[သင်၏ ဆမ်ဆောင်း ဂလက်စီ (Sáms~úñg G~áláx~ý) ကိရိယာ၏ တည်နေရာကိုရှာဖွေပုံ]
[အကယ်၍ သင်၏ တန်ဖိုးထားရသော ဖုန်း၊ တက်ဘလက်၊ နာရီ၊ သို့မဟုတ် နားကြပ်ဖုများဖြစ်ပါစေ ပျောက်ဆုံးသွားပါက သင့်အနေဖြင့် စိတ်ပူစရာမလိုပါ။ ကျွန်ုပ်၏ မိုဘိုင်းဖုန်းကို ရှာပါ (Fíñd~ Mý Mó~bílé~) သွင်ပြင်က သင် သော့ပိတ်ရန် သို့မဟုတ် သော့ဖွင့်ရန်၊ သို့မဟုတ် အဆိုးဆုံးမှ အဆိုးဆုံးသို့ဖြစ်လာပါက သင်၏ဒေတာများကို လုံးဝဖျက်ပစ်ရန် ခွင့်ပြုပါသည်။ စိတ်အေးအေးသာထားပါ၊ သင်၏ ဆမ်ဆောင်း ငွေပေးစနစ် (Sáms~úñg P~áý) ဖြင့် ငွေပေးချေသည့် အချက်အလက်ကိုပင် သော့ပိတ် သို့မဟုတ် ဖျက်ပစ်နိုင်ပြီး ယင်းတို့အားလုံးကို အဝေးထိန်းချုပ်စနစ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ဝတ်ဆင်နိုင်သာ ဂလက်စီ (Gá~láxý~ Wéár~áblé~) အက်ပ် အတွင်းရှိ သင်၏နာရီ နှင့် နားကြပ်ဖုများအတွက် အလားတူဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။]
[မှတ်ချက် - ရရှိနိုင်သော စခရင်မျက်နှာပြင် နှင့် ဆက်တင်များက ဝါယာမပါ ဝန်ဆောင်မှုပေးသူများ၊ ဆော့ဖ်ဝဲရ် ဗားရှင်း နှင့် မိုဒယ်ပေါ် မူတည်ပါသည်။]
[မှတ်ချက် - ဖုန်းကို ဖွင့်ထားရမည်။]
[ဖုန်းပ်ါရှိ အဝေးထိန်းခလုတ်ကို ဖွင့်ထားရမည်။ သင်၏ဖုန်းတွင်းသို့ ဆမ်ဆောင်းအကောင့် (Sáms~úñg á~ccóú~ñt) တစ်ခု သင်ထည့်သွင်းလိုက်ချိန်၌ ယင်းသွင်ပြင်က အလိုအလျောက် ပွင့်သွားပါလိမ့်မည်။]
[ကျွန်ုပ်၏ မိုဘိုင်းဖုန်းကို သော့ဖွင့်ပါ (Fíñd~ Mý Mó~bílé~ úñló~ck) သွင်ပြင်ကို အသုံးပြုရန်အလို့ငှာ အဝေးထိန်း သော့ဖွင့်ခြင်းကို အသက်သွင်းထားရမည်။]
[အကယ်၍ သင်၏ဖုန်း သို့မဟုတ် တက်ဘလက် ပျောက်ဆုံးသွားပါက Fíñd~ Mý Mó~bílé~ ကို သုံးပြီး ယင်းကဘယ်ရောက်နေသလဲဆိုသည်ကို ရှာကြည့်နိုင်ပါသည်။.]
