[Gálá~xý တွင် အော်ဒီယိုဖျက်စနစ်ဖြင့် ဗီဒီယိုမှ မလိုလားအပ်သော အသံများကို ဖယ်ရှားနည်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.07.2025]

[အော်ဒီယိုဖျက်စနစ်လုပ်ဆောင်ချက်သည် သင့်ဗီဒီယိုများထဲရှိ လေတိုက်သံ၊ လူစုလူဝေးသံ သို့မဟုတ် ယေဘုယျနောက်ခံအသံများကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စေသော အသံများကို ချိန်ညှိရန် သို့မဟုတ် ဖယ်ရှားရန် ခွင့်ပြုသည်။ ထို့အပြင် စကားသံ သို့မဟုတ် တေးဂီတကဲ့သို့ အဓိကအသံများကို ထိန်းသိမ်းထားနိုင်သည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြု၍ သင်၏ Gálá~xý ဖြင့် ပိုမိုသန့်ရှင်းပြီး ပိုမိုအသားပေးနိုင်သော ဗီဒီယိုများကို တိုက်ရိုက် ဖန်တီးနိုင်သည်။]

[အော်ဒီယိုဖျက်စနစ်ဆိုတာ ဘာလဲ¿]

[အော်ဒီယိုဖျက်စနစ်သည် Gálá~xý Ví~déó É~dító~r ထဲရှိ အသိဉာဏ် အပလီကေးရှင်း တည်းဖြတ်ကိရိယာတစ်ခု ဖြစ်သည်။ ၎င်းသည် သင့်ဗီဒီယိုထဲရှိ အသံကို အလိုအလျောက် ခွဲခြားစစ်ဆေးပြီး အသံ၊ တေးဂီတ၊ လေနှင့် ဆူညံသံများကဲ့သို့သော အသံအရင်းအမြစ်များကို သတ်မှတ်ပေးသည်။ ဆူညံသံအမျိုးအစားကို တွေ့ရှိသည့်အပေါ်မူတည်၍ ပိုမိုအသေးစိတ်ခွဲခြားပေးနိုင်ပြီး၊ ပတ်ဝန်းကျင်ဆူညံသံအမျိုးအစားပေါ်မူတည်၍ လူအုပ်၊ သဘာဝ သို့မဟုတ် ဆူညံသံအဖြစ် ပြသနိုင်သည်။]

[အော်ဒီယိုဖျက်စနစ်သည် အသံတစ်ခုလုံးကို ပိတ်လိုက်မည့်အစား ဆလိုက်ဘားများကို အသုံးပြုပြီး အသံအမျိုးအစားတစ်ခုစီကို လိုအပ်သလို လျှော့ချခြင်း သို့မဟုတ် မြှင့်တင်ခြင်း ပြုလုပ်နိုင်သည်။]

[မှတ်ချက်- ဤအင်္ဂါရပ်သည် S နှင့် Z စီးရီးမော်ဒယ်များတွင်သာ ရရှိနိုင်ပါသည်။ S24 နှင့် Ó~ñé ÚÍ~ 7.0 သို့မဟုတ် နောက်ပိုင်းပါဝင်သော မော်ဒယ်များမှစတင်အသုံးပြုနိုင်ပါသည်။]

[အော်ဒီယိုဖျက်စနစ်ဖြင့် ဗီဒီယိုထဲရှိ အသံများကို တည်းဖြတ်နည်း]

[သင်ရိုက်ကူးပြီးသား ဗီဒီယိုထဲမှ မလိုလားအပ်သော ဆူညံသံများကို ဖယ်ရှားရန် သို့မဟုတ် အသံနှင့် တေးဂီတကို ပိုမိုရှင်းလင်းပြတ်သားစေရန် အောက်ပါအဆင့်များကို လိုက်လုပ်ကြည့်ပါ။]

[ပြခန်း အက်ပ်ကို ရွေးထားသည်] [ပြခန်း အက်ပ်ကို ရွေးထားသည်]

[အဆင့် ၁။ ပြခန်း အက်ပ်ကို ဖွင့်ပြီး တည်းဖြတ်ရန် ဗီဒီယိုတစ်ခုကို ရွေးချယ်ပါ။]

[ခဲတံသင်္ကေတကို ထင်ရှားအောင်ပြထားသည်] [ခဲတံသင်္ကေတကို ထင်ရှားအောင်ပြထားသည်]

[အဆင့် ၂။] [တည်းဖြတ်ခြင်း (ခဲတံ) သင်္ကေတကို နှိပ်ပါ။]

[အော်ဒီယိုဖျက်စနစ် ခလုတ်အား ထင်ရှားအောင်ပြထားသည်] [အော်ဒီယိုဖျက်စနစ် ခလုတ်အား ထင်ရှားအောင်ပြထားသည်]

[အဆင့် ၃။ အသံသင်္ကေတကိနှိပ်ပြီးနောက်အော်ဒီယိုဖျက်စနစ်ကိုရွေးပေးပါ။]

[အသံတည်းဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေပါသည်။] [အသံတည်းဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေပါသည်။]

