[Gálá~xý ခေါက်ဖုန်းများ အသုံးပြုသည့်အခါ သတိ ပြုရမည့် အချက်များ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 05.09.2021]

[Gálá~xý ခေါက်နိုင်သော ပစ္စည်းများသည် Úl~trá-T~híñ G~láss~ ကို အခြေခံ၍ Íñfí~ñítý~ Fléx~ Dísp~láý အား တပ်ဆင်ထားသည်။ ထိုဖုန်းများကို ခေါက်ချိုးနိင်အောင် ထုတ်လုပ်ထားသောကြောင့် အကောင်းဆုံး အရည်အသွေးဖြင့် အသုံးပြုနိုင်ရန် ပိုမိုဂရုစိုက်ခြင်းနှင့် ထိန်းသိမ်းခြင်း လိုအပ်သည်။ အောက်တွင်ဖော်ပြထားသည့် အရေးကြီးသောအချက်များကို လိုက်နာပါက သင့်ရဲ့ခေါက်ချိုးလို့ရသော ဖုန်းများသည် အကောင်းဆုံး အသွင်အပြင် နှင့် စွမ်းဆောင်ရည်ကို ပေးပါလိမ့်မည်။]

[အောက်ပါညွှန်ကြားချက်များ  လိုက်မလုပ်မီ ဖုန်းတွင် နောက်ဆုံးဆော့ဖ်ဝဲလ်အက်ပ်ဒိတ် တင်ထားပေးရန်နှင့် အသုံးပြုရမည့် အက်ပ်များအား နောက်ဆုံးဗားရှင်းသို့ တင်ထားပေးရန်လိုအပ်ပါသည်။ ဖုန်းဆော့ဖ်ဝဲလ်အက်ပ်ဒိတ်တင်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။]

[အဆင့်၁ Sétt~íñg > S~óftw~áré ú~pdát~é သို့သွားပါ။]

[အဆင့်၂Dówñ~lóád~ áñd Í~ñstá~ll ကိုနှိပ်ပါ။]

[အဆင့်၃။ ဖန်သားပြင် ညွှန်ကြားချက်များအား ဆက်လက်လုပ်ဆောင်ပါ။]

[သတိပြုရန် ၁။ မျက်နှာပြင်ကို ချွန်ထက်သောအရာနှင့် မဖိနှိပ်ပါနှင့်]

[ဘောပင် (သို့) သင်၏လက်သည်းကဲ့သို့ စူးရှသောအရာနှင့် မျက်နှာပြင် (သို့) ရှေ့ကင်မရာမှန်ဘီလူးကို အလွန်အကျွံဖိခြင်းအားမပြုလုပ်ပါနှင့်။ ကျေးဇူးပြု၍ သတိပြုရန် ကျေးဇူးပြု၍ အဓိကမျက်နှာပြင်ပေါ်ရှိကိရိယာကို သုံး၍ အလွန်အကျွံဖိအားပေးခြင်းသည် ခြစ်ရာများနှင့် ပျက်စီးခြင်းများဖြစ်စေနိုင်သည်ကိုသတိပြုပါ။]

[fóld~áblé~ préc~áútí~óñ]

[သတိပြုရန် ၂။ အတွင်းမျက်နှာပြင်မှ ပြင်ပအရာဝတ္တုများကို ဖယ်ရှားပါ]

[ဖုန်း ကိုခေါက်သည့်အခါ ကတ်များ၊ ဒင်္ဂါးများ (သို့) သော့ အစရှိသော အရာဝတ္ထုများကို ဖုန်းမျက်နှာပြင်ကြားတွင်မထားပါနှင့်။ ဖုန်းမှန်အတွင်းသို့ ထည့်ခြင်း (သို့) သိမ်းခြင်းမပြုလုပ်ရပါ။ ပြင်ပအရာဝတ္ထုများသည် မျက်နှာပြင်ကိုကုတ်ခြစ်ရန် (သို့) ထိုးဖောက်ရန် အခွင့်အလမ်းရှိသောကြောင့် ဖုန်းကိုအမြဲ ဖွင့်ဟမထားပါနှင့်။ ဖုန်းမှန်ကို ဖန်သားပြင်အကြား၌လက်ညှိုးကိုသုံးပြီး ဖွင့်ခြင်းကို အားမပေးပါ။]

[fóld~áblé~ préc~áútí~óñ2]

[သတိပြုရန် ၃။ အရည်နှင့်ဖုန်မှုန့်များ စက်ထဲသို့မ၀င်စေရန်သတိပြုပါ]

