[Smár~t Víé~w သုံးနေစဉ် ပြဿနာရှာဖွေခြင်း]
[Smár~t Víé~w လုပ်ဆောင်ချက်သည် သင့်ဖုန်းစခရင်ကို TV မှာပေါ်လာစေရန် အလွွန်လွယ်ကူသွားစေပါသည်။ S~márt~ Víéw~ သုံးရာတွင် ပြဿနာရှိပါက အောက်ဖော်ပြပါလမ်းညွှန်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ။]
[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။ Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့်၂။] [Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]
[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]
[Smár~t Víé~w ဆိုတာဘာလဲ]
[Smár~t Víé~w သင့်ဖုန်းအား ၀ိုင်ဖိုင်ဖြင့် TV တွင်ကူးယူပြသသည့်နည်းလမ်း။ သင့်အကြိုက်ဆုံး ဓာတ်ပုံ ၊ ဗီဒီယို ၊ တင်ဆက်မှု နှင့် ဂိမ်းများကို ပိုကြီးသည့်ဖန်သားပြင်ပေါ်တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ S~márt~ Víéw~ အလုပ်မလုပ်ပါက သင့်ဖုန်းကို rést~árt သို့မဟုတ် r~ébóó~t လုပ်ခြင်းသည် သာမန်အားဖြင့် ပြဿနာကိုဖြေရှင်းပေးနိုင်ပါသည်။ Smá~rt Ví~éw သုံးရာတွင် ပြဿနာရှိနေသေးပါက Sm~árt V~íéwကိုအသုံးပြုရန် အောက်ဖော်ပြပါအခြေအနေများကို စစ်ဆေးပါ။
S~ámsú~ñg Sú~ppór~t ဖြင့် Smá~rt Ví~éw အကြောင်းကို "သင့် Sá~msúñ~g စမတ်ဖုန်းအား TV နှင့်ချိတ်ဆက်နည်း" တွင် ပိုမိုလေ့လာလိုက်ပါ။]
[သင့် smár~t TV အတိုင်း သင့်ဖုန်းတွင်လည်း တူညီသည့်ကွန်ယက်ကို ချိတ်ဆက်ထားရပါမည်။ တူညီသည့် W~í-Fí ချိတ်ဆက်မှုကိုသုံးနေကြောင်းစစ်ဆေးရန် အောက်ဖော်ပြပါအဆင့်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။ Qúíc~k páñ~él ဖွင့်ရန်အတွက် သင့်ဖုန်းမျက်နှာပြင်အပေါ်ဆုံးမှ အောက်သို့ဆွဲချလိုက်ပါ။]
[အဆင့် ၂။ သင့်ဖုန်း၏ Wí-Fí~ sétt~íñgs~ ကိုဖွင့်ရန်အတွက် Wí-Fí~ ပုံကို နှိပ်၍ဖိထားပါ။]
[အဆင့် ၃။ ဒီနေရာမှာ သင့်အနေဖြင့် မှန်ကန်သည့်ကွန်ရက်ကို ချိတ်ဆက်ထားကြောင်း သေချာလုပ်ဆောင်နိုင်ပြီး လိုအပ်ပါက ပြောင်းလဲနို်င်ပါသည်။]
[သင့် TV တွင် ခွင့်တောင်းမှုလိုအပ်ပါက TV~ ပေါ်တွင် Álló~w ကိုနှိပ်ပေးရန် လိုပါသည်။]
[အဆင့် ၁။ Qúíc~k páñ~él ပေါ်မှ Sm~árt V~íéw ပုံကိုနှိပ်ပါ။]
[အဆင့် ၂။ သင့် TV ကိုရွေးချယ်ပါ။]
