[Gálá~xý Wá~tch အင်္ဂါရပ်များကို အသုံးပြုနည်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 10.05.2023]

[သင်၏ Gálá~xý နာရီတွင် သင်၏ စက်ပစ္စည်းကို ဘေးကင်းစေရန်၊ သင်၏ကြံ့ခိုင်မှုပန်းတိုင်များကို ခြေရာခံပြီး သင်၏ကျန်းမာရေးကိုစောင့်ကြည့်ရန် အထောက်အကူဖြစ်စေမည့် အသစ်နှင့် မွမ်းမံထားသော အင်္ဂါရပ်များ ထည့်သွင်းပေးထားပါသည်။]

[Gálá~xý Wá~tch စက်ပစ္စည်း၏ မြင်ကွင်း]

[Wáté~r Lóc~k အားဖွင့်ပါ]

[သင်၏ Gálá~xý နာရီကို ရေထဲတွင် သို့မဟုတ် ရေနှင့်အနီးတစ်ဝိုက်တွင် အသုံးပြုသည့်အခါ သင့်ဖန်သားပြင်ပေါ် မတော်တဆ ထိမိခြင်းမှ ကာကွယ်ရန် Wá~tér L~óck မုဒ်ကို ဖွင့်ပါ။ ၎င်းသည် သင်ရေကူးနေစဉ်တွင် သင့်နာရီကို နိုးထစေခြင်းအထိအတွေ့အား မတော်တဆ အသက်သွင်းခြင်းမှလည်း တားဆီးနိုင်မည်ဖြစ်သည်။]

[အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။] [အမြန်ဝင်ရောက်မှုပင်နယ်၏ မြင်ကွင်း။]

[အဆင့် ၁။ အမြန်ဝင်ရောက်မှုပင်နယ်ကို ဖွင့်ရန် သင်၏ ပင်မစခရင်ပေါ်တွင် အောက်သို့ ပွတ်ဆွဲပါ။]

[Wáté~r Lóc~k အိုင်ကွန်ကို ဝိုင်းပြထားသော အမြန်ဝင်ရောက်မှုပင်နယ်မြင်ကွင်း] [Wáté~r Lóc~k အိုင်ကွန်ကို ဝိုင်းပြထားသော အမြန်ဝင်ရောက်မှုပင်နယ်မြင်ကွင်း]

[အဆင့်၂။Wáté~r Lóc~k အိုင်ကွန်ကို နှိပ်ပါ။]

[ပိတ်ရန်ညွှန်ကြားချက်များကို ဖော်ပြထားသော Wáté~r Lóc~k အင်္ဂါရပ်မြင်ကွင်း] [ပိတ်ရန်ညွှန်ကြားချက်များကို ဖော်ပြထားသော Wáté~r Lóc~k အင်္ဂါရပ်မြင်ကွင်း]

[အဆင့် ၃။ပိတ်ရန် Hómé~ Kéý ကို ၂စက္ကန့်ခန့် နှိပ်ပြီး ဖိထားပေးပါ။

]

[သင်၏ ခန္တာကိုယ်ဖွဲ့စည်းပုံကို တိုင်းတာပါ။]

[Gálá~xý နာရီတွင် သင့်ခန္ဓာကိုယ်ကို ပိုမိုတိကျစွာခွဲခြမ်းစိတ်ဖြာရန် အဆင့်မြင့် အာရုံခံကိရိယာများရှိသည်။ ဇီဝလျှပ်စစ်ဆိုင်ရာ လျှပ်စီးကြောင်းဟန့်တားမှုစိစစ်ရေး (BÍ~Á) အာရုံခံကိရိယာအသစ်သည် သင့်ခန္ဓာကိုယ်အဆီနှင့် သင့်အရိုးစုကြွက်သားများကိုပင် တိုင်းတာနိုင်မည်ဖြစ်သည်။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ ခန္တာကိုယ်ဖွဲ့စည်းမှုမြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ ခန္တာကိုယ်ဖွဲ့စည်းမှုမြင်ကွင်း]

