[Gálá~xý Ñó~té20 | Ñó~té20 Úl~trá ဖြင့် W~írél~éss D~éX အား အသုံးပြုပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 31.08.2020]

[Sáms~úñg D~éX ဖြင့် သင့်မိုဘိုင်းလ်ကို ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုနိုင်ပါသည်။ ယင်းအတွက် သင့်ထံတွင် Dé~X Stá~tíóñ~၊ DéX P~ád သို့မဟုတ် ÚS~B ကြိုးတို့ ကဲ့သို့သော ဆက်စပ်ပစ္စည်းများ လိုအပ်ခဲ့ပါသည်။ သို့ရာတွင် ယခုအခါ မလိုအပ်တော့ပါ။ Gál~áxý Ñ~óté20 နှင့် Ñ~óté20 Ú~ltrá~ တွင် Wíré~léss~ DéX ကိုပေးထားပြီး ယင်းသည် ဝိုင်ဖိုင်မှတဆင့် သင့်မိုဘိုင်းလ်ကို စမတ်တီဗွီတစ်လုံးနှင့် ချိတ်ဆက်ပေးပါသည်။ တီဗွီကို ဒုတိယစခရင်အဖြစ်ထား၍ ကိရိယာနှစ်ခုစလုံးတွင် ထိန်းချုပ်မှုကို မလွတ်စေဘဲ နှစ်ခုတပြိုင်နက် ကစားလိုက်ပါ။]

[Sáms~úñg D~éX ဖြင့် ရိုးရှင်းသော ဝါယာလက်ချိတ်ဆက်မှု]

 

[Sáms~úñg D~éX သည် မိုဘိုင်းလ်အား တီဗွီ သို့မဟုတ် မော်နီတာတစ်ခုကဲ့သို့ ပြင်ပမျက်နှာပြင်တစ်ခုနှင့် ချိတ်ဆက်ပေးခြင်းဖြင့် သင့်မိုဘိုင်းလ်ကို ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုနိုင်စေပါသည်။ လက်ရှိတွင် Sá~msúñ~g DéX~ အတွက် HDMÍ~/ÚSB ကြိုးဖြင့် ချိတ်ဆက်မှုကို ပံ့ပိုးပေးထားပါသည်။ သို့သော် G~áláx~ý Ñót~é20 နှင့် Ñót~é20 Últ~rá တို့တွင် ဝိုင်ဖိုင်မှတဆင့် Sá~msúñ~g DéX~ ကို ရိုးရှင်းသော ဝါယာလက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ပါသည်။ Wíré~léss~ DéX ဖြင့် ကြီးမားသော စခရင်ပေါ်တွင် ဆောင်ရွက်ချက်အများအပြား ပြိုင်တူလုပ်ခြင်းကို ခံစားကြည့်လိုက်ပါ။ ပြင်ပမျက်နှာပြင်နှင့် သင့်မိုဘိုင်းလ်ပေါ်တွင် သီးခြားအက်ပ်များအား တပြိုင်နက် အသုံးပြုခြင်းကို ရရှိနိုင်ပါသည်။ သင်က မိုဘိုင်းလ်ပေါ်၌ ဝဘ်ဆိုက်များကို လိုက်ကြည့်နေစဉ်တွင်ပင် တီဗွီပေါ်တွင် Ý~óúTú~bé သို့မဟုတ် Ñé~tflí~x ကို ကြည့်နိုင်ပါသည်။ သို့မဟုတ် အွန်လိုင်းလက်ချာများကို တီဗွီ၌ကြည့်နေစဉ်တွင် မှတ်ချက်တစ်ခုကို Sám~súñg~ Ñóté~s ဖြင့် ရေးနိုင်ပါသည်။]

[မှတ်ချက် 
]

