[Gálá~xý Bú~ds Lí~vé တွင် အသံအရည်အသွေးကို အကောင်းဆုံး အသုံးပြုပုံ]
[နားကြပ်အများစုနှင့် မတူညီသည်မှာ Gálá~xý Bú~ds Lí~vé ကို လုပ်ဆောင်နိုင်စွမ်း မြှင့်တင်သည့် óp~éñ tý~pé ဖြင့် ဒီဇိုင်းဆွဲထားခြင်းပင် ဖြစ်ပါသည်။ မှန်ကန်သော နည်းလမ်းအတိုင်း ဝတ်ဆင်ရုံဖြင့် အသံအရည်အသွေးကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်နိုင်ပါသည်။ အသံအရည်အသွေးနှင့် ပတ်သက်၍ သင့်တွင်ပြဿနာများ ရှိပါက အသံအရည်အသွေး ပိုကောင်းစေရန် ညွှန်ထားသော ဖြေရှင်းချက်များကို စမ်းကြည့်ပါ။]
[အောက်ပါအချက်များကို မစမ်းကြည့်မီတွင် သင့်ကိရိယာ၏ ဆော့ဖ်ဝဲနှင့် သက်ဆိုင်ရာအက်ပ်များကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားခြင်းရှိမရှိ စစ်ဆေးပါ။ သင့်မိုဘိုင်းလ်ကိရိယာ၏ ဆော့ဖ်ဝဲအား အပ်ဒိတ်လုပ်ပုံကို အောက်ပါအဆင့်များအတိုင်း စစ်ပေးပါ။]
[အဆင့် ၁။] [Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့် ၂။ Dówñ~lóád~ áñd í~ñstá~ll ကိုနှိပ်ပါ။]
[အဆင့် ၃။ စခရင်ပေါ်မှာ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။]
[Gálá~xý Bú~ds Lí~vé အား မှန်ကန်စွာ တပ်ဆင်ပုံ]
[Gálá~xý Bú~ds Lí~vé ၏ အတွင်းပိုင်းမှာ ÁK~G အသံညှိထားသော စပီကာများဖြစ်ပြီး အားလုံးကိုအသုံးပြုရန် ရည်ရွယ်၍ ပြုလုပ်ထားပါသည်။ လုပ်ဆောင်နိုင်စွမ်း မြှင့်ထားသောဒီဇိုင်းက ကပွဲတစ်ခု၏ ရှေ့ဆုံးတန်းတွင် ရှိနေသကဲ့သို့ ကျယ်ပြန့်သောအသံကို ပေးပါသည်။ Gál~áxý B~úds L~ívé ၏ ကောင်းကျိုးများအားလုံးကို ရယူရန်အတွက် နားကြပ်များကို သင့်နားနှင့် အကောင်းဆုံး ကိုက်ညီအောင် ချိန်ညှိပေးပါ။]
[အဆင့် ၁။ နားကြပ်တစ်ခုစီ၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ကိုင်ထားပြီး အားသွင်းသည့်အိမ်မှ ထုတ်ယူပါ။]
[အဆင့် ၂။ နားကြပ်တစ်ခုစီ၏ ဦးတည်သည့်ဖက်ကိုကြည့်ကာ အောက်ဖက်ခြမ်းများ (စပီကာ) ကို သင့်နား၏ အောက်ဖက်အပိုင်းတွင် ထားပါ။ စပီကာများကို အတွင်းဖက်သို့ လှည့်ထားပြီး ဘယ်နှင့်ညာ နားကြပ်များကို မှန်ကန်သောနားတွင် တပ်ဆင်ထားကြောင်း စစ်ဆေးပါ။]
[အဆင့် ၃။ အောက်ဖက်ခြမ်းနှင့် အပေါ်ဖက်ခြမ်းများကို သင်နားများ၏ သက်ဆိုင်ရာအပိုင်းများတွင် တပ်ပြီးနောက် နားကြပ်များကို ကိုက်ညီစေရန် ချိန်ညှိပါ။]
[ⓐ စပီကာ]
- [နားကြပ်များကို သင့်နားတွင် မှန်ကန်စွာ နေရာမချထားပါက အလုပ်မလုပ်ခြင်း ရှိနိုင်ပါသည်။ ယင်းသို့ဖြစ်ပါက သင့်နားနှင့်ကိုက်ညီသည့် တောင်ပံပုံစံတစ်စုံကို အသုံးပြုကာ နားကြပ်များကို မှန်ကန်စွာ တပ်ဆင်ပါ။]
