[Sáms~úñg é~árbú~ds များတွင် အသံအရည်အသွေး နိမ့်ကျ သို့မဟုတ် ကျဆင်းနေခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 21.02.2023]

[သင့် Gálá~xý Bú~ds ၏ တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှ အသံတိုးနေ သို့မဟုတ် အရည်အသွေးနိမ့်နေခြင်းတို့ ကြုံရပါက ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများစွာရှိပါသည်။ သင်သည် နားကြပ်များကိုမှားယွင်းစွာဝတ်ဆင်ထားခြင်း သို့မဟုတ် နားကြပ်များတွင် ဖုန် သို့မဟုတ် အညစ်အကြေးများစုနေခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ထို့အပြင် အသံအရည်အသွေးသည် ဟောင်းနေသည့်ဆော့ဖ်ဝဲ ၊ ဘက်ထရီအားနည်းခြင်းနှင့် အခြားအကြောင်းရင်းများစွာကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။]

[မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို သန့်ရှင်းပါ]

[လက်ရှိသတ်မှတ်ချက်တွင် ရှိသင့်သည်ထက် အသံတိုးနေပါက မိုက်ခရိုဖုန်း ၊ စပီကာနှင့် လေထွက်ပေါက်ကိုသန့်ရှင်းပါ။ စပီကာသန့်ရှင်းရေးမပြုလုပ်မီ နားကြပ်အောက်ခြေအကုပ်မှနေ၍ နားကြပ်ခေါင်းကိုဖြုတ်ပါ။ သန့်ရှင်းခြောက်သွေ့ပြီး နူးညံ့သော ဘရပ်ရှ်၊ ဂွမ်းစများ သို့မဟုတ် အခြားကိရိယာတစ်ခုဖြင့် နားဖာချေး သို့မဟုတ် အမှုန်အမွှားများကို ဖယ်ရှားပါ။]

[မိုက်ခရိုဖုန်းအပေါက်သန့်ရှင်းခြင်း] [မိုက်ခရိုဖုန်းအပေါက်သန့်ရှင်းခြင်း]

[မိုက်ခရိုဖုန်းအပေါက်]

[စပီကာသန့်ရှင်းခြင်း] [စပီကာသန့်ရှင်းခြင်း]

[စပီကယ]

[လေထွက်ပေါက်သန့်ရှင်းခြင်း] [လေထွက်ပေါက်သန့်ရှင်းခြင်း]

[လေထွက်ပေါက်]

[မှတ်ချက် : နားဖာချေးသို့မဟုတ် ဖုန်များကိုရှင်းထုတ်ရန်အတွက် အားအလွန်အကျွံသုံးခြင်း သို့မဟုတ် ချွန်ထက်သည့်အရာများသုံးခြင်းမပြုပါနှင့်။ မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်တို့ ထိခိုက်ပျက်စီးနိုင်ပါသည်။]

[နားကြပ်များကို နားအတွင်းသို့ထည့်သည့်အချိန်တွင် နားကြပ်ထိပ်ခေါင်းများသည် သက်တောင့်သက်သာနေရာကျသွားသည်အထိ အပေါ်သို့မျက်နှာမူနေရန် သေချာလုပ်ဆောင်ပါ။ ထို့နောက် အံဝင်ခွင်ကျဖြစ်စေရန် နားကြပ်ကို ဘယ်ညာလှည့်ပါ။]

[နားကြပ်တစ်ဖက်စီ၏ ဦးတည်ရာကိုစစ်ဆေးပါ]

[သင့်နားကြပ်များကို မှန်ကန်စွာဝတ်ဆင်ထားကြောင်း အတည်ပြုပါ။ သင့်နားကြပ်မော်ဒယ်အလိုက် လမ်းညွှန်ကွဲပြားပါလိမ့်မည်။ မိုက်ခရိုဖုန်းပိတ်နေပါက တုံ့ပြန်ချက်ပေါ်လာပါလိမ့်မည်။]

[အသံချဲ့ ခလုတ်ကိုသုံး၍ ချိတ်ဆက်ထားသည့်ဖုန်းမှအသံကို ချဲ့နိုင်ပါသည်။ အသံအမြင့်ဆုံးသို့သတ်မှတ်ထားသော်လည်း အသံထွက်လာသည့်အချိန်တိုးနေပါက ဖုန်းနှင့် နားကြပ်တို့တွင် မတူသည့် အသံထိန်းချုပ်မှုရှိနေခြင်းကြောင့်ဖြစ်နိုင်ပါသည်။]

[အသံချိန်ညှိခြင်း]

[နားကြပ်များ၏ အသံအတိုးအကျယ်ကို ၎င်းတို့ဘာသာချိန်ညှိရန်အတွက် သင်သည် tóúc~hpád~ ညွှန်ကြားချက်များကို စနစ်ထည့်သွင်းရန် လိုအပ်ပါသည်။]

