[Áñdr~óíd ဗားရှင်း ၉.၀ တွင် အဓိကပြောင်းလဲမှုများ]
[Áñdr~óíd ဗားရှင်း ၉.၀ အော်ပရေးတင်းစနစ်ကို အလိုလိုသိရှိ နားလည်ရန်လွယ်သော ဒီဇိုင်းဖြင့် အပ်ဒိတ်လုပ်ထားပြီး၊ ၎င်းကို လက်တစ်ဖက်ဖြင့် ရှိသမျှအရာတိုင်း ပြုလုပ်ရန် ပို၍လွယ်ကူစေပါတယ်။]
[အဓိကပြောင်းလဲမှုများအနက် အချို့ကို အောက်တွင် ပိုမိုရှာဖွေပါ။]
[သတိပြုရန်- Áñdr~óíd ဗားရှင်း 9.0 ကို မော်ဒယ်အချို့တွင်သာ ဒေါင်းလုဒ်လုပ်ရန် ရနိုင်ပြီး၊ ၎င်းက ဒေသဆိုင်ရာအပေါ် မူတည်၍ ခြားနားနိုင်ပါတယ်။ ဤဆော့ဖ်ဝဲသည် S~10’s တွင် မူလသတ်မှတ်ပုံစံအဖြစ် ပါလာပါတယ်။]
[ပင်မဖန်သားပြင်၊ ဖုန်းအက်ပ်၊ ပြက္ခဒိန်၊ မက်ဆေ့ခ်ျများ၊ အီးမေးလ်၊ အသိပေးချက်ပန်နယ်နှင့် နောက်ထပ်အရာများစွာအား ပိုကောင်းစေသော အသုံးပြုသူ အတွေ့အကြုံအတွက် ဒီဇိုင်းပုံစံပြန်လုပ်ထားတာကို၊ သင် သတိပြုမိမှာပါ။ များပြားလှတဲ့ အိုင်ကွန်များနှင့် မီနူးများအတွက် သုံးရလွယ်သော ရိုးရှင်းသော နောက်ထပ်ဒီဇိုင်းတွေ ရှိနေပါတယ်။]
[Álwá~ýs óñ~ Dísp~láý]
[Álwá~ýs óñ~ Dísp~láý (Á~ÓD) ရှိ မူလသတ်မှတ်နာရီကို ယခုဆိုလျှင် အလျားလိုက် ပုံစံချထားပြီး အရောင်ခြယ်ထားသည့် အိုင်ကွန်များဖြင့် အထူးစီစဉ်ထားပါတယ်။ ၎င်းတွင် ကျန်သေးသည့် ဘက်ထရီအချိန်၊ အားအပြည့်သွင်းချိန်ထိ ကျန်သေးသည့်အချိန်နှင့် ဝတ်ဆင်နိုင်ပစ္စည်းများကဲ့သို့ ချိတ်ဆက်နိုင်သည့် အခြားကိရိယာများအတွက် ဘက်ထရီအချက်အလက်ကိုလည်း ပြသပေးပါတယ်။ အခြားအပြင်အဆင်များ အသုံးပြုခြင်းဖြင့် သို့မဟုတ် ရုပ်ပုံများ သို့မဟုတ် GÍ~F များ အပ်လုဒ်လုပ်ခြင်းဖြင့်လည်း ၎င်းကို အပြည့်အဝ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။]
[ဗီဒီယိုပလေရာ]
[ဗီဒီယိုပလေရာရှိ ထိန်းချုပ်ခလုတ်များကို နေရာပြောင်းထားပါတယ်။ ၎င်းတိုက ယခုဆိုလျှင် ဖန်သားပြင်အောက်ခြေတွင် ရှိပြီး တုံ့ပြန်ဆောင်ရွက်ရန် ပို၍လွယ်ကူစေပါတယ်။]
[ကိရိယာစောင့်ရှောက်မှု]
[“သတ်မှတ်ချက်များ” အတွင်းရှိ ယခင် “ကိရိယာပြုပြင်ထိန်းသိမ်းမှု” နေရာတွင် “ကိရိယာစောင့်ရှောက်မှု” ဖြင့် အစားထိုးထားပါတယ်။]
[ဘက်ထရီပါဝါချွေတာရေးအတွက် အကောင်းဆုံးစီမံရာတွင် သုံးနိုင်သော “ပါဝါအနေအထား” ရွေးစရာများကို ရှာဖွေရန် “ဘက်ထရီ” ကို နှိပ်ပါ။]