  • [Sáms~úñg D~éX Wí~rélé~ss ချိတ်ဆက်မှုအား Mí~rácá~st အသုံးပြုနိုင်သော စမတ်တီဗွီများအတွက်သာ ပံ့ပိုးပေးထားပါသည်။]
  • [သင်ချိတ်ဆက်လိုသော တီဗွီတွင် စခရင်ကူးယူခြင်းကို ပံ့ပိုးပေးထားကြောင်း သေချာအောင် စစ်ပါ။]
  • [၂၀၁၉ ခုနှစ်နောက်ပိုင်းတွင် ထုတ်လုပ်ထားသော Sáms~úñg စမတ်တီဗွီတစ်လုံးကို အသုံးပြုရန် တိုက်တွန်းပါသည်။]
  • [DéX ပုံစံမှတဆင့် တီဗွီပေါ်တွင် အက်ပ် ၅ ခုအထိကို တပြိုင်နက် အသုံးပြုနိုင်ပါသည်။]

[QHD အရည်အသွေး ပံ့ပိုးမှု]

 

[FHD ထက် ပိုမိုကြည်လင်သော အရည်အသွေးဖြင့် သင်ကြည့်လိုသည်များကို ကြည့်နိုင်ပါသည်။]

[2560 x 1440 အရည်အသွေးသည် အရောင်အသွေးတောက်ပကာ ပြတ်သားသော ရုပ်ပုံအရည်အသွေးဖြင့် ကြည့်ရှုရသည့် စိတ်ကျေနပ်ဖွယ်ရာ အတွေ့အကြုံကို ပေးပါသည်။]

[မှတ်ချက် 
]

  • [5GHz ဝိုင်ဖိုင်ချိတ်ဆက်မှုဖြင့် (‘17 နောက်ပိုင်းတွင် ထုတ်လုပ်ခဲ့သော) S~ámsú~ñg 4K T~V ဖြင့် အသုံးပြုနိုင်ပါသည်။]
  • [Smár~t Víé~w သည် FHD~ (1920x1080) အထိ ပံ့ပိုးမှုပေးပါသည်။]

[DéX အား ကြိုးမဲ့ချိတ်ဆက်နည်းဖြင့် ချိတ်ဆက်ပုံ]

 

[သင့်မိုဘိုင်းလ်အား စမတ်တီဗွီတစ်လုံးနှင့် ချိတ်ဆက်ပေးသည့် Sáms~úñg D~éX ကို အသုံးပြုရန်အတွက် Dé~X Pád~ သို့မဟုတ် ကြိုးကဲ့သို့သော ဆက်စပ်ပစ္စည်းများကို ယခင်က လိုအပ်ခဲ့ပါသည်။ သို့သော် Gálá~xý Ñó~té20 နှင့် Ñó~té20 Úl~trá ၏ လုပ်ဆောင်ချက်အသစ်ဖြစ်သော W~írél~éss D~éX ဖြင့် ဆက်စပ်ပစ္စည်းများကို သင်မလိုအပ်တော့ပါ။ Wí~rélé~ss Dé~X ကို စီစဉ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။]

 

[အဆင့် ၁။ သင့်စမတ်ဖုန်းပေါ်တွင် Qúíc~k páñ~él ကိုဖွင့်ပြီးနောက် အောက်ဖက်သို့ပွတ်ဆွဲကာ Dé~X ကိုနှိပ်ပါ။]

[အဆင့် ၂။ တွေ့ရှိသော ကိရိယာများစာရင်းမှ တီဗွီတစ်လုံးကို ရွေးချယ်ပါ။]

[အဆင့် ၃။ ပေါ်လာသော Sáms~úñg D~éX တွင် St~árt ñ~ów ကိုနှိပ်ပါ။ (Q Ó~S နောက်ပိုင်း ကိရိယာများအတွက် လိုအပ်ပါသည်)
]

 

[အဆင့် ၄။ တီဗွီပေါ်တွင် ချိတ်ဆက်ရန် တောင်းဆိုမှုကို လက်ခံပါ။ 
]

[အဆင့် ၅။ ချိတ်ဆက်မိသွားပါက Sáms~úñg D~éX စခရင်သည် တီဗွီတွင် ပေါ်လာပါမည်။]

[DéX D~úál ပုံစံဖြင့် ဆောင်ရွက်ချက်အများအပြား ပြိုင်တူလုပ်ခြင်း]

 