[အရင်ဆုံး Fíñd~ Mý Mó~bílé~ ဝက်ဘ်ဆိုက်ကို PC တစ်ခုပေါ်တွင် ဦးတည်ရှာဖွေပါ။ သင်၏ ဆမ်ဆောင်းအကောင့် (Sá~msúñ~g ácc~óúñt~) အမည်နှင့် လျှို့ဝှက်စကားလုံးများကို ထည့်သွင်းပြီး ကျွန်ုပ်သည် စက်ရုပ်မဟုတ်ပါ (Í'm ñ~ót á r~óbót~)ကိုနှိပ်ပါ။ဲပြီးနောက် SÍGÑ~ ÍÑ ကို နှိပ်ပါ။]
[သင်အသုံးပြုနေသည့် ဆမ်ဆောင်းအကောင့်နှင့် ဆက်ထားသော ကိရိယာများအားလုံးကို ဘယ်ဖက်တွင် သင်တွေ့ပါလိမ့်မည်။ အကယ်၍ ကိရိယာများကို ပါဝါဖွင့်ထားပြီး ကွန်ရက်နှင့် ချိတ်ဆက်ထားပါက ယင်းတို့ကို ကျွန်ုပ်၏ကိရိယာများ (Mý dé~vícé~s) အောက်တွင် ပြသပါလိမ့်မည်။ သင်က ကိရိယာတစ်ခုပေါ်တွင် နှိပ်လိုက်ပါက ညာဖက် ပန်နယ်က ရရှိနိုင်သော အဝေးထိန်းရွေးချယ်စရာများကို ပြသပါလိမ့်မည် -]
[*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
- [ဖုန်းသံမြည်စေခြင်း - အကယ်၍ သင်၏ဖုန်း သို့မဟုတ် တက်ဘလက် ဘယ်ရောက်နေသည်ကို သင်မသိပါက ယင်းကို အသံပိတ်ထားလျှင်တောင်မှ ဖုန်းသံမြည်အောင် လုပ်နိုင်ပါသည်။
]
- [သော့ပိတ်ခြင်း နှင့် သော့ဖွင့်ခြင်း - သင်၏ ကိုယ်ရေးကိုယ်တာ ဒေတာများနှင့်ပတ်သက်ပြီး သင် စိတ်ပူနေပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိန်းချုပ်မှုဖြင့် သော့ပိတ်နိုင်ပါသည်။ ယင်းက စခရင်မျက်နှာပြင်ကို သော့ပိတ်ခြင်းကို အသက်သွင်းမည်ဖြစ်ပြီး ဆမ်ဆောင်း ငွေပေးစနစ် (Sáms~úñg P~áý) တွင်းရှိ သင်၏ကတ်များကို ဆိုင်းငံလိုက်ပါသည်။ အကယ်၍ သော့ပြန်ဖွင့်သည့်နည်းကို သင်မေ့သွားပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိန်းချုပ်မှုဖြင့် သော့ဖွင့်နိုင်ပါသည်။]
[မှတ်ချက် - အကယ်၍ သော့ပိတ်ခြင်း သို့မဟုတ် သော့ဖွင့်ခြင်းကို သင့်ဖုန်ုးပေါ်တွင် လုပ်၍မရပါက အနီရောင် အမှတ်ပေါ်လာပါလိမ့်မည်။
]
- [တည်နေရာကို နောက်ယောင်ခံခြင်း - သင်၏ ပျောက်ဆုံးနေသော ဖုန်း သို့မဟုတ် တက်ဘလက် ကို ၁၅ မိနစ် တစ်ကြိမ် စစ်ဆေးပါ။]