[သင်၏အသုံးပြုမှုအား ပိုင်းခြားစိတ်ဖြာနိုင်ပြီး မူပွားသော သို့မဟုတ် မလိုအပ်သော ဖိုင်များကို ဖယ်ရှားနိုင်သည့် နေရာဖြစ်သည့် “သိုလှောင်ခန်း” နေရာအသစ်အား အသုံးပြုခြင်းဖြင်းဖြင့်လည်း သိုလှောင်ခန်းနေရာလွတ်များကို ရှင်းပစ်နိုင်ပါသည်။]
[တည်နေရာ သတ်မှတ်ချက်များ]
[တည်နေရာ သတ်မှတ်ချက်များသည် “ချိတ်ဆက်မှုများ” အတွင်း၌ မရှိတော့သော်လည်း ယခုဆိုလျှင် “ကိုယ်ဟန်နည်းများနှင့် လုံခြုံရေး” အောက်တွင် ရှာတွေ့နိုင်ပါတယ်။]
[မနှောင့်ယှက်ပါနှင့်]
[နောက်ဆုံးအနေဖြင့်၊ “မနှောင့်ယှက်ပါနှင့်” သတ်မှတ်ချက်ကို “အသံများနှင့် တုန်ခါနှုန်း” မီနူးထံမှ “အသိပေးချက်များ” ဆီသို့ နေရာပြောင်းထားပါတယ်။]
[ည အနေအထား]
[မျက်စိပင်ပန်းဒဏ်ဖြစ်မှုကို လျှော့ချရန် ညအချိန်တွင် ပြကွက်အား မှောင်မည်းသော အရောင်များသို့ ပြောင်းလဲပေးသည့် “ည အနေအထား” ကို ရှာဖွေပါ။ ၎င်းက နေဝင်/နေထွက်ချိန် သို့မဟုတ် အခြေအနေအချို့တွင် အလုပ်လုပ်ပါတယ်။ ၎င်းသည် Sáms~úñg အက်ပ်များတွင်သာ အလုပ်လုပ်ပြီး၊ “သတ်မှတ်ချက်များ” ကို နှိပ်ပြီးနောက် “ပြကွက်” မီနူးခွဲကို နှိပ်ခြင်းဖြင့် သတ်မှတ်နိုင်ပါတယ်။]
[ပင်မဖန်သားပြင် သော့ခတ်ရန်]
[ယခုဆိုလျှင် ပင်မဖန်သားပြင်ရှိ အိုင်ကွန်အသစ်များ၏ လှုပ်ရှားမှု၊ ဖျက်ပစ်မှုနှင့် ဖန်တီးမှုကို ကန့်သတ်နိုင်ပါပြီ။ “ပင်မဖန်သားပြင်အပြင်အဆင် သော့ခတ်ရန်” ကို ဖွင့်ရန်အတွက် “သတ်မှတ်ချက်များ”၊ “ပြကွက်” ပြီးနောက် “ပင်မဖန်သားပြင်” တို့ကို နှိပ်ပြီး ခလုတ်ကို ပွတ်ဆွဲပါ။]
[ပြခန်းအယ်လဘန်များ]
[ပြခန်းတွင် “အယ်လဘမ်” အသစ်များကို တွေ့နိုင်ပြီး၊ ဗီဒီယိုများ၊ စိတ်ကြိုက်များ၊ တည်နေရာများနှင့် အကြံပြုချက်များအတွက် ဖိုင်တွဲလေးခု ခွဲထုတ်ထားပါတယ်။ “အကြံပြုထားသည်” အယ်လဘမ်သည် သင့်ကိရိယာတွင် ထားသိုသည့်အရာအပေါ် မူတည်၍ အကြောင်းအရာ ဖန်တီးမှု သို့မဟုတ် ဖျက်ပစ်မှုတို့ကို အကြံပြုပေးမှာဖြစ်ပါတယ်။]
[အဆက်အသွယ်အသစ်များ]
[သင့်မက်ဆေ့ခ်ျများတွင် သိမ်းဆည်းမထားသည့် နံပါတ် ရှိလျှင်၊ မက်ဆေ့ခ်ျပို့ဖန်သားပြင်ထံမှ “အဆက်အသွယ်များတွင် ထည့်ရန်” သို့မဟုတ် “နံပါတ် ပိတ်ဆို့ရန်” ကို လျှင်မြန်စွာ အခန့်သင့်စွာ ပြုလုပ်နိုင်ပါတယ်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]