- [ထိတွေ့မှုကို သိနိုင်သောအာရုံခံက သင့်နားကို မထိတွေ့ပါက နားကြပ်သည် အလုပ်မလုပ်ခြင်း ရှိနိုင်ပါသည်။ နားကြပ်ကို တွေ့ရှိကြောင်း သင့်အားအသိပေးသည့်အသံကို မကြားရပါက သင့်နားနှင့်ကိုက်ညီသော တောင်ပံပုံစံများကို အသုံးပြုပါ။]
[နားကြပ်တွင် တောင်ပံပုံစံတစ်ခုကို တပ်ဆင်ခြင်း]
[အဆင့် ၁။ သင့်နားနှင့် ကိုက်ညီသော တောင်ပံပုံစံကို ရွေးချယ်ပါ။ ]
[အဆင့် ၂။ တောင်ပံပုံစံများပေါ်ရှိ L သို့မဟုတ် R အမှတ်အသားများကို ကြည့်ခြင်းဖြင့် ဘယ်ဖက်နှင့် ညာဖက်နားအတွက် တောင်ပံပုံစံကို ရွေးချယ်ပါ။]
[အဆင့် ၃။ တောင်ပံပုံစံ၏ အတွင်းပိုင်းအောက်ဖက်ရှိ L သို့မဟုတ် R အမှတ်အသားကိုရှာကာ ယင်းကို နားကြပ်ဖက်သို့ လှည့်နေအောင် ပြုလုပ်ပါ။ မြဲအောင်တပ်သည့်ချိတ်တွင် တောင်ပံပုံစံကို ချိတ်ပါ။]
- [တောင်ပံပုံစံများ မပါဘဲ နားကြပ်များကို နားထဲသို့ မထည့်ပါနှင့်။ ယင်းသို့ပြုလုပ်ခြင်းသည် သင့်နားကို နာကျင်စေနိုင်ပါသည်။]
- [တပ်ချိန် သို့မဟုတ် ဖြုတ်ချိန်တွင် တောင်ပံပုံစံကို အရမ်းမဆွဲပါနှင့်။ တောင်ပံပုံစံ ပြဲသွားနိုင်ပါသည်။]
- [တောင်ပံပုံစံများကို နားကြပ်များပေါ်တွင် မှားယွင်းသော လားရာဖြင့် မတပ်ဆင်ပါနှင့်။ နားကြပ်များသည် သင့်နားတွင် ကောင်းစွာကိုက်ညီမည် မဟုတ်ပါ။]
[အဆင့် ၄။ နားကြပ်၏ ကျန်သောအပိုင်းကို တောင်ပံပုံစံဖြင့် ဖုံးအုပ်ပါ။]
[အဆင့် ၅။ နောက်ထပ်နားကြပ်တစ်ဖက်အတွက်လည်း ဤနည်းအတိုင်းပင် ပြုလုပ်ပါ။]
[မှတ်ချက် -]
- [သင့်ကိရိယာတွင် သံလိုက်များပါဝင်နိုင်ပြီး ယင်းသည် နှလုံးခုန်စက်များ သို့မဟုတ် ခန္ဓာကိုယ်တွင်း တပ်ဆင်နိုင်သော နှလုံးနှိုးစက်များ ကဲ့သို့သော ဆေးဘက်ဆိုင်ရာ ကိရိယာများအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ သင်သည် အဆိုပါ ဆေးဘက်ဆိုင်ရာ ကိရိယာများကို အသုံးပြုနေပါက သင့်ကိရိယာကို ယင်းအရာများမှ အန္တရာယ်ကင်းသည့် အကွာအဝေးတွင်ထားပြီး အသုံးမပြုမီ သင်၏ ဆရာဝန်နှင့် တိုင်ပင်ပါ။]
- [သင့်ကိရိယာနှင့် သံလိုက်ကြောင့်ထိခိုက်နိုင်သော အရာများကို အန္တရာယ်ကင်းသည့် အကွာအဝေးတွင် ထားပါ။ ကိရိယာမှ သံလိုက်များကြောင့် ခရက်ဒစ်ကဒ်များ၊ ပတ်စ်ဘွတ်ခ်များ၊ ဝင်ခွင့်ကဒ်များ၊ လေဆိပ်ဝင်ခွင့်လက်မှတ်များ သို့မဟုတ် ကားပါကင် လက်မှတ်များကဲ့သို့သော အရာများကို ထိခိုက်စေခြင်း သို့မဟုတ် ပျက်စီးစေခြင်း ရှိနိုင်ပါသည်။]
