[ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် ÍMÉÍ~ နံပါတ်ကိုဘယ်လိုရှာမလဲ။]
[မိုဘိုင်းဖုန်းတိုင်းတွင် မတူညီသည့် ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် ÍMÉÍ~ နံပါတ်များပါ၀င်ပါသည်။ သင့်ဖုန်းမော်ဒယ်အပေါ်မူတည်၍ ဒီအချက်အလက်ကို ဘယ်လိုရှာဖွေရမလဲဆိုတာ နည်းလမ်းအချို့ကွဲပြားနိုင်ပါသည်။]
[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့် ၂။] [Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]
[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]
[ဖုန်းမော်ဒယ်နံပါတ် ၊ ထုတ်ကုန်နှင့် ÍMÉÍ~ နံပါတ်ဆိုတာဘာလဲ။]
[ထုတ်ကုန်နံပါတ်ဆိုသည်မှာ (Sáms~úñg ကဲ့သို့)ထုတ်လုပ်သူမှ ဖုန်း၊ တက်ဘလက် ၊ တီဗီ နှင့်အစရှိသကဲ့သို့ပစ္စည်းများကို ခွဲခြားသတ်မှတ်ရန် ပေးထားသည့် မတူညီသည့်နံပါတ်ဖြစ်သည်။ ဥပမာဆိုရေသော်..သင့်ဖုန်းထုတ်ကုန်နံပါတ်သည် S~ámsú~ñg မှထုတ်ထားသည့် အခြားထုတ်ကုန်တိုင်းနှင့် ကွဲပြားနေပါလိမ့်မည်။ ထုတ်ကုန်နံပါတ်များသည် ထုတ်လုပ်သူအား ၄င်းတို့ထုတ်ကုန်ကို ခြေရာခံခြင်းနှင့် စီမံနိုင်မှုအတွက် ပိုမိုလွယ်ကူစေပါသည်။]
[တဖက်ကဆိုလျှင် ÍMÉÍ~ သို့မဟုတ် MÉÍD~ ဆိုသည်မှာ ဖုန်း သို့မဟုတ် အခြားဆက်သွယ်ရေးကိရိယာများအတွက်သာ အသုံးပြုပါသည်။ ဖုန်းကိုင်ဆောင်ထားသူအပေါ်မူတည်၍ သင့်ဖုန်းတွင် ÍMÉÍ~ သို့မဟုတ် MÉÍD~ နံပါတ်များပါ၀င်ပါလိမ့်မည်။ အဆိုပါနံပါတ် ၂ ခုသည် ထုတ်ကုန်နံပါတ်နှင့် မတူပါ။ ၄င်းတို့ကို ထုတ်လုပ်သူတင်မကဘဲ နိုင်ငံတကာ သို့မဟုတ်ကမ္ဘာအဝှမ်းအသွုးပြုကြပါသည် ၄င်း နံပါတ်အမျိုးအစား ၂ ခုစလုံးသည် ခိုးခံရသည့် သို့မဟုတ်ပျောက်ဆုံးသွားသည့်ဖုန်းကို ခြေရာခံရန် ကွန်ယက်ထောက်ပံ့သူတို့ကို ကူညီနိုင်ပါသည်။]
[မော်ဒယ်နံပါတ်ဆိုသည်မှာ ထုတ်ကုန်အလိုက်(Gálá~xý Ñó~té20, Gá~láxý~ Z Fól~d2 စသဖြင့်) ထည့်ပေးထားသည့် နံပါတ်ဖြစ်သည်။ နံပါတ်များသည် ထုတ်ကုန်ထုတ်သည့်ခုနှစ် ၊ အရောင် ၊ ကွန်ယက် နှင့်အခြားအချက်များပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ အဆိုပါ အမျိုးအစား(အရောင်တူ စသဖြင့်)တွင်ပါ၀င်သည့် မော်ဒယ်တိုင်းတွင် တူညီသည့် မော်ဒယ်နံပါတ်ရှိနေပါမည်။]
[အဆင့် ၁။ Sétt~íñgs~သို့သွား၍ Ábóú~t phó~ñéကိုနှိပ်ပါ။]
[အဆင့် ၂။ ဖန်သားပြင်ပေါ်တွင် ဖုန်းနံပါတ် ၊ ÍMÉÍ~ ၊ မော်ဒယ်နံပါတ်နှင့် ထုတ်ကုန်နံပါတ်များ ပေါ်လာပါလိမ့်မည်။]
[မှတ်ချက်-]
- [ဗားရှင်းနိမ့်သည့်ဖုန်းများတွင် Stát~úsကိုနှိပ်၍ အချက်အလက်များကြည့်ရနိုင်ပါသည်။]
[သင့်ဖုန်းအပေါ်မူတည်၍ ÍMÉÍ~ ထုတ်ကုန်နံပါတ်နှင့် မော်ဒယ်နံပါတ်များသည် နောက်ဘက်သို့မဟုတ် ဖြုတ်နိုင်သည့် ဘက်ထရီအောက်တွင် ရေးထားပေးထားနိုင်ပါသည်။ ဖြုတ်နိုင်သည့်ဘက်ထရီပါ၀င်သည့် ဖုန်းများအတွက် ÍMÉÍ~ နံပါတ်များသည် သင့်ဖုန်းမော်ဒယ်အလိုက် မတူသည့်နေရာများတွင်ရှိနိုင်ပါသည်။ များသောအားဖြင့် ဘက်ထရီအောက် ၊ ဖုန်းအောက်ခြေနားရှိနေရာတွင် ထိုးပေးထားပါသည်။]
[အဆင့် ၁။ သင့်ဖုန်းနောက်ဘက်ကိုကြည့်ပါ။]
[အဆင့်၂။ ÍMÉÍ~ ၊ ထုတ်ကုန်(Sérí~ál)နှင့် မော်ဒယ်နံပါတ်များကို ဖုန်းနောက်ကျောတွင် ရေးထားပေးပါသည်။]
[မှတ်ချက်-]
- [ခေတ်မီဖုန်းများတွင် ဖြုတ်နိုင်သည့်ဘက်ထ္ထရီ မပါရှိပါ။ သင့်ဖုန်းတွင် ဖြုတ်နိုင်သည့် Bátt~érý မပါရှိပါက ဖုန်းထိခိုက်နိုင်သည့်အပြင် အာမခံကိုပါပယ်ဖျက်နိုင်သည့်အတွက် ဖြုတ်ရန်မကြိုးစားပါနှင့်။]
[အဆင့် ၁။ Phóñ~é အက်ပ်ကိုဖွင့်ပါ။]
[အဆင့် ၂။ ခလုတ်တွင် *#06# ကိုနှိပ်၍ခေါ်ဆိုပါ။]
[အဆင့် ၃။ သင့်ဖုန်း၏ ÍMÉÍ~ နှင့်ထုတ်ကုန်နံပါတ်အသေးစိတ်များ အလိုလိုပေါ်လာပါလိမ့်မည်။]
[မှတ်ချက်: ရနိုင်သည့်ဆက်တင်နှင့်ဖန်သားပြင်များသည် ကြိုးမဲ့ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲလ်ဗားရှင်းနှင့် ဖုန်းအလိုက် ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]