[သင့် TV ၏ ဆော့ဖ်ဝဲလ်များ အပ်ဒိတ်ဖြစ်ကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်တွင် Sá~msúñ~g Smá~rt TV~ ရှိပါက ဆက်တင်မီနူးထဲမှ ရနိုင်မည့် ဆော့ဖ်ဝဲလ်အပ်ဒိတ်များကို စစ်ဆေးပါ။]
[အဆင့် ၁။ Sétt~íñgs~ သို့သွား၍ Súpp~órt.ကိုရွေးပါ။]
[အဆင့် ၂။ Sóft~wáré~ Úpdá~té ကိုရွေး၍ Úp~dáté~ Ñów ကိုရွေးပါ။]
[အဆင့် ၃။ အပ်ဒိတ်အသစ်ရှိပါက အပ်ဒိတ်များကိုဒေါင်းလုဒ်ဆွဲပြီး သင့် TV တွင်ထည့်သွင်းပါလိမ့်မည်။ အပ်ဒိတ်အသစ်များမရှိပါက ထွက်ရန် ÓK~ ကိုနှိပ်ပါ။]
[မှတ်ချက်-]
- [အက်ပ်ဒိတ်မပြီးမချင်း TV ကိုမပိတ်ပါနှင့်။ အပ်ဒိတ်ပြီးသွားပါက တီဗီသည်အလိုအလျောက် ré~stár~t ကျသွားပါလိမ့်မည်။]
- [TV မော်ဒယ်အလိုက် ဆော့ဖ်ဝဲလ်အပ်ဒိတ်လုပ်ရသည့် အဆင့်များ ကွဲပြားနိုင်ပါသည်။။]
[သင့်ဖုန်းပေါ်ရှိပုံမှာ TV ဖန်သားပြင်ပေါ်တွင် အရမ်းသေးနေပါက သင့်အနေဖြင့် ဖန်သားပြင်အချိုးကို Sm~árt V~íéw တွင် ချိန်ညှိနိုင်ပါသည်။ သင့်ဖုန်းတွင် အပြာရောင် S~márt~ Víéw~ ပုံလေးကိုနှိပ်ပြီး Phóñ~é ásp~éct r~átíó~ ကိုနှိပ်ပါ။ ဒီနေရာမှာ သင်လိုချင်တဲ့ဆက်တင်ကိုရွေးချယ်နိုင်ပါသည်။]
[အကယ်၍ အထက်ပါနည်းလမ်းများအလုပ်မဖြစ်ပါက ပါ၀ါပြန်ဖွင့်သည့်အခါ သင့်ဖုန်းကို ပထမဆုံးအသုံးပြုခါစကအတိုင်း fáct~órý d~éfáú~lt sé~ttíñ~g သို့ ပြန်ထားရနိုင်ပါသည်။ မိုဘိုင်းဖုန်းကို fác~tórý~ résé~t လုပ်ခြင်းသည် ပြန်ပြင်၍မရကြောင်းကို ကျေးဇူးပြု၍သိထားပေးပါ။ သင့်ဖုန်းကို rés~ét ချရန်မကြိုးစားမီ သင့်အချက်အလက်အားလုံးအား တနေရာတွင် သိမ်းဆည်းထားကြောင်း ကျေးဇူးပြု၍ သေချာစွာလုပ်ဆောင်ပါ။]
[အဆင့် ၁။ Sétt~íñgs~ > Géñé~rál m~áñág~éméñ~t သို့ဝင်ပါ
]
[အဆင့် ၂။ Résé~t > Fác~tórý~ dátá~ résé~t ကိုနှိပ်ပါ]
[အဆင့် ၃။ စာမျက်နှာကိုအောက်သို့ဆွဲချပြီး Résé~t ကိုရွေးပါ။]
[အဆင့် ၄။ Délé~té ál~l ကိုရွေးပါ။]
[မှတ်ချက်-]
- [Smár~t Víé~w အား Áñd~róíd~ 4.3 နှင့်အထက်ရှိသည့် Gálá~xý ဖုန်းများ နှင့် Mí~rácá~st ကိုအထောက်အပံ့ပေးသည့် ဖုန်းများနှင့် အသုံးပြုနိုင်ပါသည်။]
- [ဖုန်း စခရင်ရှော့များနှင့် မီနူးသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]