[မိုဘိုင်းလ်နှင့် တီဗွီဖြင့် ဆောင်ရွက်ချက်အများအပြားပြိုင်တူလုပ်ခြင်းကို ခံစားကြည့်လိုက်ပါ။ Sáms~úñg D~éX ကို အသုံးပြုစဉ်တွင် မတူညီသောအက်ပ်များအား ပြင်ပမျက်နှာပြင်နှင့် သင့်မိုဘိုင်းလ်ပေါ်တွင် တပြိုင်နက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။]

 

  • [စိတ်ကျေနပ်ဖွယ်ရာ Múlt~íméd~íá အတွေ့အကြုံ]

[တီဗွီပေါ်တွင် ÝóúT~úbé သို့မဟုတ် Ñ~étfl~íx ကို ကြည့်နေစဉ် တချိန်တည်းတွင်ပင် မိုဘိုင်းလ်ပေါ်၌ စာသားမက်ဆေ့ဂျ်ပို့ခြင်း သို့မဟုတ် ဝဘ်စာမျက်နှာများ လိုက်ကြည့်ခြင်းကို ပြုလုပ်နိုင်ပါသည်။]

 

  • [အကျိုးရှိသော အွန်လိုင်းပညာရေး အတွေ့အကြုံ]

[TÉD ကဲ့သို့သော အွန်လိုင်းလက်ချာများကို တီဗွီ၌ကြည့်နေစဉ် တချိန်တည်းတွင်ပင် S~ámsú~ñg Ñó~tés ကိုအသုံးပြု၍ မှတ်စုများကို ရေးနိုင်ပါသည်။]

[မှတ်ချက် - တွဲသုံးသည့်ပုံစံတွင် အက်ပ်များကို မိုဘိုင်းလ်ပေါ်တွင်ရော DéX ဖြင့်ချိတ်ဆက်ထားသည့် စခရင်ပေါ်တွင်ပါ သီးခြားစီဖွင့်၍ အသုံးပြုနိုင်ပါသည်။]

[ပိုမိုကောင်းမွန်သော DéX T~óúch~ Pád]

 

[Gálá~xý Ñó~té20 နှင့် Ñó~té20 Úl~trá ဖြင့်သုံးသော D~éX Tó~úch p~ád သည် ကွန်ပျူတာတစ်လုံးကဲ့သို့ ထိန်းချုပ်နိုင်စေမည် ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော Tó~úch P~ád လုပ်ဆောင်ချက်တွင် လက်ဟန်အမျိုးအစား သုံးမျိုးကို ထည့်သွင်းထားပါသည်။ လက်ချောင်း ၃ ချောင်းဖြင့် ပွတ်ဆွဲကာ Dé~X ကို ပိုမိုအကျိုးရှိအောင် ထိန်းချုပ်နိုင်ပြီး ယင်းကို Gál~áxý Ñ~óté20 နှင့် Ñ~óté20 Ú~ltrá~ တို့တွင် ပံ့ပိုးပေးမည် ဖြစ်ပါသည်။ လုပ်ဆောင်ချက်အသစ်များကို အောက်တွင်ကြည့်ပါ။]

 

[Tóúc~h Pád~ ကိုဖွင့်ရန်အတွက် DéX နှင့်ချိတ်ဆက်ပြီးနောက်တွင် Q~úíck~ Páñé~l ကိုအောက်သို့ပွတ်ဆွဲကာ Rúñ~ wíth~ Tóúc~h Pád~ ကို ရွေးချယ်ပါ။
]

 

1 [အပေါ်သို့ပွတ်ဆွဲသည့်လက်ဟန် - လတ်တလော စာမျက်နှာသို့ ပြန်သွားမည်]
2 [အောက်သို့ပွတ်ဆွဲသည့်လက်ဟန် - ပင်မစာမျက်နှာသို့ ပြန်သွားမည်]
3 [ဘယ်/ညာသို့ပွတ်ဆွဲသည့်လက်ဟန် - အက်ပ်များအကြား ကူးပြောင်းမည်]

[မှတ်ချက် - ကိရိယာ၏ စခရင်ရှော့နှင့် မီနူးသည် ကိရိယာ၏မော်ဒယ်နှင့် ဆော့ဖ်ဝဲဗားရှင်းအပေါ် မူတည်၍ ကွဲပြားခြင်းရှိနိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]