[သတိပြုရန် - အကယ်၍ အခိုးခံရသော သင်၏ မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်၏ တည်နေရာကိုရှာဖွေရန် သင်သည် ကျွန်ုပ်၏ မိုဘိုင်းဖုန်းကိုရှာပါ (Fíñd~ Mý Mó~bílé~) ကို အသုံးပြုပါက မြေပုံပေါ်ရှိ တည်နေရာသို့ တိုက်ရိုက်မသွားပါနှင့်။ အာဏာပိုင်များကို အကြောင်းကြားပြီး ၄င်းတို့မှ သင်၏ပစ္စည်းကို သင့်အတွက် ပြန်သိမ်းပေးပါစေ။
]
- [ဒေတာကို အဝေးထိန်းချုပ်မှုဖြင့် ဖျက်ခြင်း - သူခိုးအား သင်၏ဒေတာများကို ရရှိရန် ခွင့်မပြုပါနှင့်။ သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို လုံးဝအစမှ ပြန်ဆက်တင်ချလိုက်မည်ဖြစ်ပြီး ဆမ်ဆောင်း ငွေပေးစနစ် (Sáms~úñg P~áý) တွင်းရှိ သင်၏ ငွေကြေးဆိုင်ရာ ဒေတာများအပါအဝင် သင်၏ဒေတာများအားလုံး ဆုံးရှုံးပါလိမ့်မည်။
]
[မှတ်ချက် - အကယ်၍ ဂူဂဲလ်အကောင့်တစ်ခုကို မှတ်ပုံတင်ထားပါက သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို ပြန်အသုံးမပြုနိုင်မီ သင့်အနေဖြင့် ယင်းအကောင့်တွင်းသို့ လက်မှတ်ထိုးဝင်ရန် လိုအပ်နိုင်ပါသည်။
]
- [ဘက်အပ်လုပ်၍ သိမ်းခြင်း - သင်၏ဒေတာများကို ပြီးတိုင်မဖျက်လိုက်မီ ဒေတာအားလုံးကို ဆမ်ဆောင်း ကလောက် (Sáms~úñg C~lóúd~) တွင်းသို့ ဘက်အပ်လုပ်၍ သိမ်းနိုင်ပါသည်။ .
]
- [ဘက်ထရီ အသက်ကို ရှည်ကြာအောင်လုပ်ခြင်း - သင်မလိုချင်ဆုံးအရာမှာ သင်၏ ပျောက်ဆုံးနေသာ ဖုန်း သို့မဟုတ် တက်ဘလက် အားကုန်ကာပိတ်သွားခြင်းဖြစ်သည်။ ယခု သွင်ပြင်ကိုသုံးပြီး သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်၏ ဘက်ထရီအသက် ကို အရှည်ဆုံးရအောင်ယူပြီး ယင်းအား ပြန်ရှာတွေ့ရန် အခွင့်အရေးကို တိုးမြှင့်ပါ။
]
- [ဖုန်းခေါ်ဆိုမှုများ/ မက်ဆေ့ခ်ျများကို ပြန်ရှာယူခြင်း - လောလောလတ်လတ် ခေါ်ဆိုထားသော ဖုန်း နှင့် မက်ဆေ့ခ်ျ ၅၀ ကို သင်၏ဖုန်းထဲမှ ပြန်ရှာယူနိုင်ပါသည်။
]
- [အုပ်ထိန်းမှုများ သတ်မှတ်ခြင်း - သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အဝေးထိနါးဖြင့် တည်နေရာရှာ၊ အရေးပေါ်မုဒ်ကို အသက်သွင်း သို့မဟုတ် ဖုန်း သို့မဟုတ် တက်ဘလက်ကို အသံမြည်အောင်လုပ်ပေးနိုင်သော အုပ်ထိန်းသူများကို သင် သေချာသတ်မှတ်ပေးနိုင်ပါသည်။
]