- [ဝါယာလက်ကိရိယာများကို အသုံးပြုခြင်းအား တားမြစ်ထားသော လေယာဉ်များနှင့် ဆေးရုံများကဲ့သို့သော နေရာတွင် ကပ်ထားသော သတိပေးချက်များနှင့် တာဝန်ရှိသူထံမှ လမ်းညွှန်ချက်များအားလုံးကို လိုက်နာပါ။]
[ရှင်းပြထားပြီးဖြစ်သည့်အတိုင်း ယခင် Gálá~xý Bú~ds ထုတ်ကုန်များနှင့် ကွဲပြားသည့် တပ်ဆင်ပုံနည်းလမ်းကြောင့် အောက်ဖက်ပိုင်းများ (စပီကာ) ကို သင့်နား၏ အောက်ဖက်ခြမ်းသို့ ဦးတည်စေကာ အောက်ဖက်အပိုင်းများကို နားထဲတွင်ထားပါ။ သို့ဖြစ်၍ သင့်တွင် ပိုကြီးသော နားများ သို့မဟုတ် နားပေါက်များရှိပါက နားကြပ်များသည် နားအတွင်းသို့ ပိုမိုရောက်ရှိနိုင်ပြီး ထုတ်ကုန်တွင် ပါရှိသောအင်တန်နာကို နားရွက်က ဖုံးအုပ်ထားခြင်း ရှိနိုင်ပါသည်။ ယင်းသည် ဘလူးတုစွမ်းဆောင်ရည်အပေါ် သက်ရောက်ခြင်းရှိနိုင်သလို အသံအရည်အသွေး နိမ့်ကျခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။]
[နားကြပ်တစ်ခုစီသည် သင့်နား သို့မဟုတ် နားပေါက်အရွယ်အစားနှင့် ကိုက်ညီခြင်းရှိမရှိ အတည်ပြုရန်အတွက် နားကြပ်များကို နားတွင်တပ်ဆင်ကာ မှန်တွင်ကြည့်ရန် တိုက်တွန်းပါသည်။ နားကြပ်များကို တပ်ဆင်ထားစဉ်တွင် နားကြပ်များ၏ áír d~úct အစိတ်အပိုင်းကို နားရွက်က ဖုံးကွယ်ထားပါက သင့်တွင် ပိုကြီးသောနားများ သို့မဟုတ် နားပေါက်များရှိခြင်း ဖြစ်နိုင်ပါသည်။]
[① Áír d~úct]
[အောက်ပါပုံမှ သတ်မှတ်ချက်အညွှန်းအပေါ် မူတည်၍ နား သို့မဟုတ် နားပေါက်၏ အရွယ်အစားကို သင်တိုင်းတာနိုင်ပါသည်။]
[①ကြီးမားနေခြင်း - သင်က နား သို့မဟုတ် နားပေါက်များ ပိုကြီးသူဖြစ်ပါက ပံ့ပိုးမှုပိုမိုရရှိရန်အတွက် Sáms~úñg ဖောက်သည် ဖုန်းခေါ်ဆိုမှုစင်တာသို့ ဆက်သွယ်ပေးပါ။]
[② အလယ်အလတ်အနေအထား]
[③ သေးငယ်နေသောအနေအထား]
[ဤနေရာတွင် နေရာတစ်ခုတည်း၌ အခြားဝါယာလက်ကိရိယာဖြင့် စစ်ဆေးပါက တူညီသော လက္ခဏာများပေါ်ပြီး နောက်တစ်နေရာသို့ ရွှေ့ပါက ယင်းလက္ခဏာများ ပျောက်သွားကြောင်း သေချာအောင် ပြုလုပ်သင့်ပါသည်။ ချိတ်ဆက်ထားသော ကွန်ရက်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် အသံအရည်အသွေး သို့မဟုတ် ဘလူးတုစွမ်းဆောင်ရည် နိမ့်ကျမှုကို ဖြစ်စေနိုင်ပါသည်။ အောက်ပါတို့မှာ ဝါယာလက်ကွန်ရက်များကို အသုံးပြုခြင်းအတွက် အကြံပြုချက်နှင့် သတိပေးချက်အချို့ ဖြစ်ပါသည်။]