[Gálá~xý Z F~óld3 5G~ နှင့် Z Flí~p3 5G သည် ÍP~X8 အဆင့် သတ်မှတ်ထားသော ရေစိမ်ခံနိုင်စွမ်းရှိသည်။  သင့်ဖုန်း၏ ရေစိုခံနိုင်မှုကိုထိန်းသိမ်းရန်နှင့် ပျက်စီးမှုကိုကာကွယ်ရန် အထူးသတိထားရမည်။]

  • [၁.၅ မီတာထက်နက်သော ရေချိုတွင်မိနစ် ၃၀ ထက်ပိုမနှစ်ပါနှင့်။ အကယ်၍ သင်သည် ရေချိုမဟုတ်သော ဆားရေ၊ သံသတ္တုရေ (သို့) အရက်ယမကာကဲ့သို့သော အခြားအရည်များတွင် နှစ်မြှုပ်ပါက အရည်သည် စက်ထဲသို့လျင်မြန်စွာ၀င်လာပြီး ဖုန်းကိုပျက်စီးစေနိုင်သည်။]
  • [အကယ်၍ စက်သည် သန့်ရှင်းသောရေနှင့်ထိတွေ့ပြီးပါက သန့်ရှင်း၊ နူးညံ့သောအ၀တ်ဖြင့် ခြောက်အောင်သုတ်ပါ။ အကယ်လို့များ ဖုန်းသည် ဆားရေ၊ ရေကူးကန်၊ ဆပ်ပြာရည်၊ ဆီ၊ ရေမွှေး၊ နေရောင်ကာလိမ်းဆေး၊ လက်သန့်စင်ဆေးသို့မဟုတ် အလှကုန်အပါအဝင် ဓာတုဗေဒပစ္စည်းများကဲ့သို့ အခြားအရည်များနှင့်ထိတွေ့ပါက ရေသန့်ဖြင့်ပြန်ဆေးပါ။ နူးညံ့သောအဝတ်စဖြင့်သုတ်ပါ။ ဤညွှန်ကြားချက်များကို မလိုက်နာပါက ဖုန်းကိုပျက်စီးစေနိုင်ပြီး စက်၏စွမ်းဆောင်ရည်နှင့် အသွင်အပြင်ကို ထိခိုက်စေနိုင်သည်။ အာမခံချက်ထဲတွင်လည်းမပါဝင်ပါ။]
  • [ဖုန်းအား အရှိန်ဖြင့်စီးဆင်းနေသော ရေနှင့်ထိတွေ့ခြင်း မပြုပါနှင့်]

[ထို့အပြင်ဤဖုန်းများသည် ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်းမရှိပါ။ သဲကဲ့သို့ အမှုန်လေးများထိတွေ့ခြင်းသည် မျက်နှာပြင်ပေါ်ခြစ်ရာများ သို့မဟုတ် ချိုင့်ရာများဖြစ်ပေါ်စေနိုင်သလို ဖုန်းကိုလည်းပျက်စီးစေနိုင်သည်။]

[wáté~r rés~ístá~ñt]

[မှတ်ချက်။ ÍPX8  သည် ရေချို ၁.၅ မီတာမှမိနစ် ၃၀ အထိ ရေအောက်၌ စမ်းသပ်မှုအခြေအနေများအပေါ် အခြေခံသည်။ ကမ်းခြေ (သို့) ရေကူးကန်တွင် အသုံးပြုရန် အကြံမပြုပါ။
]

[သတိပြုရန် ၄။ ဖန်သားပြင်တွင်အုပ်ထားသည့် ဖလင်ပြားကိုမဖယ်ရှားပါနှင့်]

[ဖန်သားပြင်တွင် အုပ်ထားသည့် ဖလင်ပြားကို မဖြုတ်ပါနှင့်။ ပြင်ပအရာများ သို့မဟုတ် စတစ်ကာများကို မတပ်ဆင်ပါနှင့်၊ ထိုသို့လုပ်ဆောင်ခြင်းများသည် déví~cé ကိုပျက်စီးစေနိုင်ပါသည်။ အတည်မပြုထားသည့် sc~rééñ~ prót~éctó~r များသည် အာရုံခံကိရိယာများကို ချို့ယွင်းစေပါသည်။]

[သတိပြုရန် ၅။ သံလိုက်ဆိုင်ရာ ပစ္စည်းများနှင့် ခပ်လှမ်းလှမ်းတွင်ထားပါ]