[မှတ်ချက် - အကယ်၍ သင်၏ ဖုန်း သို့မဟုတ် တက်ဘလက်၏ တည်နေရာကို မရှာတွေ့နိုင်သေးပါက သင်၏ဖုန်းကတ်ဝန်ဆောင်ပေးသူထံ၌ သင်၏ဖုန်းတည်နေရာကို ရှာဖွေရန် သို့မဟုတ် ဆိုင်းငံရန် ကူညီသည့်ဝန်ဆောင်မှုတစ်ခု ရှိနေနိုင်ပါသည်။ ထပ်ဆောင်းအချက်အလက်များ ရရှိရန်အတွက် ကျေးဇူးပြု၍ သင့်၏ဖုန်းကတ် ဝန်ဆောင်ပေးသူထံသို့ ဆက်သွယ်ပါ။
]
[သင့်ဖုန်းကို တစ်နေရာရာတွင် မတော်တဆ ထားခဲ့မိပါသလား။ သင်၏ စမာ့တ်နာရီ (smár~t wát~ch) ကိုသုံးပြီး ယင်းတည်နေရာကို ရှာဖွေနိုင်ပါသည်။]
[
သင်၏ smár~t wát~ch ပေါ်ရှိ ဟုမ်း (Hó~mé) ခလုတ်ကို နှိပ်ပြီး ကျွန်ုပ်၏ဖုန်းကို ရှာဖွေပါ (Fí~ñd Mý~ Phóñ~é) ကို ပွတ်ဆွဲချကာ ခေါက်လိုက်ပါ။ သင့်ဖုန်းတည်နေရာကို စတင်ရှာဖွေရန် စတင်ပါ (Stá~rt) ကို ခေါက်ပါ။ ဖုန်း၏ မြည်သံ ထွက်ပေါ်လာပြီး အလွယ်တကူ ရှာတွေ့နိုင်ပါလိမ့်မည်။ ဖုန်းကို ရှာပြီး ရပ်ပါ (Dí~smís~s) အိုင်ကွန်ပေါ်တွင် ပွတ်ဆွဲချလိုက်ပါ။
]
[မှတ်ချက် - သင်၏နာရီပျောက်သည့်ဖြစ်ရပ်မျိုးအတွက် အဝေးထိန်း ဆက်သွယ်မှု (Rémó~té có~ññéc~tíóñ~) ကို အဆင်သင့်နေရာချထားခြင်း ကဲ့သို့သော လိုအပ်သည့်အရာအားလုံး သင့်ထံတွင် ရှိနေကြောင်း သေချာပါစေ။
]
[အကယ်၍ သင်၏ smár~t wát~ch ပျောက်ဆုံးသွားပါက Gá~láxý~ Wéár~áblé~ အက်ပ် ကိုအသုံးပြုပြီး ယင်းကို သင်ရှာဖွေနိုင်ပါသည်။ ကျွန်ုပ်၏ မိုဘိုင်းဖုန်းကိုရှာပါ (Fíñd~ Mý Mó~bílé~) ဝန်ဆောင်မှုက သင့်နာရီ၏ တည်နေရာကို သင်မြင်အောင်ပြမည်မဟုတ်ပါသော်လည်း ယင်းက သော့ပိတ်ခြင်း သို့မဟုတ် Sáms~úñg P~áý ကဲ့သို့သော ဆမ်ဆောင်းဝန်ဆောင်မှုများကို ဖျက်ပစ်ရန် ခွင်ပြုပါသည်။]
[သင်၏ဖုန်းပေါ်တွင် Gálá~xý Wé~áráb~lé အက်ပ် ရှိရာသို့သွားပြီး ကျွန်ုပ်၏ နာရီကိုရှာပါ (Fí~ñd Mý~ Wátc~h) ကို ခေါက်လိုက်ပါ။ (အားကစားလက်ပတ်များဖြစ်ပါက Fíñ~d Mý B~áñd သို့မဟုတ် F~íñd M~ý Géá~r ကို ခေါက်လိုက်ပါ။) အကယ်၍ သင်၏လက်ပတ်က သင်၏ဖုန်းနှင့် ဘလူးတုသ် (Blú~étóó~th) အသုံးပြုကာ ဆက်သွယ်ထားပါက စတင်ပါ (ST~ÁRT) ကို ခေါက်လိုက်ပါ။ သင်၏နာရီက စတင်တုန်ခါလာမည်ဖြစ်ပြီး ရှာတွေ့ဖို့ လွယ်ကူပါလိမ့်မည်။ ယင်းကို တွေ့သောအခါတွင် X~ အိုင်ကွန်ကို ခေါက်ပြီး ညာဖက်သို့ ပွတ်ဆွဲလိုက်ပါ။]