- [ဝန်ဆောင်မှုပေးသူ၏ ကွန်ရက်တွင် ပြဿနာများရှိခြင်းကြောင့် ဝါယာလက်ကွန်ရက် ဝန်ဆောင်မှုများကို ပိတ်ထားခြင်း ရှိနိုင်ပါသည်။ နားကြပ်များကို လျှပ်စစ်သံလိုက်လှိုင်းများနှင့် ဝေးရာတွင် ထားရှိပါ။]
- [သင့်နားကြပ်များအား အခြားကိရိယာနှင့် ချိတ်ဆက်ရာတွင် ပြဿနာများကို ရှောင်နိုင်ရန်အတွက် ကိရိယာများကို တစ်ခုနှင့်တစ်ခု နီးကပ်စွာထားပါ။]
- [သင့်နားကြပ်များနှင့် အခြားဘလူးတု ကိရိယာတို့ကို ဘလူးတုချိတ်ဆက်မှု အကွာအဝေး (၁၀ မီတာ) အတွင်း ထားရှိပါ။ ကိရိယာများကို အသုံးပြုသော ပတ်ဝန်းကျင်အပေါ် မူတည်၍ အကွာအဝေး မတူညီခြင်းနှင့် ရှိနိုင်ပါသည်။]
- [နားကြပ်များနှင့် ချိတ်ဆက်ထားသော ကိရိယာအကြားတွင် လူခန္ဓာကိုယ်များ၊ နံရံများ၊ ထောင့်ချိုးများ သို့မဟုတ် ခြံစည်းရိုးများအပါအဝင် အတားအဆီးများမရှိအောင် ပြုလုပ်ပါ။]
- [ချိတ်ဆက်ထားသော ကိရိယာတစ်ခု၏ ဘလူးတုအင်တန်နာကို မကိုင်ပါနှင့်။]
- [ဘလူးတုသည် အချို့သော စက်မှုဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာနှင့် စွမ်းအင်သုံးစွဲမှုနိမ့်သော ထုတ်ကုန်များ၏ တူညီသောလှိုင်းနှုန်းကို အသုံးပြုပြီး အဆိုပါကိရိယာ အမျိုးအစားများအနီးတွင် ချိတ်ဆက်မှုများ ပြုလုပ်ပါက ကြားဝင်နှောင့်ယှက်မှုကို ဖြစ်စေခြင်း ရှိနိုင်ပါသည်။]
- [လက်ရှိချိတ်ဆက်ထားသော ဝါယာလက်ကွန်ရက်ကိုဖြုတ်ကာ ပြန်လည်ချိတ်ဆက်ပါ။]
[စပီကာနှင့် áír d~úct တွင် နား၏အညစ်အကြေး သို့မဟုတ် အမှုန်အမွှားများ စုပုံလာပါက နားကြပ်နှစ်ခုစလုံးမှ အသံများသည် မတူညီခြင်း သို့မဟုတ် အသံအရည်အသွေး နိမ့်ကျခြင်းတို့ ရှိနိုင်ပါသည်။ သန့်ရှင်းခြောက်သွေ့ပြီး နူးညံ့သော ဘရပ်ရှ်၊ ဂွမ်းစများ သို့မဟုတ် အခြားကိရိယာတစ်ခုဖြင့် နားဖာချေး သို့မဟုတ် အမှုန်အမွှားများကို ဖယ်ရှားပါ။]
- [အသုံးပြုပြီးနောက်တွင် နားကြပ်များကို သန့်ရှင်းစေရန်အတွက် နူးညံ့ခြောက်သွေ့သော အဝတ်စတစ်ခုကို အသုံးပြုပါ။]
- [နားကြပ်များကို ခြောက်သွေ့အောင်ထားပါ။ အရည်များ နားကြပ်နှင့်ထိတွေ့ခြင်း သို့မဟုတ် နားကြပ်အတွင်း ဝင်ရောက်ခြင်း မဖြစ်အောင် ကာကွယ်ထားပါ။]
- [စပီကာနှင့် áír d~úct ပေါ်တွင် နား၏အညစ်အကြေး သို့မဟုတ် အမှုန်အမွှားများ စုပြုံလာခြင်း မဖြစ်စေရန်အတွက် နားကြပ်များကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။]
[① စပီကာ ② Áír d~úct]
