[Gálá~xý Wá~tch S~éríé~s အတွက် D-Bú~cklé~ Spór~t လက်ပတ်ကို အသုံးပြုရန် အကြံပြုချက်များနှင့် နည်းလမ်းများ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 23.08.2023]

[အဆင်ပြေသော သံလိုက်လက်ပတ်ခေါင်းကြောင့် သင့်လက်ကောက်ဝတ်တွင် ကြိုးကို အလွယ်တကူတပ်ပြီး လိုအပ်သည့်အခါ ချွတ်နိုင်သည်။ ထို့အပြင်၊ D-Búc~klé S~pórt~ လက်ပတ်ကို သက်တောင့်သက်သာရှိစေရန် ချောမွေ့သော၊ ပြောင်းလွယ်ပြင်လွယ်ရှိသော ပစ္စည်းဖြင့် ပြုလုပ်ထားသည်။]

[Sáms~úñg G~áláx~ý Wát~ch D-B~úckl~é Spó~rt လက်ပတ်ကို ပတ်နေသည့် လူတစ်ယောက်။]

[မှတ်စုများ-]

  • [စတိုင်ကျသော D-Búc~klé လက်ပတ်သည် သင်၏ G~áláx~ý Wát~ch5 Pr~ó နှင့်အတူ ပါဝင်ပါသည်။]
  • [D-Búc~klé လက်ပတ်ကို G~áláx~ý Wát~ch6 မော်ဒယ်အတွက် သီးခြားရောင်းချသည်။]
  • [D-Búc~klé လက်ပတ်ဒီဇိုင်းနှင့် အရွယ်အစားသည် မော်ဒယ်အလိုက် ကွဲပြားနိုင်သည်။]

[D-Búc~klé S~pórt~ လက်ပတ်ကို ချိန်ညှိပါ]

[အရမ်းကြပ်မနေဘဲ သက်တောင့်သက်သာရှိစေဖို့ လက်ပတ်အရှည်ကို ချိန်ညှိပါ။]

[အဆင့် ၁. သံလိုက် လက်ပတ်ခေါင်းကို ဖွင့်ပါ။]

[Gálá~xý Wá~tch ပေါ်ရှိ သံလိုက်ကြိုးကို ဖွင့်နေပုံ။]

[မှတ်ချက်- ကြိုးဖြုတ်သည့်အခါ အင်အားအလွန်အကျွံမသုံးပါနှင့်။ ကြိုးက တွန့်လိမ်သွားပြီး လက်ပတ်၏ အံဝင်မှုကို ထိခိုက်နိုင်တာကြောင့် ကြိုးကိုကိုင်တွယ်တဲ့အခါ သတိထားပါ။]

[အဆင့် ၂. ချိတ်ကိုဖွင့်ပါ၊ အရှည်ကိုချိန်ညှိရန် လက်ပတ်ကို လက်ပတ်ခေါင်းထဲသို့ ထည့်ပြီးနောက် ချိတ်ကိုပိတ်ပါ။]

[လက်ပတ်အရှည်ကို ချိန်ညှိနည်း အဆင့်ဆင့် လမ်းညွှန်ချက်များ။]

[မှတ်ချက်- လက်ပတ်၏အဆုံးကို ကိုင်ထားပါက လက်ပတ်ကွင်းထဲသို့ထည့်ရန် ပိုမိုလွယ်ကူစေသည်။]

[အဆင့် ၃. လက်ပတ်ကို ပတ်ထားချိန်မှာ ချိတ်ကိုဖွင့်ရန်အတွက် လက်ပတ်ကိုအောက်သို့ ငြင်သာစွာ ဆွဲချပါ။]

[ချိတ်ဖွင့်ထားသည့်ပုံ။]

[D-Búc~klé S~pórt~ လက်ပတ်ကို အသုံးပြုရန် အကြုံပြုချက်များ]

  • [D-Búc~klé S~pórt~ လက်ပတ်၏ သံလိုက်ပစ္စည်းသည် သတ္တုပစ္စည်းများကို ဆွဲငင်နိုင်သည်။]
[Gálá~xý Wá~tch D~-Búck~lé Sp~órt လက်ပတ်သည် သတ္တုပစ္စည်းများကို ဆွဲငင်သည်။]
  • [သင့် Gálá~xý Wá~tch အား ပေးထားသည့် အားသွင်းကိရိယာဖြင့် အားသွင်းရန်၊ အားသွင်းနေစဉ် အားသွင်းကြိုးကို အနှောင့်အယှက်မဖြစ်စေရန်အတွက် သင့် G~áláx~ý Wát~ch ကို ဘေးစောင်းထားပါ။]
[ပေးထားသည့် အားသွင်းကိရိယာဖြင့် Gálá~xý Wá~tch အား အားသွင်းနေပါသည်။]
  • [သင်၏ Gálá~xý Wá~tch အား ကြိုးမဲ့အားသွင်းကိရိယာ သို့မဟုတ် ကြိုးမဲ့အားသွင်းခြင်းအား အသုံးပြု၍ အားသွင်းရန် D~-Búck~lé Sp~órt လက်ပတ်ကို ဦးစွာဖယ်ရှားပါ။ ထို့နောက် နာရီ၏နောက်ဘက်တစ်ခုလုံးအား အားသွင်းမျက်နှာပြင်နှင့် တိုက်ရိုက်ထိတွေ့ထားကြောင်း သေချာပါစေ။]
[Sáms~úñg ကြိုးမဲ့အားသွင်းကိရိယာတွင် လက်ပတ်ကြိုးမပါဘဲ အားသွင်းသည့် G~áláx~ý Wát~ch။]
  • [နာရီ၏နောက်ဘက်တစ်ခုလုံးအား အားသွင်းမျက်နှာပြင်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိပါက နာရီသည် အားသွင်းမည်မဟုတ်ပါ။]
[Gálá~xý Wá~tch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။] [Gálá~xý Wá~tch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။]
[Gálá~xý Wá~tch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။] [Gálá~xý Wá~tch ကို ဖုန်း၏နောက်ကျောတွင် မှားယွင်းစွာချထားပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]