[*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
[အကယ်၍ သင်၏နာရီ ကို ဘလူးတုသ် (Blúé~tóót~h) ဖြင့်အလှမ်းမှီနိုင်သောနေရာပြင်ပတွင် ပျောက်ဆုံးပါက အဝေးထိန်းဆက်သွယ်မှု ဖွင့်ထားသောအချိန်တွင် ရွေးချယ်စရာ နှစ်ခုရှိပါသည် -]
- [တည်နေရာကို ရယူခြင်း- သင်၏နာရီ လက်ရှိရောက်နေသောနေရာ၏ လိပ်စာကိုပေးပါသည်။ မြေပုံပေါ်တွင် ပြပါ (Shów~ óñ má~p) ကို ခေါက်ပြီး နာရီကို မြေပုံပေါ်တွင် နေရာရှာနိုင်ပါသည်။]
- [လုံခြုံရေးခလုတ် ချခြင်း - အဝေးထိန်းချုပ်မှုဖြင့် နာရီ တိုက်ခြင်း၊ အစမှပြန်သတ်မှတ်ခြင်း၊ သို့မဟုတ် နာရီပေါ်ရှိ သော့ကို ပြန်အသက်သွင်းနေရာချခြင်း တို့ကို အဝေးထိန်းချုပ်မှုဖြင့်လုပ်ရန် ရွေးချယ်စရာများကို လက်လှမ်းယူပါ။
]
[သင်၏ ဂလက်စီနားကြပ်ဖုများ (Gálá~xý Bú~ds) ကို နေရာမှားထားသည့်အတွက်ကြောင့် အသစ်များပြန်ျဝယ်ဖို့မလိုပါ အဘယ်ကြောင့်ဆိုသော် ဝတ်ဆင်နိုင်သော ဂလက်စီ (Gá~láxý~ Wéár~áblé~) အက်ပ်က ၄င်းတို့ကိုပြန်ရှာတွေ့ရန် အလွန်တရာမှ လွယ်ကူစေသောကြောင့်ဖြစ်ပါသည်။]
[
သင်၏ဖုန်း သို့မဟုတ် တက်ဘလက်ပေါ်တွင် Gálá~xý Wé~áráb~lé အက်ပ်ရှိရာသို့သွားပြီး စတင်ပါ (St~árt) ကို ခေါက်လိုက်ပါ။ နာကြပ်ဖုများက စပြီး ဘိဘိ ဟု မြည်ကာ ၃ မိနစ်အတွင်း တစထက်တစ ပိုကျယ်လာပါလိမ့်မည်။ ရှာဖွေခြင်းကို အဆုံးသတ်ရန် ရပ်ပါ (S~tóp) ကို နှိပ်ပါ၊]
[အကယ်၍ ဘလူးတုသ် (Blúé~tóót~h) အလှမ်းမှီနိုင်သော နေရာ (၃၂ ပေ) ပြင်ပတွင် ရောက်ရှိနေပါက သို့မဟုတ် ဘက်ထရီ အားကုန်နေပါက အက်ပ်က နားကြပ်ဖု (များ) အဆက်အသွယ်ပြတ်နေသည်ကို ပြမည်ဖြစ်ပြီး ယင်း နားကြပ်ဖုများကို နေရာရှာနိုင်မည်မဟုတ်ပါ။]
[*ယခုရုပ်ပုံက အင်္ဂလိပ်ဘာသာစကားဖြင့် နမူနာဖြစ်ပါသော်လည်း သင်၏နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ရရှိနိုင်ပါသည်။]
[မှတ်ချက် - ÍR အာရုံခံအတွင်းဖက်တွင် အခြားပစ္စည်းများ သို့မဟုတ် အမှိုက်များ ရှိနေပါက နားကြပ်ဖုများက ဘိဘိ မြည်နိုင်မည် မဟုတ်ပါ။
]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]