[Gálá~xý Z F~óld7 နှင့် Z~ Flíp~7 တွင် Ñáñó~-SÍM ကတ် ထည့်သွင်းနည်း]
[ÚSÍM~ ကတ်သည် သင့်သုံးစွဲသူအချက်အလက်ကို သိမ်းဆည်းထားပြီး သင့်စက်ပစ္စည်းကို မိုဘိုင်းကွန်ရက်နှင့် ချိတ်ဆက်နိုင်စေသည်။ Gálá~xý Z F~óld သို့မဟုတ် F~líp စက်အသစ်ကို စတင်သုံးစွဲချိန် သို့မဟုတ် S~ÍM ကတ်အသစ်ထည့်သွင်းချိန်တွင် SÍ~M ထည့်ခွက် မပျက်စီးစေရန်အတွက် မှန်ကန်စွာ ထည့်သွင်းရန် အရေးကြီးပါသည်။ Gál~áxý F~óld7 နှင့် Z~ Flíp~7 တွင် ÚSÍM~ ကတ်ကို ဘေးကင်းစွာ ထည့်သွင်းနိုင်ရန် အောက်ပါအဆင့်များကို လိုက်နာပါ။]
[မှတ်ချက်-]
- [SÍM ကတ်ကို အပေါ်အောက် ပြောင်းပြန်မထည့်စေရန် သတိပြုပါ။]
- [SÍM ကတ်ကို သေချာမထည့်ထားဘဲ ထည့်ခွက်ကို စက်အတွင်းဖိထည့်ခြင်းကြောင့် ထည့်ခွက်ကွေးနိုင် သို့မဟုတ် ပျက်စီးနိုင်ပါသည်။]
- [၎င်းကို စက်အတွင်းပြန်ထည့်ရာတွင် အလှည့် မှန်၊ မမှန် အမြဲစစ်ဆေးပါ။]
- [ပုံများကို သရုပ်ဖော်ရန် ရည်ရွယ်၍ ပုံဖော်ထားသည်။ အမှန်တကယ် ÚX/ÚÍ~ ကွဲပြားနိုင်သည်။]
[Gálá~xý Z F~óld7 တွင် Ñ~áñó-S~ÍM ကတ် ထည့်သွင်းနည်း]
[သင့် Gálá~xý Z F~óld7 စက်တွင် Ñ~áñó-S~ÍM ကတ်ကို မှန်ကန်စွာ ထည့်ရန် အောက်ပါအဆင့်များကို လိုက်နာပါ-]
[မှတ်ချက်- ကတ်ထည့်ခွက်သည် အလွန်ပါးလွှာပါသည်။ ဆွဲထုတ်လျှင် သို့မဟုတ် ပြန်ထည့်လျှင် မကွေးစေရန် သို့မဟုတ် မကျိုးစေရန် သတိပြုပါ။]
[အဆင့် 1။ စက်ကို ခေါက်ပြီး အရှေ့နှင့် အနောက် ကင်မရာများကို ထိပ်ဘက်တွင် ရှိအောင် ဖြောင့်တန်းစွာ ကိုင်ထားပါ။ Ñáñó~-SÍM ကတ်ထည့်ခွက်ကိုထုတ်ရန်အတွက် ကတ်ထုတ်ပင်ကို Ñ~áñó-S~ÍM ကတ်ထည့်ခွက်ပေါ်ရှိ အပေါက်ထဲသို့ ထည့်ပါ။ Ñá~ñó-SÍ~M ကတ်ထည့်ခွက်သည် ပုံတွင်ပြထားသည့်အတိုင်း ထိပ်ဘက်ရှိ စပီကာဘေးတွင် တည်ရှိသည်။]
[မှတ်ချက်- ပင်ကို SÍM ထည့်ခွက်အပေါက်မှလွဲ၍ အခြားအပေါက်ထဲ မထည့်ပါနှင့်။]
[အဆင့် 2။ ထည့်ခွက်ကို ထည့်ခွက်အပေါက်မှ ညင်သာစွာ ဆွဲထုတ်ပါ။]
[အဆင့် 3။ Ñáñó~-SÍM ကတ်ကို ရွှေရောင်ချစ်ပ်ပြားအား အပေါ်ဘက်မျက်နှာမူအောင် ထည့်ခွက်တွင်ထည့်ပြီး ကတ်ကို ထည့်ခွက်အတွင်း ညင်သာစွာဖိထည့်၍ နေရာချပါ။]