[အဆင့် ၁။Sáms~úñg ကျန်းမာရေးအက်ပ်ကို ဖွင့်ပါ အောက်သို့ဆွဲချပြီး"ခန္တာကိုယ်ဖွဲ့စည်းမှု" ကို နှိပ်ပါ။]

[ခန္တာကိုယ်ဖွဲ့စည်းမှုအတွင်းမှ တိုင်းတာခြင်းခလုတ်ပြ မြင်ကွင်း] [ခန္တာကိုယ်ဖွဲ့စည်းမှုအတွင်းမှ တိုင်းတာခြင်းခလုတ်ပြ မြင်ကွင်း]

[အဆင့် ၂။ "တိုင်းတာမည်" ခလုတ်ကိုနှိပ်ပါ။]

[ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ လိင်အမျိုးအစားရွေးချယ်မှုပြမြင်ကွင်း] [ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ လိင်အမျိုးအစားရွေးချယ်မှုပြမြင်ကွင်း]

[အဆင့် ၃။ သင်၏ လိင်အမျိုးအစားအားရွေးချယ်ပါ]

   [ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ အရပ်တိုင်းတာခြင်းပြ မြင်ကွင်း]    [ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ အရပ်တိုင်းတာခြင်းပြ မြင်ကွင်း]

[အဆင့် ၄။ သင်၏ အရပ်အမြင့်အားရွေးချယ်ပါ။]

[ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ ကိုယ်အလေးချိန်သတ်မှတ်ခြင်းပြမြင်ကွင်း] [ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ ကိုယ်အလေးချိန်သတ်မှတ်ခြင်းပြမြင်ကွင်း]

[အဆင့် ၅။ သင်၏ ကိုယ်အလေးချိန်ကိုထည့်သွင်းပြီး "အတည်ပြုမည်" အား နှိပ်ပါ။]

[ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ ကျန်းမာရေးသတိပေးချက်ပြ မြင်ကွင်း] [ခန္တာကိုယ်ဖွဲ့စည်းမှု အတွင်းရှိ ကျန်းမာရေးသတိပေးချက်ပြ မြင်ကွင်း]

[တိုင်းတာမှုကို အပြီးသတ်ရန် မျက်နှာပြင်ပေါ်ရှိ ညွှန်ကြားချက်များကို လိုက်နာပါ။]

[သတိပြုရန်-] 

  • [ခန္ဓာကိုယ်ဖွဲ့စည်းမှုကို စောင့်ကြည့်စစ်ဆေးခြင်းသည် ကျန်းမာရေးအခြေအနေတစ်ခုခုကို ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသခြင်းအတွက်မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်မှုအတွက်သာဖြစ်ကြောင်း မှတ်သားထားပါ။]

  • [သင့်တွင် နှလုံးခုန်နှုန်းထိန်းစက် ထည့်သွင်းထားခြင်း သို့မဟုတ် အခြားထည့်သွင်းထားသော ဆေးဘက်ဆိုင်ရာ ကိရိယာရှိလျှင် မတိုင်းတာပါနှင့်။]

[သင်၏ စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာပါ။]

[Gálá~xý Wá~tch ဖြင့် သင့်နှလုံးခုန်နှုန်းနှင့် အခြားအချက်အချို့ကို စစ်ဆေးခြင်းဖြင့် သင့်စိတ်ဖိစီးမှုအဆင့်ကို တိုင်းတာနိုင်ပါသည်။]

[Sáms~úñg ကျန်းမာရေး အက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကွက်ပြမြင်ကွင်း] [Sáms~úñg ကျန်းမာရေး အက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကွက်ပြမြင်ကွင်း]

[အဆင့် ၁။Sáms~úñg ကျန်းမာရေးအက်ပ်ကို ဖွင့်ပါ အောက်သို့ဆွဲချပြီး "စိတ်ဖိစီးမှု" ကို နှိပ်ပါ။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကန့်မှ တိုင်းတာမည်ခလုတ်ပြမြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကန့်မှ တိုင်းတာမည်ခလုတ်ပြမြင်ကွင်း]

