[ဂလက်ဆီ ဖုန်းများတွင် လမ်းညွှန်ဘားကို ဝှက်နည်း။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 28.07.2022]

[ဂလက်ဆီ ဖုန်းများသည် ၎င်းတို့ကို သင်ကြိုက်နှစ်သက်သလို ပြင်ဆင်သတ်မှတ်နိုင်သည့် စွမ်းရည်ကို ပေးပါသည်။ဤနည်းအားဖြင့်သင့်ရဲ့လိုအပ်ချက်ပေါ်မူတည်၍ ပိုမိုလွယ်ကူ၊ ပိုမိုသွက်လက်မြန်ဆန်ပြီး အလိုလိုသိလာစေရန်အတွက် သင့်ဖုန်းကို စိတ်ကြိုက်ပြင်ဆင်နိုင်မည်ဖြစ်သည်။ထို့ကြောင့် ဂလက်ဆီ ဖုန်းများသည် သင့်အား လမ်းညွှန်ဘားကို ပြင်ဆင်သတ်မှတ်လုပ်ပိုင်ခွင့်ပြုသည်။]

[ပုံသေ လမ်းညွှန်ဘားကို မီးမောင်းထိုးပြထားသည့် ဂလက်ဆီပင်မစခရင်၏ မြင်ကွင်း။]

[လမ်းညွှန်ဘားကို ဝှက်ထားခြင်းဖြင့် ဖိုင်များကို ကြည့်ရှုနိုင်ပြီး ပိုမိုကျယ်ပြန့် သော မျက်နှာပြင်ပေါ်တွင် အက်ပ်များကို အသုံးပြုနိုင်သည်။လမ်းညွှန်ဘားကို ဝှက်ထားလိုပါက အောက်ပါအဆင့်များကို လိုက်နာပါ-]

1 [သင်၏ “ဆက်တင်များ” ကိုဖွင့်ပြီး “ပြသရန်” ကိုနှိပ်ပါ။]
2 [“လမ်းညွှန်ဘား” ကိုအောက်သို့ဆင်း၍ ရွှေးချယ်ပြီး ၎င်းကို နှိပ်ပါ။]
3 [ဤနေရာတွင် "ခလုတ်များ" နှင့် "လက်ဟန်ပွတ်ဆွဲခြင်းများ" တို့ကို သင်ရွေးချယ်နိုင်ပါသည်။ “ခလုတ်များ”သည် ပုံသေရွေးချယ်မှုဖြစ်သည်။လမ်းညွှန်ဘားကို ဝှက်ထားလိုပါက၊ "လက်ဟန်ပွတ်ဆွဲခြင်းများ" ရွေးချယ်မှုကို ရွေးချယ်ပါ။]
4 [ဤရွေးချယ်မှုတွင် သင်သည် “အောက်ခြေမှပွတ်ဆွဲပါ” သို့မဟုတ် “ဆိုဒ်နှစ်ဖက်နှင့် အောက်ခြေမှ ပွတ်ဆွဲပါ” တို့အကြား ရွေးချယ်နိုင်ပါသည်။ဤရွေးချယ်မှုပြုလုပ်ရန်၊ "လက်ဟန် ပွတ်ဆွဲခြင်းများ" ရွေးချယ်မှုအောက်ရှိ "နောက်ထပ်ရွေးချယ်စရာများ" ခလုတ်ကိုနှိပ်ပါ။]
5 [သင် "ဘေးနှစ်ဖက်နှင့် အောက်ခြေမှပွတ်ဆွဲပါ" ကို ရွေးချယ်သောအခါ၊ "လက်ဟန်အာရုံခံနိုင်မှု" ကို သင် ပြင်ဆင်သတ်မှတ်နိုင်ပါသည်။]

[ကျေးဇူးပြု၍သတိပြုပါ-အကယ်၍သင်သည်ဖုန်းကာဗာတစ်ခုကိုအသုံးပြုနေပါက၊ ဖန်သားပြင်၏အစွန်းတွင် လက်ဟန်များပြုလုပ်ရန်ခက်ခဲနိုင်သည်။ဤကိစ္စတွင်၊ပိုမိုမြင့်မားသောအာရုံခံနိုင်မူကိုရွေးချယ်ရန်အကြံပြုထားသည်။တခါတရံတွင်သင်သည်မရည်ရွယ်ဘဲလက်ဟန်အမူအရာကိုလုပ်မိပါက၊အာရုံခံနိုင်စွမ်းကို လျှော့ချပါ။]

["လက်ဟန် ပွတ်ဆွဲခြင်းများ" ရွေးချယ်မှု ကို ရွေးချယ်ပါက၊ လမ်းညွှန်ဘားကို ဖျောက်ထားမည်ဖြစ်ပြီး၊ လက်ဟန် အမူအရာ အကြံပြုချက်များ ပေါ်လာပါမည်။"လက်ဟန် ပွတ်ဆွဲခြင်းများ" ကိုရွေးချယ်သည့်အခါ စခရင်အောက်ခြေရှိလက်ဟန်အကြံပြုချက်များကိုဖျောက်ထားလိုပါက၎င်းတို့ကိုပိတ်မည့်လက်ဟန် အကြံပြုခလုတ်များကိုနှိပ်ပါ။]

[လမ်းညွှန်ဘားတွင် သင့်ဖန်သားပြင်များနှင့် အပလီကေးရှင်းများကို တတ်နိုင်သမျှ အမြန်ဆုံး ထိတွေ့နိုင်စေမည့် ခလုတ်များပါရှိသည်။]

[သင်စခရင်ကိုဖွင့်သောအခါ၊ မျက်နှာပြင်အောက်ခြေရှိ လမ်းညွှန်ဘားတွင် ခလုတ်ငယ်များ ပေါ်လာလိမ့်မည်။]

[ကျေးဇူးပြု၍သတိပြုပါ-အသုံးပြုနေသည့်အပလီကေးရှင်းသို့မဟုတ်အသုံးပြုမှုပတ်ဝန်းကျင်အပေါ် မူတည်၍ ခလုတ်များ၏ လုပ်ဆောင်ချက်များသည် ပြောင်းလဲနိုင်သည်။]

[မရပါ။ခလုတ်များကို ပုံသေပြင်ဆင်သတ်မှတ်ထားပြီး ပြောင်းလဲ၍မရပါ။ ရွေးချယ်စရာများမှာ-]

  • [လတ်တလောခလုတ်။]
  • [ပင်မခလုတ်။]
  • [နောက်ပြန်ခလုတ်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]