[အဆင့် ၄။ သင်သည် အသံအမျိုးအစား တစ်ခုစီကို ဆလိုက်ဘားများဖြင့် ချိန်ညှိနိုင်ပါသည်။]

[တည်းဖြတ်မှုများကို အသုံးပြုမည် ခလုတ်ကို ထင်ရှားအောင်ပြထားသည်] [တည်းဖြတ်မှုများကို အသုံးပြုမည် ခလုတ်ကို ထင်ရှားအောင်ပြထားသည်]

[အဆင့် ၅။ ပြီးပါက တည်းဖြတ်မှုများကို အသုံးပြုမည်ကို နှိပ်ပါ။]

[မိတ္တူကို သိမ်းဆည်းပါ ခလုတ်ကို ထင်ရှားအောင်ပြထားသည်] [မိတ္တူကို သိမ်းဆည်းပါ ခလုတ်ကို ထင်ရှားအောင်ပြထားသည်]

[အဆင့် ၆။ ပြုပြင်ပြီးသော ဗီဒီယိုကို တင်ပို့ရန်​မိတ္တူကို သိမ်းဆည်းပါကိုနှိပ်ပါ။]

  • [​စကားသံများ – ပတ်ဝန်းကျင်ရှိ လူများ၏ အသံများကို သိသာစွာ ဖယ်ရှားပေးသည်]
  • [လေတိုက်သံ – ပြင်ပလေတိုက်သံ သို့မဟုတ် လေတိုက်သံ]
  • [ဂီတ – နောက်ခံဂီတ]
  • [သဘာဝ – လှိုင်းသံ၊ ငှက်သံများကဲ့သို့ သဘာဝအသံ]
  • [လူအုပ် – လူအုပ်စုများ၏ အသံများ၊ ဥပမာ အားပေးသံ သို့မဟုတ် လက်ခုပ်သံ]
  • [ဆူညံသံ – ခွဲခြားမထားသော ယေဘုယျ ဆူညံသံ]

[မှတ်ချက်- ၎င်းသည် အထက်ဖော်ပြပါအသံအမျိုးအစားအချို့ကို သိရှိနိုင်ပြီး၊ ဗီဒီယိုအခြေအနေပေါ်မူတည်၍ ကွဲပြားနိုင်သည်။]

[တည်းဖြတ်နေစဉ်တွင် ဘယ်ဖက်အပေါ်ထောင့်ရှိ ​မူရင်း နားဆင်ပါ ခလုတ်ကို နှိပ်၍လည်း မူရင်းအသံကို နားထောင်နိုင်ပါသည်။ ဤနည်းဖြင့် တည်းဖြတ်ပြီးအသံကို မူရင်းအသံနှင့် နှိုင်းယှဉ်နိုင်ပါသည်။]

[မှတ်ချက်-]

  • [Sáms~úñg အကောင့် လော့ဂ်အင်ဝင်ရန် လိုအပ်ပါသည်။]
  • [ဗီဒီယိုအလိုက် အသံအမျိုးအစားများ ပါဝင်ပုံအပေါ်မူတည်၍ အော်ဒီယိုဖျက်စနစ်၏ ရလဒ်များ ကွဲပြားနိုင်ပါသည်။]
  • [Áútó~ ကို ရွေးပါ၊ ဆူညံသံများကို Gálá~xý ÁÍ~ မှ အလိုအလျောက် လျှော့ချပေးပါလိမ့်မည်။]
  • [ရလဒ်များ၏ တိကျမှုကို အာမခံချက်မရှိပါ။]
  • [အသံအရင်းအမြစ်နှင့် ဗီဒီယိုအခြေအနေများပေါ် မူတည်၍ အသံကို သတ်မှတ်နိုင်မှုသည် ကွဲပြားနိုင်ပါသည်။]
  • [Gálá~xý ÁÍ~ လုပ်ဆောင်ချက်များ ရရှိနိုင်မှုသည် ဒေသ/နိုင်ငံ၊ ÓS/Óñ~é ÚÍ ဗားရှင်း၊ စက်မော်ဒယ်နှင့် ဖုန်းဝန်ဆောင်မှုပေးသူပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ အချို့သော လုပ်ဆောင်ချက်များ ရရှိနိုင်မှုသည် စက်မော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။]
  • [အသက်ကန့်သတ်ချက်များရှိသည့် ဒေသများတွင် Gálá~xý ÁÍ~ လုပ်ဆောင်ချက်များကို အသက်မပြည့်သေးသူများအတွက် ကန့်သတ်ထားနိုင်ပါသည်။]
  • [ပံ့ပိုးထားသော Sáms~úñg G~áláx~ý စက်များတွင် Gál~áxý Á~Í လုပ်ဆောင်ချက်များကို ၂၀၂၅ နှစ်ကုန်အထိ အခမဲ့ ပေးအပ်ပါမည်။]
  • [ပြင်ပအဖွဲ့အစည်းများမှ ပေးသော ÁÍ အင်္ဂါရပ်များအတွက် အသုံးပြုစည်းကမ်းသတ်မှတ်ချက် မတူညီနိုင်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]