[သင့် Sáms~úñg s~márt~ wátc~h တွင် အသိပေးချက်များကို စီမံခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023]

[သင့်နာရီတွင် အီးမေးလ်မှ အလိမ်အညာအသိပေးချက်များများပြားစွာရရှိနေပါသလား။ စိတ်မပူပါနှင့်။ သင့်အနေဖြင့် မည်သည့်အက်ပ်က သင့်နာရီသို့ အသိပေးချက် ပို့ရမလဲဆိုသည်နှင့် စခရင်ပေါ်တွင် အချက်အလက် မည်မျှ ဖော်ပြမည်ဆိုသည်ကို ရွေးချယ်နိုင်ပါသည်။ သင့်စိတ်ကြိုက်များကို ရွေးချယ်ပြီးသည်နှင့်တပြိုင်နက် သင်ရလိုသည့် မက်ဆေ့ချ်နှင့် အသိပေးချက်များကိုသာ မြင်ရတော့မည်ဖြစ်သည်။]

Galaxy watch

[မှတ်ချက် - ရနိုင်သည့် စခရင်နှင့် သတ်မှတ်ချက်များသည် ထောက်ပံ့ပေးသူ ၊ ဖုန်း သို့မဟုတ် နာရီအလိုက် ကွဲပြားနိုင်ပါသည်။]

[အသိပေးချက်သတ်မှတ်ချက်များအား စိတ်ကြိုက်ဖန်တီးခြင်း]

[သင်သည် Gálá~xý Wé~áráb~lé အက်ပ်မှ အသိပေးချက်သတ်မှတ်ချက်များကို စီမံနိုင်ပါသည်။]

[၁. Gálá~xý Wé~áráb~lé အက်ပ် ကိုဖွင့်၍ နာရီသတ်မှတ်ချက်မျာ ကိုဝင်ပြီး အသိပေးချက်များ ကိုနှိပ်ပါ။]

[၂. ယခုနေရာမှနေ၍ သင့်နာရီပေါ်တွင် ဖုန်းအသိပေးချက်များကို ဖော်ပြရန် ရွေးချယ်နိုင်ပါသည်။]

[၃. ထို့နောက် အဆင့်မြင့်အသိပေးချက်သတ်မှတ်ချက်များ သို့သွား၍နှိပ်ပါ။ အောက်ပါ ရွေးချယ်စရာများ ရရှိနိုင်ပါသည် :]

[Gálá~xý Wé~áráb~lé အက်ပ်မှ အဆင့်မြင့်အသိပေးချက် သတ်မှတ်ချက်များစာရင်း။]
  • [အသိပေးချက် အချက်ပြကိရိယာ : မဖတ်ရသေးသောအသိပေးချက်များအတွက် နာရီမျက်နှာပြင်ပေါ်တွင် ညွှန်ပြချက် ပြသခြင်း။]

  • [အသိပေးချက်များကို ကျယ်လောင်စွာဖတ်ပြပါ : နားကြပ်ကို သင့်နာရီနှင့်ချိတ်ဆက်ထားချိန်တွင် သတိပေးချက်များကို ကျယ်ကျယ်ဖတ်ပါ။ နားကြပ်ကို သင့်ဖုန်းနှင့် ချိတ်ဆက်ထားချိန်တွင် ၎င်းသည် အလုပ်လုပ်မည်မဟုတ်ပါ။]

  • [အသေးစိတ်ဖြင့်ပြသပါ : သတိပေးချက်အသစ်များ၏ အသေးစိတ်အချက်များကို အလိုအလျောက်ပြသရန်။]

  • [ဖန်သားပြင် ဖွင့်ပါ : အသိပေးချက်များ လက်ခံရရှိချိန်တွင် နာရီဖန်သားပြင်ကိုဖွင့်ပါ။]

  • [အက်ပ်အစ်များအတွက် ဖွင့်ပါ : အသစ်ထည့်လိုက်သည့် အက်ပ်များအတွက် အသိပေးချက်များကို အလိုအလျောက်ဖွင့်ပါ။]

[အက်ပ်မှ အသိပေးချက်များကို စီမံခြင်း]

[သင်သည် အက်ပ်အနည်းငယ်၏ အသိပေးချက်များကိုသာ မြင်လိုပါက Gálá~xý Wé~áráb~lé အက်ပ်အတွင်းတွင် အသိပေးချက်များကို ပိတ်နိုင်ပါသည်။]

[၁. Gálá~xý Wé~áráb~lé အက်ပ် ကိုဖွင့်၍ နာရီသတ်မှတ်ချက်မျာ ကိုဝင်ပြီး အသိပေးချက်များ ကိုနှိပ်ပါ။]

[၂. အက်ပ်အသိပေးချက်များ ကိုနှိပ်၍ ထည့်သွင်းထားသည့် အက်ပ်များအားလုံးကို ကြည့်ရန် အောက်စိုက်နေသည့် မြှားကို နှိပ်၍ အားလုံး ကိုရွေးပါ။]

[၃. အက်ပ်တခုချင်းစီ၏ အသိပေးချက်များဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် သင်ဆန္ဒရှိသည့် အက်ပ်ဘေးရှိ ခလုတ်ကို နှိပ်ပါ။]

[၄. အက်ပ်အားလုံးအတွက် အသိပေးချက်များကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန်အတွက် စခရင်အပေါ်ရှိ အက်ပ်အားလုံး ဘေးရှိ ခလုတ်ကို နှိပ်ပါ။]

[Gálá~xý Wé~áráb~lé အက်ပ်မှ ခလုတ်ဖြင့် အက်ပ်စာရင်းများ]

[သင့်နာရီ အသိပေးချက်အတွက် သူများနှင့်မတူသည့် ဖုန်းမြည်သံကဲ့သို့ အသံတခုခုကို သင် ထားချင်နိုင်ပါသည်။ သို့မဟုတ် သင်သည် တုန်ခါမှုအသိပေးချက်ကိုသာ လိုချင်ခြင်းမျိုးဖြစ်နိုင်ပါသည်။ စာတိုရရှိခြင်း ၊ အီးမေးလ် သို့မဟုတ် အက်ပ်အသိပေးချက်များ စသဖြင့်လက်ခံရချိန်တွင် သင့်နာရီ၏ အသံကို သင့်စိတ်ကြိုက်နှင့် ကိုက်ညီအောင် သတ်မှတ်ထားနိုင်ပါသည်။ ယခုရွေးချယ်စရာများကို သင့်နာရီမှ တိုက်ရိုက် သို့မဟုတ် ချိတ်ဆက်ထားသည့်ဖုန်းရှိ Gálá~xý Wé~áráb~lé အက်ပ်မှ လည်း သတ်မှတ်လုပ်ဆောင်နိုင်ပါသည်။]

[Gálá~xý Wé~áráb~lé အက်ပ်မှ အသိပေးချက်အသံများစာရင်း။]

[မည်သည့်အရာမှ လွတ်သွားခြင်းမရှိအောင် အသိပေးချက်အသံကို ဖွင့်ထားကြောင်းသေချာပါစေ။ ချိတ်ဆက်ထားသည့် ဖုန်းမှ Gálá~xý Wé~áráb~lé အက်ပ်ကိုဖွင့်ပြီး အသံများနှင့်တုန်ခါမှု ကိုရွေးပြီး အသံနှင့်အသိပေးချက်အသံများအတွက် သတ်မှတ်ချက်များကို ချိန်ညှိပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]