရန် ရွေးချယ်ခွင့်ကို ပိတ်ထားခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း ဖြစ်နိုင်ပါသည်။]
- [ဒေါင်းလုတ်စတင်ခြင်းမရှိပါက သင့်ရဲ့ အင်တာနက်ချိတ်ဆက်မှု သို့မဟုတ် သိုလှောင်ခန်း၏ သိမ်းဆည်းနိုင်သောနေရာလွတ် ကို စစ်ဆေးပါ။]
- [လုံခြုံရေးအတွက်၊ ယုံကြည်စိတ်ချရသော ဝဘ်ဆိုက်များမှသာ ဖိုင်များကို ဒေါင်းလုတ်လုပ်ပါ။]
[ပြင်ပသိုလှောင်ခန်းသို့ ဖိုင်များကို ကူးယူနည်း သို့မဟုတ် ရွှေ့နည်း]
[သင့် Gálá~xý စက်သည် SD~ ကတ်ထည့်၍သုံးနိုင်ပါက သို့မဟုတ် ÓTG ကို အသုံးပြု၍ Ú~SB သို့မဟုတ် SD~ သိမ်းဆည်းခန်း နှင့် ချိတ်ဆက်ထားပါက စက်တွင်း သိမ်းဆည်းခန်းမှ ဖိုင်များကို ပြင်ပ သိမ်းဆည်းခန်းသို့ ရွှေ့ပြောင်းခြင်း သို့မဟုတ် ကူးယူခြင်း ပြုလုပ်နိုင်ပါသည်။]
[မှတ်ချက်- SD ကတ်ပံ့ပိုးမှုမှာ သင့်စက်မော်ဒယ်ပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။]
[Gálá~xý စက်နှင့် ကွန်ပျူတာ အကြား ဖိုင်များ လွှဲပြောင်းနည်း]
[သင့်စက်ကို ÚSB ကြိုးကိုသုံး၍ ကွန်ပျူတာတစ်လုံးနှင့် ချိတ်ဆက်ပြီး Ú~SB အသုံးပြုမှု ရွေးချယ်မှုကို ပြောင်းလဲရွေးချယ်ခြင်းဖြင့် ဖိုင်များကို လွှဲပြောင်းနိုင်ပါသည်။]
[ဖိုင်တွဲအသစ်တစ်ခု ဖန်တီးနည်း]
[သင့်ဖိုင်များကို အမျိုးအစား၊ ပရောဂျက် သို့မဟုတ် အသုံးပြုမှုအလိုက် စုစည်းစီမံ နိုင်ရန် ဖိုင်တွဲများ ဖန်တီးပါ။]
[ဖိုင်တွဲတစ်ခုကို နေရာရွှေ့ပြောင်းနည်း]
[ဖိုင်များ သို့မဟုတ် ဖိုင်တွဲများကို ပယ်ဖျက်နည်း]
[သိုလှောင်ခန်းကို နေရာပိုမိုလွတ်စေရန် ကျွန်ုပ်၏ဖိုင်များ အက်ပ်မှ မလိုအပ်သော ဖိုင်များ သို့မဟုတ် ဖိုင်တွဲများကို ပယ်ဖျက်နိုင်ပါသည်။]
[မှတ်ချက်-]
- [အမှိုက်ပုံးကို မော်ဒယ်အားလုံးတွင် သုံးနိုင်မည်မဟုတ်ပါ။]
- [အမှိုက်ပုံးတွင် သိမ်းဆည်းထားသော ဖိုင်များကို ရက် ၃၀ ကြာပြီးနောက်တွင် ရာသက်ပန်အပြီး ဖျက်ပစ်ပါသည်။]
- [မီနူးအမည်များ၊ လမ်းကြောင်းများနှင့် ဖန်သားပြင်စာမျက်နှာအပြင်အဆင်များသည် သင့်စက်မော်ဒယ်၊ ဆော့ဖ်ဝဲ သို့မဟုတ် အက်ပ်ဗားရှင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]