[Gálá~xý စက်ပစ္စည်းများကိုအသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းရေးသတိပြုရန်များ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 29.12.2022]

[Gálá~xý ထုတ်ကုန်များတွင် ထည့်သွင်းထားသော လစ်သီယမ်-အိုင်းယွန်းဘတ္ထရီများသည် အတွင်းပိုင်းတွင်စွမ်းအင်များစွာသိုလှောင်၍ မှားယွင်းစွာအသုံးပြုမိပါက သို့မဟုတ် အလွဲသုံးပါက လူသားနှင့်အရာဝတ္ထုများအတွက် ပြင်းထန်သောမတော်တဆထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ သုံးစွဲသူဘေးအန္တရာယ်ကင်းစေရန်နှင့် ပစ္စည်းဥစ္စာများထိခိုက်မှုကိုကာကွယ်ရန် အောက်ပါအချက်များကို သေချာစွာဖတ်ရှုပြီး ထုတ်ကုန်ကိုမှန်ကန်စွာ အသုံးပြုပါ။]

[Gálá~xý Fl~íp ခေါက်ဖုန်းနှင့်ဘတ္ထရီအားကိုမြင်ရပုံ]

[သင်၏ Gálá~xý စက်ပစ္စည်းများကို အန္တရာယ်ကင်းအောင် ထိန်းသိမ်းရမည့်နည်းလမ်းများ]

[Sáms~úñg G~áláx~ý ဖုန်း၊ နားကျပ်များနှင့် နာရီများကို ဝါယာကြိုးမဲ့စက်တွင် အတူတကွသိမ်းဆည်းပုံ။]
  • [ပျက်စီးနေသာမီးကြိုး သို့မဟုတ်ပလပ်ခေါင်းများ သို့မဟုတ်လျှပ်စစ်ပလပ်ပေါက်များကို မသုံးစွဲပါနှင့်။]
  • [ရေစိုနေသောလက် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် စက်ပစ္စည်း၊ မီးကြိုး၊ ပလပ်ခေါင်း သို့မဟုတ်လျှပ်စစ်ပလပ်ပေါက်များကို မထိပါနှင့်။]
  • [ကြိုးဖြုတ်သောအခါ မီးကြိုးကိုအလွန်အကျွံမဆွဲပါနှင့်။]
  • [ထုတ်လုပ်သူကခွင့်ပြုထားသော ဘက္ထရီများ၊ အားသွင်းကြိုးများ၊ ကိရိယာများနှင့် ပစ္စည်းများကိုသုံးစွဲပါ။]
  • [စက်ပစ္စည်ကိုပစ်ချခြင်း၊ ပြင်းထန်သောထိခိုက်စေခြင်းများ မပြုလုပ်ပါနှင့်။]
  • [သင့်ဖုန်းကို အပူပေးကိရိယာများ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများ၊ ပူပြင်းသောထမင်းဟင်းချက်ပစ္စည်းများ သို့မဟုတ်ဖိအားများသောခွက်၊ ပန်းကန်များအနီးတွင် မထားပါနှင့်။]
  • [သင့်ဖုန်းကို ဖုန် သို့မဟုတ် လေထဲပျံ့နှံ့သောအညစ်အကြေး သိပ်သည်းဆများသည့်နေရာများတွင် မသုံးစွဲပါနှင့် သို့မဟုတ် မထားပါနှင့်။]
  • [အစုံသုံးဂျက်ပေါက်နှင့် အားသွင်းကြိုးအစကို လျှပ်ကူးပစ္စည်းများဖြစ်သည့် အရည်၊ ဖုန်၊ သတ္တုမှုန့်နှင့် ခဲတံ၏ခဲများနှင့် ထိတွေ့မှုမှ ကာကွယ်ပါ။]
  • [အစုံသုံးဂျက်ပေါက်ကို ချွန်ထက်သောအရာဝတ္တုများနှင့် ထိတွေ့ခြင်း သို့မဟုတ် ၎င်းကိုထိခိုက်စေခြင်းမှ ရှောင်ကျဉ်ပါ။]
  • [ဖုန်းစက်ပစ္စည်း သို့မဟုတ် ဘတ္ထရီကို မကိုက်ပါနှင့်၊ မစုပ်ပါနှင့်။]
  • [အားသွင်းကြိုး၏ အဖိုနှင့်အမငုတ်နှစ်မျိုးလုံးကို တိုက်ရိုက်မဆက်သွယ်ပါနှင့်။]
  • [မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နေသည့်အချိန်တွင် အဆောက်အဦးအပြင်ဘက်၌ သင့်ဖုန်းကိုအသုံးမပြုပါနှင့်။]
  • [သင့်ဖုန်းကို အသံစနစ်များ သို့မဟုတ်ရေဒီယိုတာဝါများကဲ့သို့ ရေဒီယိုကြိမ်နှုန်းထုတ်လွှတ်နိုင်သော ပစ္စည်းသို့မဟုတ် ကိရိယာများအနီးတွင် မထားပါနှင့်။]
  • [ပေါက်ကွဲတတ်သောအရာဝတ္ထုများရှိသည့်နေရာတွင် သင့်ဖုန်းကိုပိတ်ထားပါ။]

