[စခရင်နှင့် ဖုန်း၏ဘောင်ကြားတွင် ကွာဟနေပါသည်။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 13.01.2022]

[သင့်ဖုန်းအကောင်းဆုံးလုပ်ဆောင်နိုင်ရန်အတွက် စခရင်ဟချက် အနည်းငယ်လိုအပ်ပါသည်။ အဆိုပါ ဟချက်ကြောင့် အသုံးပြုနေစဉ် အနည်းငယ်တုန်ခါမှုမျိုးရှိနိုင်သော်လည်း စွမ်းဆောင်ရည်ပြဿနာကြောင့်မဟုတ်ပါ။ အချိန်နှင့်အသုံးပြုသည့်အလျောက် စခရင်ဟချက် ပိုကျယ်လာမည်ကိုသတိပြုပါ။]

[စစ်ဆေးမှု ၁။ စခရင်ကွာဟချက်ထဲသို့ ရေဝင်နိုင်ပါသလား။]

[ယေဘုယျအားဖြင့် စခရင်နှင့် ဖုန်းဘောင်ကြားတွင် အနည်းငယ်ဟထားရန်လိုအပ်ပါသည်။ ထို့ကြောင့် စခရင်ဟချက်သည် ဖုန်းအကောင်းဆုံးလုပ်ဆောင်နိုင်ရန် အပြုသဘောဆောင်လျှက် ထုတ်လုပ်ထားပါသည်။ စခရင်ဟချက်အားလုံးသည် အောက်ပါတင်းကျပ်သည့်ဒေသတွင်းစံနှုန်းများနှင့်အညီဖြစ်ပြီး ဖုန်း၏ စွမ်းဆောင်ရည် သို့မဟုတ် လုပ်ဆောင်ချက်ကို မသက်ရောက်စေနိုင်ပါ။ ထို့အပြင် ရေနှင့်ဖုန်ခံနိုင်သည့် Gálá~xý ဖုန်းများသည် ဖုန်းအတွင်းမှအစိတ်အပိုင်းများကို ရေသို့မဟုတ် အညစ်အကြေးများနှင့်မထိစေရန် ထုတ်လုပ်ထားပါသည်။]

[အချုပ်အားဖြင့်ဆိုရသော် သေချာထားရှိထားသည့် စခရင်ဟချက်ထဲသို့ ရေမဝင်ရောက်နိုင်သည့်အပြင် ရေဒဏ်ခံနိုင်စွမ်းကို သက်ရောက်မှုရှိလာမည်မဟုတ်ပါ။] 

[Gálá~xý ဖုန်း စခရင်ဟချက်]

[စစ်ဆေးမှု ၂။ စခရင်ဟချက် ပိုကျယ်လာတယ်ထင်ရခြင်း]

[စခရင်ဟချက်ကျယ်လာခြင်းမှာ အစိတ်အပိုင်းများအကြား နေ့စဉ်သာမန်အသုံးပြုနေစဉ်ဖြစ်လာသည့် ပြန့်ကားမှုများကြောင့်ဖြစ်သည့် သာမန်ဖြစ်ရိုးဖြစ်စဉ်တခုသာဖြစ်ပါသည်။ သို့ရာတွင် စခရင်ဟချက်သိသိသာသာ ပိုကျယ်လာပါက ပြန်လည်ပြင်ဆင်ရန်လိုမလို ဆုံးဖြတ်ရန် Sáms~úñg လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုစင်တာ ကိုသွားရောက်ပါ။] 

[မှတ်ချက်- ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]

[Sáms~úñg M~émbé~rs အက်ပ်ကို ဘယ်လိုသုံးရမလဲ။]

[Sáms~úñg မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များနှင့် ဝတ်ဆင်နိုင်သော ပစ္စည်းများတွင် အခက်အခဲများကြုံရပါက S~ámsú~ñg Mé~mbér~s အက်ပ်တွင် ကျွန်ုပ်တို့ထံ မေးမြန်းနိုင်ပါသည်။ Érr~ór များကိုတိုင်ကြားခြင်းနှင့်ပတ်သက်ပြီး ပိုမိုရှာဖွေလိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]