[ချိတ်ဆက်ထားသော ကိရိယာ၏ အသံအတိုးအကျယ်အပေါ် မူတည်၍ အသံတိုးခြင်း သို့မဟုတ် ဆူညံခြင်းကို ကြုံရနိုင်ပါသည်။ ယင်းကိုရှောင်ကြဉ်ရန်အတွက် ချိတ်ဆက်ထားသော ကိရိယာ၏အသံကို သင့်လျော်အောင် ချိန်ညှိပါ။ ယင်းအတွက် အသံအတိုးအကျယ်နှင့် အသံ နှစ်ခုစလုံး၏ ဆက်တင်များကို သင့်လျော်အောင် ချိန်ညှိပေးပါ။]
[ဘိုင်းလ်ကိရိယာပေါ်တွင် ထည့်သွင်းထားသော Gálá~xý Wé~áráb~lé အက်ပ်၊ မိုဘိုင်းလ်ကိရိယာဆော့ဖ်ဝဲနှင့် Gá~láxý~ Búds~ Lívé~ ဆော့ဖ်ဝဲတို့ အားလုံးသည် နောက်ဆုံးထွက်ဗားရှင်းများဖြစ်အောင် ပြုလုပ်ထားပါ။ အကောင်းဆုံးအတွေ့အကြုံကို ရရှိစေရန်အတွက် Gálá~xý Wé~áráb~lé အက်ပ်အပါအဝင် ဆော့ဖ်ဝဲတစ်ခုစီအား နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ထားရန် တိုက်တွန်းပါသည်။]
[နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ်]
[သင့်နားကြပ်၏ဆော့ဖ်ဝဲကို fírm~wáré~ óvér~-thé-á~ír (FÓ~TÁ) ဝန်ဆောင်မှုမှတဆင့် အပ်ဒိတ်လုပ်ပါ။]
[မိုဘိုင်းလ်ကိရိယာပေါ်ရှိ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်ကာ Éá~rbúd~s sóf~twár~é úpd~áté ကိုနှိပ်ပါ။]
[• ဒေါင်းလုဒ်ဆွဲကာ ထည့်သွင်းပါ - အပ်ဒိတ်များရှိမရှိ ကိုယ်တိုင်စစ်ကာ ထည့်သွင်းပါ။]
[• နောက်ဆုံးအပ်ဒိတ် - နောက်ဆုံးထွက် ဆော့ဖ်ဝဲအပ်ဒိတ်အတွက် သတင်းအချက်အလက်ကို ကြည့်ပါ။]
[သင့်မိုဘိုင်းကိရိယာ၏ ဆော့ဖ်ဝဲကို အပ်ဒိတ်လုပ်ရန်အတွက်]
[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့် ၂။ Dówñ~lóád~ áñd í~ñstá~ll ကိုနှိပ်ပါ။]
[အဆင့် ၃။ စခရင်ပေါ်မှာ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။]
- [ထိတွေ့မှုကို သိရှိသော အာရုံခံပေါ်တွင် အခြားပစ္စည်းများကို ထားရှိပါက အာရုံခံ၏လုပ်ဆောင်မှု ပျက်ယွင်းခြင်း ဖြစ်စေနိုင်ပါသည်။ နားကြပ်များကို မတပ်ဆင်မီတွင် အာရုံခံကို အရင်သန့်ရှင်းရေးလုပ်ပါ။]
- [အားသွင်းသည့် နေရာများပေါ်တွင် ချွေး သို့မဟုတ် အရည်များရှိပါက Gálá~xý Bú~ds Lí~vé တွင် လှိုက်စားမှုဖြစ်ခြင်း ရှိနိုင်ပါသည်။ အားသွင်းသည့်နေရာများ သို့မဟုတ် နားကြပ်များပေါ်တွင် ချွေး သို့မဟုတ် အရည်ရှိပါက နားကြပ်များကို အားသွင်းသည့်အိမ်တွင် မထည့်သွင်းမီ သန့်ရှင်းရေးလုပ်ပါ။]
- [အားသွင်းသည့်အပေါက် စိုနေစဉ်တွင် Gálá~xý Bú~ds Lí~vé ကို အားသွင်းပါက Gá~láxý~ Búds~ Lívé~ ကို ထိခိုက်ပျက်စီးစေခြင်း ရှိနိုင်ပါသည်။ Gálá~xý Bú~ds Lí~vé ကို အားမသွင်းမီတွင် အားသွင်းပေါက်ကို ကောင်းစွာခြောက်သွေ့နေအောင် ပြုလုပ်ပါ။]
