[ဖုန်းကွဲပြီး ဖန်သားပြင်ပေါ်တွင် အက်ကွဲရာရှိနေခြင်း]
[သင့်ဖုန်း မတော်တဆလွတ်ကျသွားပါသလား။ သင့်ဖုန်း ကွဲခြင်းသို့မဟုတ် ဖန်သားပြင်(သို့)နောက်ကာဗာ(နောက်မှန်)အက်ခြင်း တို့ကဲ့သို့ရုတ်တရက်ပြင်ပသက်ရောက်မှုရှိလာပါက သင့်ဖုန်းကိုပျက်စီးစေနိုင်ပါသည်။ မတူသည့်ပြဿနာမျိုးဖြစ်စေနိုင်သည့် မတူသည့်အမျိုးအစားနှင့်သက်ရောက်မှုများစွာရှိပါသည်။ အနီးဆုံး Sáms~úñg ၀န်ဆောင်မှုစင်တာသို့သွား၍ ပျက်စီးမှုကိုဘယ်လိုပြင်ဆင်ရမလဲ လေ့လာလိုက်ပါ။]
[စစ်ဆေးမှု ၁။ စခရင်ထိခိုက်ရခြင်းအကြောင်းရင်းများ]
[မှန်အက်နေခြင်း]
[ဖုန်းပေါ်သို့ တိုက်ရိုက်ဖိအားတခု သက်ရောက်လာသည့်အခါတွင် ဖုန်း၏ဖန်သားပြင်သည် ကွဲခြင်းသို့မဟုတ် အက်ခြင်းတို့ဖြစ်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ အချို့အချက်များတွင် သင့်အနေဖြင့် ပျက်စီးမှုကို ကာဗာ သို့မဟုတ် မှန်ကပ်ဖြင့် ထိခိုက်မှုနည်းအောင်လုပ်နိုင်သော်လည်း ထိခိုက်မှုရှိလာပါက တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ပြင်ဆင်ရန် လိုအပ်နိုင်ပါသည်။]
[မှန်ပေါ်တွင် အမည်းစက်ပေါ်နေခြင်း]
[မှန်မကွဲထားသည့်နေရာတွင် မင်စွန်းရာနှင့်တူသည့်အကွက်များပေါ်လာနိုင်သော်လည်း စခရင်အတွင်းပိုင်း စက်ပစ္စည်းလုပ်ဆောင်ချက်များသည် ကြာရှည်စွာဆက်တိုက်ဖိအားပေးထားမှုကြောင့် ပျက်စီးသွားနိုင်ပါသည်။]
[အရောင်စီးကြောင်းများပေါ်လာခြင်း]
[ယေဘုယျအားဖြင့် သင့်ဖုန်းကို တိုက်ရိုက်ထိခိုက်မှုကြောင့် အရောင်စီးကြောင်းများပေါ်လာပါသည်။ ၄င်းသည် အရောင်လိုင်းများ သို့မဟုတ် ကောလံများတွင် အမည်းသို့မဟုတ်အခြားအရောင်များပေါ်လာစေနိုင်ပါသည်။]
[စစ်ဆေးမှု ၂။ စခရင်ပြုပြင်မှုအမျိုးအစားများ]
[Sáms~úñg လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာသည် သင့်ဖုန်းမှန်အား S~ámsú~ñg မှအသိအမှတ်ပြုထားသည့် အစိတ်အပိုင်းအစစ်မှန်များကိုအသုံးပြု၍ ပြင်ဆင်ပေးပါသည်။ ပျက်စီးမှုပမာဏကို ၀န်ဆောင်မှုစင်တာမှ နည်းပညာကျွမ်းကျင်သူမှ စစ်ဆေးပြီးလျှင် သင့်အား ပြင်ဆင်မှုနည်းလမ်းနှင့် ပြင်ဆင်စရိတ်ကိုအသိပေးပါလိမ့်မည်။ စခရင်ပြင်ဆင်ခြင်းအတွက် အမျိုးအစား ၂ ခုရှိပြီး အကုန်လဲပစ်ခြင်းနှင့် တစိတ်တပိုင်းလဲပစ်ခြင်းတို့ုဖြစ်သည်။]
[စခရင်အလုံးစုံလဲခြင်း]