[အဆင့်၂။ "တိုင်းတာမည်" ကိုနှိပ်ပါ။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုတိုင်းတာရန် ပြင်ဆင်ခြင်းပြ မြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုတိုင်းတာရန် ပြင်ဆင်ခြင်းပြ မြင်ကွင်း]

[အဆင့် ၃။ Gálá~xý မှပြင်ဆင်နေသည်ကို စောင့်ဆိုင်းပါ။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကန့်မှ တိုင်းတာမှုအဆင့်ပြ မြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ စိတ်ဖိစီးမှုအကန့်မှ တိုင်းတာမှုအဆင့်ပြ မြင်ကွင်း]

[အဆင့် ၄။ စိတ်ဖိစီးမှုအဆင့်ကို ရာခိုင်နှုန်းတစ်ခုဖြင့် ဖော်ပြမည်ဖြစ်သည်။]

[သတိပြုရန်-] 

  • [စိတ်ဖိစီးမှုအဆင့် တိုင်းတာခြင်းများသည် တစ်ကိုယ်ရေသုံးအတွက်သာဖြစ်ပြီး ခိုင်လုံသောဆေးဘက်ဆိုင်ရာအမြင်ကို မပေးဆောင်ပါ။]

  • [အကယ်၍ သင်သည် စိတ်ဖိစီးမှု၊ မသက်မသာဖြစ်ခြင်း သို့မဟုတ် နေမကောင်းဖြစ်နေပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် ဆွေးနွေးပါ။]

[သင့်နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါ။]

[သင်၏ နှလုံးခုန်နှုန်းကို သိရှိခြင်းက သင်ပြုလုပ်သောလေ့ကျင့်ခန်းများသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေရန် လုံလောက်သောထိရောက်မှုရှိမရှိကို သိရှိစေရန်ကူညီပေးနိုင်သောကြောင့်ဖြစ်ပြီး သိပ်ပြီးထိရောက်မှုမရှိပါက ရုပ်ပိုင်းဆိုင်ရာရောဂါသစ်များ ဖြစ်လာစေနိုင်သည်။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ နှလုံးခုန်နှုန်းပြ မြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ နှလုံးခုန်နှုန်းပြ မြင်ကွင်း]

[အဆင့် ၁။Sáms~úñg ကျန်းမာရေးအက်ပ်ကို ဖွင့်ပါ အောက်သို့ဆွဲချပြီး "နှလုံးခုန်နှုန်း" ကို နှိပ်ပါ။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ နှလုံးခုန်နှုန်းအကန့်မှ တိုင်းတာမည်ခလုတ်ပြမြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းရှိ နှလုံးခုန်နှုန်းအကန့်မှ တိုင်းတာမည်ခလုတ်ပြမြင်ကွင်း]

[အဆင့်၂။ "တိုင်းတာမည်" ကိုနှိပ်ပါ။]

[Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ နှလုံးခုန်နှုန်းအချက်အလက်ပြ မြင်ကွင်း] [Sáms~úñg ကျန်းမာရေးအက်ပ်အတွင်းမှ နှလုံးခုန်နှုန်းအချက်အလက်ပြ မြင်ကွင်း]

[အဆင့် ၃။ နှလုံးခုန်နှုန်းအချက်အလက်များအား ဖော်ပြမည်ဖြစ်သည်။]

[သတိပြုရန်-] 

  • [နှလုံးခုန်နှုန်းတိုင်းတာခြင်းများသည် တစ်ကိုယ်ရေသုံးအတွက်သာဖြစ်ပြီး ခိုင်လုံသောဆေးဘက်ဆိုင်ရာအမြင်ကို မပေးဆောင်ပါ။]

  • [နေထိုင်မကောင်းခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းများရှိပါက ဆေးဘက်ဆိုင်ရာအကြံပြုချက်များကို အမြန်ဆုံးရယူပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]