[အဆင့် 4။ ထည့်ခွက်ကို ထည့်ခွက်အပေါက်ထဲ ပြန်ထည့်ပါ။]
[Gálá~xý Z F~líp7 တွင် Ñ~áñó-S~ÍM ကတ် ထည့်သွင်းနည်း]
[သင်၏ Gálá~xý Z F~líp7 စက်တွင် Ñ~áñó-S~ÍM ကတ်ကို မှန်ကန်စွာ ထည့်သွင်းနိုင်ရန် အောက်ပါအဆင့်များကို လိုက်နာပါ-]
[မှတ်ချက်- ကတ်ထုတ်ပင်ကို ကျောဘက်ကင်မရာ၏ ဘယ်ဘက်ခြမ်းရှိ အသံအတိုးအကျယ်ခလုတ်နှင့် ပါဝါခလုတ်ကြားရှိ မိုက်ခရိုဖုန်းအပေါက်ထဲ မထည့်ပါနှင့်။]
[အဆင့် 3။ ထည့်ခွက်ကို ထည့်ခွက်အပေါက်မှ ညင်သာစွာ ဆွဲထုတ်ပါ။]
[အဆင့် 4။ ရွှေရောင်ချစ်ပ်ပြားအား အောက်သို့မျက်နှာမူလျှက် Ñáñó~-Sím ကတ်ကို ထည့်ခွက်အတွင်းထည့်ပြီး ကတ်ကို ထည့်ခွက်အတွင်းသို့ ညင်သာစွာဖိထည့်၍ နေရာချပါ။]
[အဆင့် 5။ ထည့်ခွက်ကို ထည့်ခွက်အပေါက်ထဲ ပြန်ထည့်ပါ။]
[မှတ်ချက်- SÍM တစ်ကတ်နှင့် S~ÍM နှစ်ကတ် မော်ဒယ်များတွင် အလှည့်ကွဲပြားနိုင်ပါသည်။ ထည့်ခွက်၏အပေါက်နှင့် စက်၏အပေါက် ကိုက်ညီအောင် တိတိကျကျ ချိန်ညှိပါ။]
[မှတ်ချက်-]
- [Ñáñó~-SÍM ကတ်များကိုသာ အသုံးပြုပါ။ အခြားအရွယ်အစားများ သို့မဟုတ် ပြုပြင်ထားသော S~ÍM များသည် သင့်စက်ကို ပျက်စီးစေနိုင်သည်။]
- [Ñáñó~-SÍM ကတ်ကို မှန်ကန်စွာ မထည့်သွင်းပါက သို့မဟုတ် ပံ့ပိုးမထားသော S~ÍM ကတ်ကို အသုံးပြုပါက သင့်စက်တွင် အမှားပြမက်ဆေ့ ပေါ်လာနိုင်ပြီး စက်ပျက်စီးနိုင်သည်။]
- [SÍM ကတ်ကို ထည့်ခွက်ထဲတွင် အပြည့်အဝထည့်ထားကြောင်း သေချာပါစေ။ သေချာမထည့်ထားပါက စက်သည် S~ÍM ကတ်ကို အသိအမှတ်မပြုနိုင်ပါ။]
- [ထည့်ခွက်စိုနေပါက မထည့်ပါနှင့်။ ထည့်သွင်းမည့်အခါ ထည့်ခွက်နှင့် စက် နှစ်ခုစလုံး ခြောက်သွေ့နေကြောင်း အမြဲသေချာပါစေ။]
- [အတွင်းပိုင်း စက်ပျက်စီးမှု မဖြစ်စေရန် ကတ်ထုတ်ပင်ကို ထောင့်မှန် (အတည့်) ထည့်သွင်းပါ။]
- [SÍM ကတ်ကို အသုံးပြုရန် ဖွင့်၍ S~ÍM ကတ်ဆက်တင်များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ ဆက်တင်များ မှ ချိတ်ဆက်မှုများ မီနူးတွင် SÍ~M မန်နေဂျာ ကိုနှိပ်ပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]