[ဖန်သားပြင်ကောင်းစွာအလုပ်မလုပ်ခြင်း။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022]

[သင့်ဖုန်းမျက်နှာပြင် ကောင်းစွာအလုပ်မလုပ်ခြင်းသည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါသည်။ ပြင်ပသက်ရောက်မှုတခုခုကြောင့် ထိခိုက်ထားပါက သင့်ဖုန်းဖန်သားပြင် ကောင်းစွာအလုပ်လုပ်လိမ့်မည်မဟုတ်ပါ။ နောက်ကျနေသည့် ဆော့ဖ်ဝဲဗားရှင်းကိုအသုံးပြုခြင်းသည်လည်း ပြဿနာဖြစ်စေနိုင်ပါသည်။ ပိုမိုသည့်အချက်အလက်များအတွက် အောက်ပါလမ်းညွှန်ကိုကြည့်ပါ။]

[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]

[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]

[အဆင့်၂။ Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]

[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]

[စစ်ဆေးမှု ၁။ သင့်အက်ပ်များကို အပ်ဒိတ်ထားပါ။]

[သင်သုံးနေသည့်အက်ပ်၏ ဆော့ဖ်ဝဲဗားရှင်းကို အပ်ဒိတ်လုပ်ထားကြောင်းသေချာပါစေ။ အပ်ဒိတ်မလုပ်ထားသည့်အက်ပ်များအသုံးပြုခြင်းသည် ÓS နှင့်ကိုက်ညီမှုပြဿနာများ ဖြစ်စေနိုင်ပါသည်။ အချို့ကိစ္စများတွင် ပြဿနာသည်ယာယီဖြစ်သော်လည်း အမြဲတမ်းကြုံနေရပါက သင့် ဆော့ဖ်ဝဲဗားရှင်းကို အမြဲတမ်းအပ်ဒိတ်လုပ်ထားပါ။]

[Pláý~ Stór~é အက်ပ်များကို ဘယ်လိုအပ်ဒိတ်လုပ်မလဲ]

[အဆင့် ၁။ Pláý~ Stór~é မှ Mý G~óógl~é Ácc~óúñt~ ကိုရွေးပါ။]

[အဆင့် ၂။ Máñá~gé áp~ps & dé~vícé~ ကိုနှိပ်၍ အပ်ဒိတ်ရနိုင်သည့်အက်ပ်များကို စစ်ဆေးပါ။]

[အပ်ဒိတ်ရနိုင်သည့် အက်ပ်များအားစစ်ဆေးခြင်း]

[စစ်ဆေးမှု ၂။ သင့်ဖုန်းကိုပြန်စကြည့်ပါ။]

[ယာယီဆော့ဖ်ဝဲအမှားကြောင့်လည်း ဖန်သားပြင်ပြဿနာများကြုံရနိုင်ပါသည်။ ယခုကဲ့သို့ကြံုတွေ့လာရပါက သင့်ဖုန်းအား ပြန်စခြင်းဖြင့် ပြဿနာကိုရိုးရှင်းစွာ ဖြေရှင်းနိုင်ပါသည်။ အကောင်းဆုံးရလဒ်အတွက် သင့်ဖုန်းအား ပြန်မစမီ SÍM ကဒ်နှင့် S~D ကဒ်ကိုထုတ်ထားပါ။]

[ယာယီဆော့ဖ်ဝဲပြဿနာများကို ဖုန်းပြန်စပြီးဖြေရှင်းခြင်း]

[① အသံတိုးခလုတ်]

[② ဘေးခလုတ်]

[မှတ်ချက် ။ အသံတိုးခလုတ်နှင့် ဘေးခလုတ်ကို ဖိနှိပ်ထား၍ သင့်ဖုန်းကိုပါ၀ါပိတ်ပါ။ သင့်ဖုန်းလုံးဝပိတ်သွားပြီးသည့်နောက်တွင် အဆိုပါအတိုင်းပြန်လည်ပြုလုပ်ပြီး ဖုန်းပြန်ဖွင့်နိုင်ပါပြီ။]

[စစ်ဆေးမှု ၃။ ပြင်ပထိခိုက်မှုများကြောင့် ဖန်သားပြင်ထိခိုက်နေခြင်း]

[ပြင်ပသက်ရောက်မှုတခုခုကြောင့် ထိခိုက်ထားပါက သင့်ဖုန်းဖန်သားပြင် ကောင်းစွာအလုပ်လုပ်လိမ့်မည်မဟုတ်ပါ။ ထိုသို့ကြုံရပါက သင့်ဖုန်းကိုအသုံးမပြောတော့ဘဲ ပြန်လည်ပြင်ဆင်ရန် အနီးဆုံးဝန်ဆောင်မှုစင်တာကို ယူသွားပေးပါ။]

