[ကျွန်ုပ်ဖုန်းတွင် ရေစက်ပုံပြနေပြီး အားမဝင်ပါ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022]

[သင့်ဖုန်း၏ ÚSB ပေါက်ထဲတွင် ရေရှိနေခြင်း သို့မဟုတ် သတ်မှတ်ပမာဏထက်ကျော်သည့် အစိုဓာတ်ကိုတွေ့ရှိရပါက အားသွင်းခြင်းကိုအထောက်အပံ့ပေးလိမ့်မည်မဟုတ်ပါ။ ၄င်းသည် ဖုန်းအား ပျက်စီးထိခိုက်ခြင်းနှင့် ပေါက်ကွဲခြင်းတို့မှကာကွယ်ရန် လုံခြုံရေးအရ စံလုပ်ဆောင်ချက်ဖြစ်သည်။ သင့်ဖုန်းတွင် အစိုဓာတ်ရှိနေကြောင်းပြသည့် ရေစက်ပုံပေါ်လာပါက သင့်ဖုန်းကိုပိတ်ပြီး ခြောက်သွားသည်အထိ ထားသင့်ပါသည်။ ပုံမပျောက်သွားဘဲ အားသွင်းခြင်းပြဿနာကြံုနေရသေးပါက Ú~SB ၀ှက်ထားသည့်ဖိုင်များအား ဖျက်ပစ်ကြည့်ပါ။]

[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]

[အဆင့် ၁။] [Sétt~íñgs~ Sóft~wáré~ úpdá~té သို့သွားပါ။
]

[အဆင့်၂။] [Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။
]

[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]

[ရုတ်တရက် အစိုဓာတ်တွေ့ရှိခြင်းအမှား]

[ရေစိုခံအဆင့်သတ်မှတ်ချက် ÍP68 နှင့်အထက်ဖုန်းများ(Gá~láxý~ စီးရီးအများစု)ကို ရေကြောင့်ဖုန်းပျက်စီးမှုဖြစ်ခြင်းမှကာကွယ်ရန် အစိုဓာတ်ရှာဖွေမှုဆင်ဆာကို တပ်ဆင်ထားပေးပါသည်။ ÚSB ပေါက်ထဲတွင် စိုထိုင်းဆတွေ့ရှိရပါက အမှားပြစာ ပေါ်လာမည်ဖြစ်ပြီး အားသွင်းမှုရပ်သွားပါလိမ့်မည်။]

[အစိုဓာတ်တွေ့ရှိခြင်း ရေစက်အမှားပြ]

[ယခုကဲ့သို့ဖြစ်ပါက သင့်ဖုန်းကို အားသွင်းတုံးမှဖြုတ်၍ အဝတ်ခြောက်ဖြင့်သုတ်ခြင်း သို့မဟုတ် သင့်ဖုန်းအား(၅ မှ ၁၀ ကြိမ်) အထိ ညင်သာစွာ အားသွင်းပေါက်ကိုအောက်သို့ထား၍ ခါပြီး ပိုနေသည့်အစိုဓာတ်များကိုဖယ်ထုတ်ပစ်ပါ။ သင့်ဖုန်းကို လေဝင်လေထွက်ကောင်းသည့်နေရာရှိ အဝတ်တခုပေါ်တွင်တင်ခြင်း သို့မဟုတ် ပန်ကာဖြင့် အခြောက်ခံပေးပါ။]

[အဝတ် သို့မဟုတ် ပန်ကာဖြင့်အခြောက်ခံခြင်]

[မှတ်ချက်။]