[ယခုပြင်ဆင်မှုနည်းလမ်းသည် စခရင်တခုလုံးကို အစားထိုးလိုက်ခြင်းဖြစ်သည်။ ယခုလုပ်ဆောင်ချက်ကို Sáms~úñg လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာမှ နည်းပညာကျွမ်းကျင်သူဘက်မှ အလုံးစုံစခရင်လဲရန် လိုအပ်ကြောင်းဆုံးဖြတ်ပြီးမှ လုပ်ဆောင်မည်ဖြစ်သည်။ ပြင်ဆင်စရိတ်စုစုပေါင်းသည် အာမခံကာလ ၊ အာမခံ နှင့် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။ သင့်ဖုန်းမော်ဒယ်စခရင်လဲရန် ခန့်မှန်းကုန်ကျစရိတ်ကို S~ámsú~ñg လျှပ်စစ်ပစ္စည်းဆိုင်ရာ အသုံးပြုသူအထောက်အပံ့ ဆိုဒ်တွင်ကြည့်ရှုနိုင်ပါသည်။]
[တစိတ်တပိုင်းလဲခြင်း]
[စခရင် ဆိုသည်မှာ ဖန်သားပြင် ၊ မှန် နှင့် အပေါ်မှန်တို့ပါ၀င်သည့် တခုတည်းသောအစိတ်အပိုင်းဖြစ်သည်။ တစိတ်တပိုင်းပြင်ဆင်ခြင်းသည် စခရင်တခုလုံးကိုအစားထိုးခြင်းမဟုတ်ဘဲ အပေါ်ယံမှန်သားကို ပြန်အသုံးပြုရင်း ဖန်သားပြင် သို့မဟုတ် မှန်ကဲ့သို့ လိုအပ်သည့်အပိုင်းများကိုသာ လဲခြင်းဖြစ်ပါသည်။ ၄င်းသည် အလုံးစုံစခရင်လဲခြင်းနှင့်ယှဉ်ပါက ကုန်ကျစရိတ်သက်သာစေပါသည်။ ယခုပြင်ဆင်မှုအမျိုးအစားသည် အချို့မော်ဒယ်များအတွက်သာရရှိနိုင်ပြီး ဖုန်း၏ထိခိုက်ပျက်စီးမှု အနည်းအများပေါ်မူတည်၍ ရရှိနိုင်လိမ့်မည်မဟုတ်ပါ။]
[(ရရှိနိုင်သည့်မော်ဒယ်များ – Gálá~xý Z F~óld3, Z~ Flíp~3, S21, S21+, S21 Ú~ltrá~, Z Flí~p 5G, Z F~líp, Z~ Fóld~2, Fóld~, Ñóté~20, Ñóté~20 Últr~á, S20, S20+, S~20 Últr~á, Ñót~é10, Ñót~é10+)]
[မှတ်ချက်။]
- [၀န်ဆောင်မှုစင်တာသို့မသွားရောက်မီ ကျေးဇူးပြု၍ Sáms~úñg လျှပ်စစ်ပစ္စည်းဝန်ဆောင်မှု အသုံးပြုသူအထောက်အပံ့စင်တာသို့ဆက်သွယ်၍ သင်လဲမည့်အစားထိုးအပိုင်း ရှိ၊မရှိ ဆက်သွယ်စစ်ဆေးပေးပါ။]
- [သင်သည် အာမခံသို့မဟုတ် ကာကွယ်ရေးအစီအစဉ်တွင် စာရင်းသွင်းထားပါက ပြေစာကိုယူ၍ သင့်အာမခံကုမ္ပဏီသို့ သေချာတင်သွင်းပါ။]
[စစ်ဆေးမှု ၃။ သင့်နောက်မှန်ကာဗာ(နောက်မှန်) ပျက်စီးသွားချိန်]
[နောက်မှန်ကာဗာဆိုသည်မှာ မှန်ဖြင့်လုပ်ထားသည့်ဖုန်းနောက်ခံကာဗာကို ရည်ညွှန်းပါသည်။ နောက်မှန်ကာဗာသည် ပြင်ပထိခိုက်မှု သို့မဟုတ်ပြုတ်ကျမှုကြောင့် ပျက်စီးပါက Sáms~úñg လျှပ်စစ်ပစ္စည်းဆိုင်ရာဝန်ဆောင်မှုစင်တာ တွင် အသစ်လဲနိုင်ပါသည်။ ပြင်ပနောက်မှန်ကာဗာကိုလဲရန်အတွက် ကုန်ကျစရိတ်နှင့်ပြင်ဆင်နည်းလမ်းမှာ မော်ဒယ်နှင့်အတွင်းထဲတွင် ထိခိုက်ပျက်စီးမှုရှိမရှိ စစ်ဆေးရန်လိုအပ်ခြင်းရှိမရှိအပေါ်မူတည်ပါသည်။ အသေးစိတ်စျေးနှုန်းအချက်အလက်အတွက် S~ámsú~ñg လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။]
[မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]