[Sáms~úñg နားကြပ်များအတွက် ဆော့ဖ်ဝဲအပ်ဒိတ်မျာ]
[သင့် ဖုန်းသို့မဟုတ် တက်ဘလက် သို့မဟုတ် သင့်PC မှ Gá~láxý~ Búds~ အက်ပ် ကိုအသုံးပြုပါက သင့်နားကြပ်များကို နောက်ဆုံးအပ်ဒိတ်လုပ်ဆောင်ရန် လွယ်ကူစေပါသည်။ အဆိုပါ အက်ပ်များသည် သင့်နားကြပ်ကို ချိတ်ဆက်ထိန်းချုပ်နိုင်စေရန် လုပ်ဆောင်ပေးသည့်အပြင် ၎င်းတို့အတွက် ဆော့ဖ်ဝဲအပ်ဒိတ်များကိုလည်း စစ်ဆေး၍ရနိုင်စေပါသည်။ ထိုနည်းဖြင့် သင်သည် ရေစီးကြောင်းအတိုင်းအမြဲလိုက်နေကြောင်း သေချာစေပြီး သင့်အကြိုက်ဆုံးသီချင်းများအားလုံးကို ခံစားရရှိနိုင်စေမှာဖြစ်ပါသည်။]
[သင့် ဆော့ဖ်ဝဲအပ်ဒိတ် ချောမွေ့စွာလုပ်ဆောင်နေကြောင်း သေချာစေရန် သင့်ဖုန်း ၊ တက်ဘလက် သို့မဟုတ် ကွန်ပြူတာတွင် သင်လုပ်နိုင်သည့်အရာများ ရှိပါသည်။]
- [အပ်ဒိတ်များကို စစ်ဆေးရန်အတွက် သင့်တွင် Gálá~xý ဖုန်းရှိပါက ပထမဆုံးအနေဖြင့် သင့် Gá~láxý~ Búds~ စီးရီးကို သင့်ဖုန်း သို့မဟုတ် တက်ဘလက် ရှိ Gálá~xý Wé~áráb~lé áp~p သို့မဟုတ် ကွန်ပြူတာစီမံခန့်ခွဲမှုဆော့ဖ်ဝဲသို့ ချိတ်ဆက်ပေးပါ။]
[မှတ်ချက် : Gálá~xý Bú~ds Pr~ó နှင့် Búd~s Lív~és တို့သည် ကွန်ပြူတာပေါ်ရှိ Gá~láxý~ Búds~ Máñá~gér နှင့် တွဲဖက်အသုံးပြု၍မရနိုင်ပါ။]
- [အပ်ဒိတ်မထည့်သွင်းမီ ဘာတွေပါဝင်သလဲ ကြည့်ရှုရန်အတွက် အက်ပ်ဒိတ်ပေါ့အပ် ပေါ်ရှိ ဘာအသစ်တွေလဲ ကိုနှိပ်နိုင်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဘာတွေပြောင်းလဲသွားမည်ဆိုတာ သင်အတိအကျ သိရှိပါလိမ့်မည်။]
- [ဆော့ဖ်ဝဲအပ်ဒိတ်ထည့်သွင်းပြီးသည့်နှင့်တပြိုင်နက် သင့်ကိရိယာဖြင့် နားကြပ်တခုတည်းကို အသုံးပြုနိုင်ပါပြီ။]
- [သင့်နားကြပ်များကို အပ်ဒိတ်လုပ်နေစဉ်အတွင်း ပြဿနာကြုံတွေ့ရပါက ၎င်းတို့ကို အားသွင်းဗူးတွင် ထည့်၍ အဖုံးကို ၁၀ စက္ကန့်ခန့်ပိတ်ထားပေးပြီး ပြန်စနိုင်ပါသည်]
[နားကြပ်အတွက် ဆော့ဖ်ဝဲအပ်ဒိတ် ရရှိနိုင်သည့်အချိန်တွင် Gálá~xý Wé~áráb~lé အက်ပ်တွင် သင့်ကို ပေါ့အပ်ဖြင့် အသိပေးပါလိမ့်မည်။ အပ်ဒိတ်လုပ်မည် ကိုနှိပ်ပြီး စခရင်တွင်ပေါ်လာသည့်အတိုင်း လိုက်ပါလုပ်ဆောင်ပါ။ နားကြပ်သည် ဖုန်းနှင့်ချိတ်ဆက်မှု ပြုတ်သွားပါလိမ့်မည်။ အပ်ဒိတ်လုပ်ဆောင်မှုပြီးစီးသည့်အခါတွင် နားကြပ်သည် ဖုန်းနှင့် အလိုအလျောက်ချိတ်ဆက်သွားမည်ဖြစ်သည်။]
[ဆော့ဖ်ဝဲအပ်ဒိတ်များ ကိုယ်တိုင်စစ်ဆေးရန်အတွက် နားကြပ်နှစ်ခုစလုံးကို အားသွင်းထားရန်လိုပြီး အက်ပ်နှင့် ချိတ်ဆက်ထားရပါမည်။ နားကြပ်ကို အားသွင်းဗူးထဲသို့ထည့်ပြီး အဖုံးဖွင့်ထားပါ။]
- [နားကြပ်သတ်မှတ်ချက်များ ကိုနှိပ်၍ နားကြပ်ဆော့ဖ်ဝဲအပ်ဒိတ် ကိုနှိပ်ပြီး ဒေါင်းလုတ်ပြီးထည့်သွင်းမည် ကိုနှိပ်ပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]