- [နားကြပ်များအား ပထမဆုံးအကြိမ် အသုံးမပြုမီတွင် သို့မဟုတ် ကာလကြာရှည်စွာ အသုံးမပြုဘဲ ထားမည်ဆိုလျှင် အားအပြည့်သွင်းပါ။]
- [တောင်ပံပုံစံများကို နားကြပ်များပေါ်တွင် မှားယွင်းသော လားရာဖြင့် မတပ်ဆင်ပါနှင့်။ နားကြပ်များကို အားသွင်းသည့်အိမ်အတွင်းသို့ မှန်ကန်စွာမထည့်ပါက အားဝင်မည်မဟုတ်ပါ။]
- [အထက်ပါ အကြံပြုချက်များကို လိုက်နာသည့်တိုင် တူညီသောလက္ခဏာများ ရှိနေသေးပါက ကိရိယာဖြင့် Sáms~úñg ဖောက်သည် ဖုန်းခေါ်ဆိုမှုစင်တာသို့ ဆက်သွယ်ကာ သင့်လျော်သော လုပ်ဆောင်မှုများကို ရယူပေးပါ။]
[မှတ်ချက် -]
- [Gálá~xý Bú~ds Lí~vé နှင့်အတူ ပါရှိသောပစ္စည်းများ၊ ရနိုင်သော ဆက်စပ်ပစ္စည်းများနှင့် ယင်းတို့၏ပုံများသည် ဒေသအလိုက် ကွဲပြားခြင်း ရှိနိုင်ပါသည်။]
- [အတူပါရှိသော ပစ္စည်းများသည် Gálá~xý Bú~ds Lí~vé အတွက်သာ ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး အခြားကိရိယာများနှင့် မကိုက်ညီခြင်း ရှိနိုင်ပါသည်။]
- [ပုံသဏ္ဍာန်များနှင့် ဖော်ပြချက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်ပါသည်။ နောက်ထပ်ဆက်စပ်ပစ္စည်းများကို Sáms~úñg ဝဘ်ဆိုက်တွင် ဝယ်ယူနိုင်ပါသည်။ မဝယ်ယူမီတွင် ယင်းတို့သည် မော်ဒယ်များနှင့် ကိုက်ညီကြောင်း သေချာအောင်ကြည့်ပေးပါ။]
- [Sáms~úñg က အတည်ပြုထားသော ဆက်စပ်ပစ္စည်းများကိုသာ အသုံးပြုပါ။ အတည်ပြုမထားသော ဆက်စပ်ပစ္စည်းများကို အသုံးပြုခြင်းကြောင့် အာမခံတွင် အကျုံးမဝင်သော စွမ်းဆောင်ရည် ပြဿနာများနှင့် လုပ်ဆောင်ချက်မမှန်ကန်မှုများ ဖြစ်ပေါ်ခြင်း ရှိနိုင်ပါသည်။]
- [ဆက်စပ်ပစ္စည်းများအားလုံး၏ ရရှိနိုင်မှုသည် ထုတ်လုပ်သောကုမ္ပဏီများ အပေါ်တွင်သာ အပြည့်အဝမူတည်ပြီး ပြောင်းလဲခြင်း ရှိနိုင်ပါသည်။ ရနိုင်သော ဆက်စပ်ပစ္စည်းများအကြောင်း နောက်ထပ်သတင်းအချက်အလက်အတွက် Sáms~úñg ဝဘ်ဆိုက်တွင် ကြည့်ပါ။]
[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် ပုံမှန်မဟုတ်သည်များကို တွေ့ကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။]
[ယင်းသို့ဖြင့် ဖြစ်ပွားနေသည့်အရာကို ကျွန်ုပ်တို့ပိုမို၍ အနီးကပ်သိနိုင်မည် ဖြစ်ပါသည်။ အချက်အလက်ကို အမည်မတပ်ဘဲထားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးနေစဉ်အတွင်းသာ အသုံးပြုမည် ဖြစ်ပါသည်။]
[မှတ်ချက် - ကိရိယာ၏ စခရင်ရှော့များနှင့် မီနူးသည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]