[Sáms~úñg စမတ်နာရီတွင် ဘက်ထရီသက်တမ်းလျော့သွားခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 14.02.2023]

[သင့် Gálá~xý နာရီတွင်  ဘက်ထရီကုန်သွားခြင်း သို့မဟုတ် ဘက်ထရီသက်တမ်းလျော့ကျခြင်းတို့ ကြုံနေရခြင်းအတွက် အကြောင်းရင်းများစွာရှိပါသည်။ သင့်နာရီ၏ ဘက်ထရီသက်တမ်း မြှင့်တင်နည်းများကိုလေ့လာရန် ဆက်လက်ဖတ်ရှုပါ။]

[စမတ်နာရီ]

[အရေးကြီးအချက် -နာရီနှင့် အားသွင်းတုံးတွင် ပြင်ပ သို့မဟုတ် ရေထိထားသည့် ထိခိုက်မှုများ ရှိမရှိ စစ်ဆေးပါ။ အထူးသဖြင့် နာရီအတွက် သီးသန့်ထုတ်ထားသည့် Sáms~úñg မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးများကိုသာ အသုံးပြုပါ။ နာရီကို ပြင်ပအားသွင်းတုံးများဖြင့် သေချာစွာအားမသွင်းနိုင်ပါ။]

[အက်ပ်နှင့် ဆော့ဖ်ဝဲများကို အပ်ဒိတ်လုပ်ပါ။]

[တခါတရံ အက်ပ်များတွင် ဘက်ထရီအလွန်အကျွံသုံးစေသည့် အရာများပါရှိနိုင်ပြီး သင့်အက်ပ်များအားလုံး အကောင်းဆုံးဆောင်ရွက်နိုင်ရန် အပ်ဒိတ်လုပ်ထားကြောင်းသေချာပါစေ။]

[မသုံးဖြစ်သည့် ကျန်းမာရေးမှတ်တမ်း အားလုံးကိုပိတ်ပါ။]

[နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ Sáms~úñg H~éált~h ကိုနှိပ်ပါ။ လုပ်ဆောင်ချက်ပိတ်ရန် ကျန်းမာရေးမီနူး ရှိရာကိုရွေ့ပြီး နှိပ်၍လုပ်ဆောင်ပါ။ ကျန်းမာရေးမီနူးများကို ပိတ်ပြီးသည့်နောက်တွင် နာရီပေါ်မှ နောက် ခလုတ် ကို နှစ်ကြိမ်နှိပ်ပြီး နာရီမျက်နှာပြင်သို့ပြန်သွားပါ။( နောက် ခလုတ်ကို နှစ်ကြိမ်နှိပ်ခြင်းသည် Sám~súñg~ Héál~th အက်ပ် တွင် အဓိကမီနူးသို့ ပြန်သွားမည်မဟုတ်ပါ။)]

[ဒေတာများကိုဖျက်၍ နောက်ခံအက်ပ်များကိုပိတ်ပါ။]

[သင့်ဖုန်းမှနေ၍ Gálá~xý Wé~áráb~lé အက်ပ်ကို ဖွင့်ပါ။ ချိတ်ဆက်ထားသည့် နာရီပေါ်မူတည်၍ နာရီသတ်မှတ်ချက်များ သို့ဝင်ရန်လိုအပ်မှု ရှိနိုင်ပါသည်။ ထို့နောက် နာရီအကြောင်း ကိုနှိပ်ပါ။ သိုလှောင်ခန်း ကိုနှိပ်ပြီး ရုပ်ပုံ သို့မဟုတ် အသံဖိုင် ကိုရွေး၍ ဖျက်မည် ကိုနှိပ်ပါ။]

[ကွန်ယက်ချိတ်ဆက်မှုများကို ပိတ်ပါ။]

[သင်သည် Blút~éóót~h ၊ Wí-F~í သို့မဟုတ် Mób~ílé ကွန်ယက်ချိတ်ဆက်မှုများလိုအပ်သည့် အချို့အက်ပ်နှင့် လုပ်ဆောင်ချက်များကိုလည်း အသုံးပြု၍ရနိုင်မည်မဟုတ်ကြောင်း သိထားပေးပါ။]

[နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ ချိတ်ဆက်မှုများ ကိုနှိပ်၍ Blút~óóth~ နှင့် Wí-Fí~ ကိုပိတ်ပါ။ LTÉ နှင့် 3G~ နာရီများတွင် မိုဘိုင်းကွန်ယက်များကိုပါပိတ်ပါ။ Blúé~tóót~h ပိတ်လိုက်သည့်အချိန်တွင် သင့်နာရီသည် သင့်ဖုန်းမှချိတ်ဆက်မှုပြုတ်သွားပါလိမ့်မည်။]

[Gálá~xý Wé~áráb~lé အက်ပ်တွင် ရီမုဒ်ချိတ်ဆက်မှု ဖွင့်ထားပြီး Wí~-Fí ပိတ်လိုက်ပါက သင့်နာရီနှင့် ဖုန်းသည် Bl~úétó~óth ချိတ်ထားချိန်တွင် W~í-Fí ဖြင့် အဝေးမှချိတ်ဆက်လိမ့်မည်မဟုတ်ပါ။]