[သင့်ဖုန်းတွင် သံလိုက်များပါ၀င် ကြောင့် créd~ít cá~rd များ ၊ ကိုယ်ထဲထည့်သွင်းရသော ဆေးဘက်ဆိုင်ရာကိရိယာများ၊ သံလိုက်များ အစရှိသည့် ထိခိုက်နိုင်သောအရာများကို လုံခြုံ စိတ်ချရသော အကွာအဝေးတွင်ထားပါ။ သင့်ကိုယ်ထဲတွင် ဆေးဘက်ဆိုင်ရာကိရိယာ ထည့်သွင်းထားလျှင် အသုံးမပြုမီ ဆရာဝန်နှင့်တိုင်ပင်ပါ။]

[သတိပြုရန် ၆။ ကြိုးမဲ့အားသွင်းနေစဉ် ဖုန်းကိုခေါက်ပြီးအနေအထားမှန်အောင်ပြုလုပ်ပါ။]

[ကြိုးမဲ့အားသွင်းနေစဉ် ဖုန်းကိုခေါက်ပြီး ကျောဘက်ကိုအားသွင်းကြိုး၏အလယ်ဗဟိုတွင်ထားပါ။ ဖုန်းတွင် မူလပါဝင်လာသော သံလိုက်ပါရှိပြီး ကြိုးမဲ့အားသွင်းကွိုင်၏ တည်နေရာသည် ဖုန်းမော်ဒယ်ပေါ် မူတည်၍ ကွဲပြားသည်။ အောက်ပါပုံအတိုင်း စက်၏အနေအထားကို ချိန်ညှိပါ။]

[သို့မဟုတ်လျှင် ဖုန်းကို မှန်မှန်ကန်ကန် အားမသွင်းနိုင်သလို အပူလွန်ကဲနိုင်သည်။ ပြထားသောပုံနှင့်မတူပဲ ကွဲပြားသောအနေအထား (သို့) တိမ်းညွတ်စွာထားလျှင် ကိရိယာသည် ၎င်း၏ သံလိုက်စွမ်းအားနှင့် ယိမ်းယိုင်မှုတို့ကြောင့်  လွဲချော်သွားနိုင်သည်။]

[fóld~áblé~ chár~gíñg~ típ]

Galaxy Z Fold3 5G

[fóld~áblé~ chár~gíñg~ típ2]

Galaxy Z Flip3 5G

[မှတ်ချက်။]

  • [အကယ်၍ သင်သည် သတ္တုအကာအကွယ်အဖုံး (သို့) စတစ်ကာ၊ သို့မဟုတ် စက်ပေါ်ရှိသတ္တုကွင်းပါသော အဖုံးကိုသုံးနေပါက ကြိုးမဲ့အားသွင်းခြင်းမပြုမီ ဖယ်ရှားပေးပါ။ သတ္တုနှင့်သံလိုက်ကဲ့သို့သော လျှပ်ကူးပစ္စည်းများကို ကြိုးမဲ့အားသွင်းစက်ပေါ်တွင်မထားပါနှင့်။]
  • [ကြိုးမဲ့အားသွင်းကွိုင်၏ တည်နေရာသည် ကိရိယာပေါ် မူတည်၍ ကွဲပြားနိုင်သည်။]

[သတိပြုရန် ၇။ Sáms~úñg P~áý ကိုသုံးသောအခါ သင်၏ Gá~láxý~ Z Fól~d နှင့် Gál~áxý Z~ Flíp~3 5G ကိုပိတ်ထားပါ]

[သင်၏ Gálá~xý Z F~óld တွင် S~ámsú~ñg Pá~ý အတွက် ဖုန်းကို ပိတ်ပြီး အသုံးပြုပေးရန် အကြံပြုပါသည်။ Gál~áxý Z~ Flíp~3 5G သည် Sám~súñg~ Páý ကိုအောက်ခြေတွင် S~cáñ ဖတ်သောကြောင့် ကတ် (သို့) Ñ~FC Ré~ádér~ ကို ဖုန်း၏အနောက်ဘက်ဖြင့် ဖတ်ပါ။]

[fóld~áblé~ sáms~úñg p~áý]
  • [Sáms~úñg P~áý ဖြင့်ငွေပေးချေရန် dé~vícé~ သည် ဒေသပေါ် မူတည်၍ Wí-Fí~ (သို့) မိုဘိုင်းကွန်ယက် ဆက်သွယ်မှု လိုအပ်လိမ့်မည်။]
  • [၀န်ဆောင်မှုပေးသူ သို့မဟုတ် နိုင်ငံပေါ် မူတည်၍  ဤအင်္ဂါရပ်ကို မရနိုင်ပါ။]

[မှတ်ချက်။ ပြသထားသောပုံများနှင့် မီနူးများသည်  စက်ပစ္စည်းမော်ဒယ်နှင့် ဆော့ဝဲဗားရှင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]