[နားကြပ်၏ဘက်ထရီ နည်းနေပါက နားကြပ်များကိုအားသွင်းရန်လိုနိုင်ပါသည်။ ဘက်ထရီအဆင့်ကို Gálá~xý Wé~áráb~lé အက်ပ်တွင် စစ်ဆေးနိုင်ပါသည်။]

[တခြားနည်းလမ်းအနေဖြင့် သင်သည် နားကြပ်များကို ဗူးအတွင်းသို့ထည့်၍ ဘက်ထရီသက်တမ်းကို စစ်ဆေးနိုင်ပါသည်။ နားကြပ်မော်ဒယ်အလိုက် အားသွင်းဗူးအချက်ပြမီးသည် ဗူး၏ အရှေ့ဘက် နှင့် အနောက်ဘက် တို့တွင် ရှိပါလိမ့်မည်။]

[ဝန်းကျင်အသံမုဒ်သည် ဖုန်းခေါ်ဆိုနေစဉ်အတွင်း နောက်ခံတွင် အသံများကြားနိုင်စေပါသည်။ စကားပြောနေစဉ်တွင် နောက်ခံဆူညံသံများစွာကို သင်ကြားနိုင်သည်။ ၎င်းကိုကာကွယ်ရန် ဝန်းကျင်အသံမုဒ်ကို ပိတ်သင့်သည်။]

[သို့သော် သင့်တွင် Gálá~xý Bú~ds Lí~vé သို့မဟုတ် Gá~láxý~ Búds~ Pró ရှိပါက၊ နောက်ခံဆူညံသံများ ဖြတ်သွားခြင်းမှ ကာကွယ်နိုင်စေမည့် Á~ctív~é ñóí~sé cá~ñcél~líñg~ ကိုဖွင့်ထားသင့်သည်။]

[Gálá~xý Bú~ds Lí~vé တွင် ဝန်းကျင်အသံမုဒ် မရှိပါ။]

[သင်သုံးနေသည့်အက်ပ်တွင် ဟန်ချက်ညီသည့်သတ်မှတ်ချက်ရှိပါက သင်သည် နားကြပ်များအကြားတွင် အသံဟန်ချက်ညီစေရန် ချိန်ညှိနိုင်ပါသည်။]

[၁။ ချိတ်ဆက်ထားသည့်ဖုန်းမှ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်ပါ။]

[၂။ နားကြပ် သတ်မှတ်ချက်များ ကိုနှိပ်ပါ။]

[၃။ သုံးခွင့်ရမှု ကိုနှိပ်ပါ။]

[၄။ နားကြပ်နှစ်ခုအကြားအသံညီမျှသွားသည်အထိ ချိန်ညှိမှုဘားကို ဘယ်/ညာရွှေ့ပါ။]

[အသံ သတ်မှတ်ချက်များ]

[၁။ ဖုန်းကိုပြန်စရန်အတွက် ပါဝါ ခလုတ်နှင့် အသံတိုး ခလုတ်ကို ဖိနှိပ်ထားပေးပါ။ ပါဝါပိတ်ပါ ကိုနှိပ်၍ ပါဝါပိတ်ပါ ကိုထပ်နှိပ်ပါ။ ဖုန်းလုံး၀ပိတ်သွားသည့်နောက်တွင် ပြန်စရန် ပါဝါ ကိုထပ်နှိပ်ပါ။]

[ဖြစ်နိုင်ပါက သင့်နားကြပ်များကိုပါပြန်စပါ။ နားကြပ်များပြန်စရန်အတွက် အားသွင်းဗူးအတွင်း ၎င်းတို့နေရာအသီးသီးသို့ နားကြပ်များကိုထည့်၍ အားသွင်းဗူးအဖုံးပိတ်ပြီးနောက် အနည်းဆုံး ၇ စက္ကန့်ကြာပြီးသည့်နောက်တွင် ပြန်ထုတ်ပါ။]

[ထိုသို့အလုပ်မဖြစ်ပါက နားကြပ်များကို အလုံးစုံပြန်သတ်မှန်ရန်ကြိုးစားကြည့်နိုင်ပါသည်။ သင့်မိုဘိုင်းကိရိယာပေါ်ရှိ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်၍ နားကြပ်သတ်မှတ်ချက်များ > ပြန်လည့်သတ်မှတ်ပါ ကိုနှိပ်ပါ။]

[Gálá~xý Wé~áráb~lé အက်ပ်မှတဆင့် ဆော့ဖ်ဝဲအပ်ဒိတ်များကို စစ်ဆေးနိုင်ပါသည်။]

[မိုဘိုင်းကိရိယာမှ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်၍ နားကြပ်သတ်မှတ်ချက်များ > နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ် > ဒေါင်းလုဒ်ပြီးထည့်သွင်းမည် ကိုနှိပ်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]