  • [အားအလွန်အကျွံသုံးခြင်း သို့မဟုတ် လှုပ်ခါခြင်းဖြင့် သင့်ဖုန်းကိုထိခိုက်စေနိုင်ပါသည်။ သင့်ဖုန်းအားလှုပ်သည့်အခါတွင် ညင်သာစွာလုပ်ဆောင်ပါ။]
  • [သင့်ဖုန်းသည် ရေဖြင့်မထိထားလျှင်သော်မှ အစိုဓာတ်တွေ့ရှိမှုအမှား ကိုရနိုင်ပါသည်။ စိုထိုင်းဆများသည့်ပတ်ဝန်းကျင်တွင် ထားရှိခြင်းဖြင့်လည်း ရေစက်ပုံပေါ်လာနိုင်ပါသည်။ သင့်ဖုန်းကို အခြောက်ခံရန်ကြိုးစားကြည့်ပါ ပြီးနောက်အားသွင်းပေါက် လုံးဝခြောက်သွားပါက သင့်ဖုန်းအား ပြန်စပါ။ သင့်ဖုန်းအား အားသွင်းပြားအလယ်တွင် ကြားခံအတားအဆီးမရှိဘဲထားရှိကြောင်း စစ်ဆေးပါ။ ကြိုးမဲ့အားသွင်းခြင်းကိုအတားအဆီးဖြစ်စေသည့် အဖြစ်အများဆုံးပြဿနာမှာ အားသွင်းပြားပေါ်တွင် သေချာမတင်ထားသောကြောင့်ဖြစ်သည်။ ဖုန်းနှင့်အားသွင်းပြားကြားရှိ ကြိုးမဲ့ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ပါ၀ါထောက်ပံ့မှုကို ဖြတ်တောက်ပစ်နိုင်ပါသည်။ Gálá~xý Fó~ld သို့မဟုတ် Gá~láxý~ Z Flí~p ကဲ့သို့ခေါက်ဖုန်းများကို ခေါက်ပြီးမှ အားသွင်းပြားနှင့် ဖုန်းနောက်ကျောကို ထိထားသင့်ပါသည်။ ကျေးဇူးပြု၍ သင့်ဖုန်းမော်ဒယ်၏ အားသွင်းထိတွေ့မှုနေရာများကိုစစ်ဆေးရန် အသုံးပြုသူလက်စွဲ ကို ကိုးကားပါ။] 

[ရေခြောက်သွားသော်လည်း ရေစက်ပုံမပျောက်သွားခြင်း]

[လုံးဝခြောက်နေပြီး အစိုဓာတ်မရှိတော့သော်လည်း သင့်ဖုန်းမျက်နှာပြင်တွင် ရေစက်ပုံပေါ်နေပါသေးသလား။ သင့်ဖုန်းကိုခြောက်သွေ့အောင်လုပ်ပြီးသည်အထိ ပြဿနာကြုံနေရသေးပါက ÚSB ၀ှက်ထားသည်များကိုရှင်းကြည့်ပါ။ ၄င်းသည် စနစ်အမှားကိုပြေလည်စေနိုင်ပါသည်။]

[စီရန်ခလုတ်] [စီရန်ခလုတ်]

[အဆင့် ၁။ သတ်မှတ်ချက်မျာ မှ အက်ပ်များ ကိုသွားပြီး စီရန်ခလုတ် ကိုနှိပ်ပါ။]

[စနစ်ပါအက်ပ်များပြသပါကိုဖွင့်ခြင်း] [စနစ်ပါအက်ပ်များပြသပါကိုဖွင့်ခြင်း]

[အဆင့် ၂။ ညာဘက်ရှိဖွင့်ပိတ်ခလုတ်သို့သွား၍ စနစ်ပါအက်ပ်များပြသပါ ကိုဖွင့်၍ အိုကေ ကိုနှိပ်ပါ။]

[သိုလှောင်ခန်းမှ ÚSBS~éttí~ñgs] [သိုလှောင်ခန်းမှ ÚSBS~éttí~ñgs]

[အဆင့် ၃။ ÚSBS~éttí~ñgs သို့သွား၍ သိုဝှက်ထားသည့်နေရာ ကိုနှိပ်ပါ။]

[ÚSBS~éttí~ñgs ၀ှက်ထားသည်အားရှင်းပါ] [ÚSBS~éttí~ñgs ၀ှက်ထားသည်အားရှင်းပါ]

[အဆင့် ၄။ ÚSB ၀ှက်ထားသည့်ဖိုင်များရှင်းရန် စခရင်ညာဘက်အောက်ထောင့်ရှိ ၀ှက်သားသည်အားရှင်းပါ ကိုနှိပ်ပါ။]

[မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]