[Gálá~xý Wá~tch ၏ ဘီဇယ်ကို ဘယ်လိုအသုံးပြုမလဲ]
[Gálá~xý Wá~tch တွင် လှည့်နိုင် သို့မဟုတ် ထိနိုင်သည့် ဘီဇယ်ပါဝင်ပါသည်။ ဘီဇယ်အား နာရီလက်တံ သို့မဟုတ် လက်တံဆန့်ကျင်ဘက်သို့လှည့်ပြီး နာရီ၏ များပြားလှသည့်လုပ်ဆောင်ချက်များကို အလွယ်တကူ ရယူနိုင်ပါသည်။ အောက်ပါလမ်းညွှန်တွင် သင့် G~áláx~ý Wát~ch ၏ ဘီဇယ်အသုံးပြုနည်းအကြောင်းလေ့လာလိုက်ပါ။]
[Gálá~xý Wá~tch ၏ ဘီဇယ်လုပ်ဆောင်ချက်များ]
[Gálá~xý Wá~tch Á~ctív~é, Gál~áxý W~átch~ Áctí~vé2, Gá~láxý~ Wátc~h4, နှင့်Gál~áxý W~átch~5 တို့အားလုံးတွင် ဒစ်ဂျစ်တယ်စနစ်သီးသန့်ဖြစ်သည့် ထိနိုင်သည့်ဘီဇယ် ပါဝင်ပါသည်။ လက်ချောင်းထိပ်ဖြင့် စခရင်အစွန်းသို့အသာအယာဖိ၍ လှည့်ပြီး အက်ပ်နှင့်စခရင်အကြား လှည့်ကြည့်နိုင်ပါသည်။]
[မှတ်ချက် :]
[Gálá~xý Wá~tch4 C~láss~íc တွင် သင့်လက်ချောင်းများဖြင့်လှည့်နိုင်သည့် ပြင်ပဘီဇယ်ပါရှိပါသည်။]
[တက်ချ်ဘီဇယ်ကိုပိတ်ရန်အတွက် သတ်မှတ်ချက်များ သို့သွား၍ အထွေထွေ > ဘီဇယ်ကွင်းကိုနှိပ်ပါ သို့ဝင်၍ လုပ်ဆောင်ချက်ကို ပိတ်ပါ။]
[ဘီဇယ်ကွင်းကိုလှည့်၍ အခြားစခရင်များသို့ သွားနိုင်ပါသည်။ နာရီမျက်နှာပြင်မှနေ၍ တက်ချ်ဘီဇယ်ကို နာရီလက်တံဆန့်ကျင်ဘက်သို့လှည့်၍ အသိပေးချက်စခရင်ကို ပြနိုင်ပါသည်။]
[ဘီဇယ်ကွင်းကိုလှည့်၍ တိုင်များကိုရွှေ့နိုင်ပါသည်။ နာရီလက်တံအတိုင်း ဘီဇယ်ကိုလှည့်ခြင်းဖြင့် အဆိုပါဦးတည်ရာအတိုင်း တိုင်များကို တစ်ခုစီဆက်တိုက်ပြသွားပါလိမ့်မည်။]
[မှတ်ချက် :]
- [တိုင်များမှာ အက်ပ်များနှင့်လုပ်ဆောင်ချက်များ၏ ရှော့ကပ်များဖြစ်ပြီး နာရီပေါ်တွင် စခရင်အဖြစ် ထည့်သွင်းနိုင်ပါသည်။]
[အသံ၊ အလင်း အစရှိသည်တို့ကို တက်ချ်ဘီဇယ်ကိုလှည့်၍ တိုးနိုင်လျှော့နိုင်ပါသည်။ အလင်းထိန်းချုပ်မှုစခရင်ပေါ်တွင် ဘီဇယ်ကွင်းကို နာရီလက်တံအတိုင်းလှည့်၍ စခရင်၏ အလင်းကို တိုးပါ။]
[ဘီဇယ်ကွင်းကို နာရီလက်တံအတိုင်းလှည့်ခြင်းဖြင့် ဖုန်းဖြေဆိုခြင်း သို့မဟုတ် အသိပေးသံကိုပိတ်ပစ်နိုင်ပါသည်။ ဘီဇယ်ကွင်းကို နာရီလက်တံဆန့်ကျင်ဘက်သို့လှည့်၍ ဖုန်းချခြင်း သို့မဟုတ် အသိပေးသံခဏပိတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]