[ပြင်ပထိခိုက်မှုများကြောင့် ဖန်သားပြင်ထိခိုက်နေခြင်း]

[အသုံးဝင်သည့် ဖန်သားပြင်သတ်မှတ်ချက်များ]

[ဖောင့်အရွယ်နှင့်ပုံစံ ချိန်ညှိခြင်း]

[သင့်စိတ်ကြိုက် သို့မဟုတ် လိုအပ်သည့်အလျောက် ဖောင့်အရွယ်နှင့်ပုံစံကို ချိန်ညှိနိုင်ပါသည်။ ဖောင့်အရွယ်နှင့်ပုံစံကိုပြောင်းလဲရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။]

[အဆင့် ၁။ သတ်မှတ်ချက်များ မှ ပြသချက်ကိုဝင်ပြီး ဖောင့်အရွယ်နှင့်ပုံစံ ကိုနှိပ်ပါ။]

[အဆင့် ၂။ သင်အလိုရှိသည့်အတိုင်း ဖောင့်အရွယ်နှင့်ပုံစံ ကိုချိန်ညှိပါ။]

[ဖောင့်အရွယ်နှင့်ပုံစံ ချိန်ညှိခြင်း]

[ဖန်သားပြင်ချဲ့ခြင်း ချိန်ညှိမှု]

[သင့်ဖန်သားပြင်ပေါ်တွင် ပိုသေးသို့မဟုတ် ပိုကြီးပြီးပေါ်လာအောင် သတ်မှတ်ချက်များကို ချိန်ညှိနိုင်ပါသည်။ သင့်ဖန်သားပြင်ချဲ့ခြင်းကိုချိန်ညှိရန် အောက်ပါလမ်းညွှန်ကို ကိုးကားပါ။]

[အဆင့် ၁။ သတ်မှတ်ချက်များ မှ ပြသချက် ကိုဝင်ပြီး ဖန်သားပြင်ချဲ့ခြင်း ကိုနှိပ်ပါ။]

[အဆင့် ၂။ စခရင်အောက်ရှိ ဖန်သားပြင်ချဲ့ခြင် (အပေါင်း/အနှုတ် ဘား) ကိုအသုံးပြု၍ သင့် ဖန်သားပြင်ချဲ့ခြင်ကို ချိန်ညှိပါ။]

[ဖန်သားပြင်ချဲ့ခြင်း ချိန်ညှိမှု]

[သုံးနေသည့်အက်ပ်အလိုက် စခရင်အချိုးချိန်ညှိခြင်း]

[ဗီဒီယိုကြည့်သည့်အချိန်တွင် သင့်အနေဖြင့် ပိုကြီးသည့် စခရင်အချိုးကို ပိုသဘောကျပါလိမ့်မည်။ သို့ရာတွင် လှုပ်ရှားရသည့်နေရာသိပ်မကျယ်သည့် အက်ပ်များ၏ စခရင်အချိုးများသည် méss~éñgé~r အက်ပ်သုံးနေစဉ် သို့မဟုတ် စာရိုက်နေစဉ်တွင် ပို၍အဆင်ပြေနိုင်ပါသည်။ သုံးနေသည့်အက်ပ်အလိုက် စခရင်အချိုးချိန်ညှိရန် ကြိုးစားကြည့်ပါ။]

[အဆင့် ၁။ သတ်မှတ်ချက်များ မှ ပြသချက် ကိုဝင်ပြီး စခရင်အပြည့်အက်ပ်များ ကိုနှိပ်ပါ။]

[အဆင့် ၂။ ကင်မရာ သို့ဝင်၍ သင်ချိန်ညှိလိုသည့် အက်ပ်စခရင်အချိုးများအတွက်အက်ပ်ကို သတ်မှတ်ပါ။]

[ကင်မရာ ဖြင့် ဖန်သားပြင်အချိုးကိုချိန်ညှိပါ။]

[မျက်လုံးသက်သာမှုအကာအကွယ် ဆက်တင်များကိုပိတ်ခြင်း]

[သင့်ဖန်သားပြင်အရောင် အရမ်းရင့်နေပါသလား။. မျက်လုံးသက်သာမှုအကာအကွယ် သတ်မှတ်ချက်များကိုပိတ်ကြည့်ပါ။]

[မျက်လုံးသက်သာမှုအကာအကွယ် ဆက်တင်များကိုပိတ်ခြင်း]

[မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]