[LTÉ သို့မဟုတ် 3G~ နာရီတွင် Móbí~lé ñé~twór~k ပိတ်ထားပါက သင့်နာရီသည် ကွန်ရက်ဝန်ဆောင်မှုပေးသူ၏ ကွန်ယက်မှ ချိတ်ဆက်မှုပြုတ်သွားပါလိမ့်မည်။ (သင့်ဝန်ဆောင်မှု တောင်းဆိုချက်များအပေါ် သက်ရာက်လိမ့်မည်မဟုတ်ပါ)]

[Wátc~h álw~áýs ó~ñ ကိုပိတ်ပါ။]

[နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ သင့်နာရီပေါ်မူတည်၍ စခရင်ဖော်ပြချက်အား နှိပ်ရန်လိုအပ်နိုင်ပါသည်။ Álwá~ýs Óñ~ Dísp~láý ကိုနှိပ်၍ လုပ်ဆောင်ချက်ပိတ်ရန် ခလုတ် ကိုနှိပ်ပါ။]

[သင့် အသိပေးချက်သတ်မှတ်ချက်များအား စိတ်ကြိုက်စီမံခြင်း]

[သင့်ဖုန်းမှနေ၍ Gálá~xý Wé~áráb~lé အက်ပ်ကို ဖွင့်ပါ။ ချိတ်ဆက်ထားသည့် နာရီပေါ်မူတည်၍ နာရီသတ်မှတ်ချက်များ သို့ဝင်ရန်လိုအပ်မှု ရှိနိုင်ပါသည်။ ထို့နောက် အသိပေးချက်များ ကိုနှိပ်၍ အဆင့်မြင့် အသိပေးချက် သတ်မှတ်ချက်များ ကိုနှိပ်ပြီး အသေးစိတ်ဖြင့်ပြသပါ နှင့် ဖန်သားပြင်ဖွင့်ပါ တို့ဘေးရှိခလုတ်ကိုပိတ်ပါ။]

  • [အသေးစိတ်ဖြင့်ပြသပါ - သတိပေးချက်အသစ်များ၏ အသေးစိတ်အချက်များကို အလိုအလျောက်ပြသပါ။]
  • [ဖန်သားပြင်ဖွင့်ပါ - ပိတ်ထားချိန်တွင် သင့်နာရီသည် အသိပေးချက်လက်ခံရရှိချိန်တွင် ပွင့်လာမည်မဟုတ်ပါ။]

[အသိပေးစာမီနူးအပေါ်ဆုံးတွင် အက်ပ်အသိပေးချက်များ ကိုနှိပ်ပါ။ ထို့နောက် သင်အသိပေးချက်မလိုသည့် အက်ပ်များဘေးရှိ ခလုတ်များကို နှိပ်၍ပိတ်ပါ။]

[ပါဝါချွေတာခြင်း ကိုဖွင့်ပါ။]

[ပါဝါချွေတာခြင်း ဖွင့်ထားချိန်တွင် သင့်နာရီ၏ ပင်မစခရင်သည် မီးခိုးရောင်စကေးဖြင့်  ပြသထားမည်​ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု ၊ မက်ဆေ့ချ် များနှင့် Blúé~tóót~h အသုံးပြုသည့် အသိပေးစာများမှလွဲ၍ လုပ်ဆောင်ချက်အားလုံးပိတ်ထားမည်ဖြစ်သည်။ Wí-F~í နှင့် မိုဘိုင်းဒေတာများလည်း ပိတ်သွားမည်ဖြစ်ပြီး လုပ်ဆောင်ချက်အကန့်အသတ်နှင့်ရှိမည်ဖြစ်သည်။]

[နာရီစခရင်ပေါ်မှ အပေါ်သို့ဆွဲ၍ အက်ပ်စခရင်မှ သတ်မှတ်ချက်များ ကိုနှိပ်ပါ။ ဘက်ထရီ ကိုနှိပ်၍ ပါဝါချွေတာခြင်း ပါဝါချွေတာအနေအထားကို ပိတ်ရန်အတွက် qúíc~k méñ~ú ရွေးချယ်စရာလည်း ရရှိနိုင်ပါသည်။ သင့်နာရီ၏ ပင်မစာမျက်နှာပေါ်မှ qúí~ck mé~ñú ကိုဆွဲချ၍ ဘက်ထရီ ပုံကိုနှိပ်ပါ။]

[သင့်နာရီအား အပူချိန်ကွာခြားချက်ပြင်းထန်သော နေရာတွင် မထိတွေ့ပါစေနှင့်။]

[သင့်နာရီအား အလွန်အေး သို့မဟုတ် အလွန်ပူသည့်နေရာတွင် ထားမိပါက နာရီ၏ ဘက်ထရီသက်တမ်း တိုတောင်းနိုင်ပြီး ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]