[သင့် Gálá~xý ဖုန်းကိုအန္တရာယ်ကင်းစွာအသုံးပြုနည်း]

[Gálá~xý ဖုန်းကို အားသွင်းထားပြီး မီးအားဝင်နေပုံ။]
  • [သင့်ဖုန်းကို ခြောက်သွေ့စွာထားပါ။]
  • [သင့်ဖုန်းကို အကြွေစေ့၊ သော့နှင့် ရတနာပစ္စည်းများကဲ့သို့သော သတ္တုပစ္စည်းများနှင့် အတူတကွ မသိမ်းဆည်းပါနှင့်။]
  • [သံလိုက်စက်ကွင်းအနီးအနားတွင် သင့်ဖုန်းကိုမထားပါနှင့်။]
  • [သင့်ဖုန်းအပူလွန်ကဲနေချိန်တွင် ၎င်းကိုမထိတွေ့ပါနှင့်။ ထိုသို့ထိတွေ့မိပါက အပူချိန်လျော့နည်းသောလောင်ကျွမ်းခြင်း၊ အရေပြားနီရဲခြင်း နှင့်အကွက်အပျောက်ဖြစ်ပေါ်ခြင်းများကို ခံစားရနိုင်ပါသည်။]
  • [ကင်မရာမှန်ဘီလူးကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကဲ့သို့ စူးရှသောအလင်းရောင် ထွက်ရှိသောပင်မနေရာနှင့် မထိတွေ့စေရန် သတိထားပါ။]
  • [သင့်ဖုန်းတွင် ကင်မရာဖလက်ရှ်မီး သို့မဟုတ်ဓါတ်မီးပါရှိပါက ၎င်းကိုလူများနှင့် အိမ်မွေးတိရစ္ဆာန်များ၏ မျက်လုံးများအနီးတွင် မဖွင့်ပါနှင့်။]
  • [ပေါက်ကွဲတတ်သောအရာဝတ္ထုများရှိသည့်နေရာတွင် သင့်ဖုန်းကိုပိတ်ထားပါ။]
  • [သင့်ဖုန်းကို ပစ်ချခြင်း၊ ထိခိုက်စေခြင်းများ မဖြစ်ပေါ်ပါစေနှင့်။]
  • [သင့်ဖုန်းကို တစစစီဖြုတ်ခြင်း၊ ပြောင်းလဲတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းများ မပြုလုပ်ပါနှင့်။]
  • [သင့်ဖုန်းကို ဆေးရုံ၊ လေယာဉ်ပေါ် သို့မဟုတ် ရေဒီယိုကြိမ်နှုန်းကြောင့် အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်မော်တော်ယာဉ်ပေါ်တွင်မှ အသုံးမပြုပါနှင့်။]
  • [သင်သည် နားကြားကိရိယာတပ်ဆင်ထားပါက ရေဒီယိုကြိမ်နှုန်းနှောင့်ယှက်မှုနှင့်ပတ်သက်သော အချက်အလက်များကိုသိရှိရန် ပစ္စည်းထုတ်လုပ်သူကို ဆက်သွယ်ပါ။]
  • [ထုတ်လုပ်သူကခွင့်ပြုထားသော ဘက္ထရီများ၊ အားသွင်းကြိုးများ၊ ကိရိယာများနှင့် ပစ္စည်းများကိုသုံးစွဲပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]