[Gálá~xý Bú~ds ၏ မိုက်ခရိုဖုန်း အလုပ်မလုပ်တော့ပါက ဘာလုပ်ရမလဲ။]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023]

[Gálá~xý Bú~ds မိုက်ခရိုဖုန်းဖြင့် အသံသွင်းပြီး အသံဖိုင်ကိုနားထောင်ကြည့်ပါ။ အသံသွင်းထားသည့်အသံကို မကြားရပါက အောက်ပါပြဿနာအဖြေရှာနည်း အကြံပြုချက်များအတိုင်း လိုက်ပါလုပ်ဆောင်ပါ။]

[သင့်နားကြပ်များအား သန့်ရှင်းပါ။]

[မိုက်ခရိုဖုန်းအပေါက် ပိတ်နေပါက အသံကောင်းစွာသွင်းနိုင်မည်မဟုတ်ပါ။ အညစ်အကြေးများ စုပုံသွားခြင်းမဖြစ်စေရန် မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို ပုံမှန်သန့်ရှင်းပါ။ သန့်ရှင်းခြောက်သွေ့၍နူးညံ့သည့် ဘရက်ရှ် သို့မဟုတ် ဂွမ်းစဖြင့် နားဖာချေး သို့မဟုတ် အခြားအကြွင်းအကျန်များကို ဖယ်ရှားပါ။]

  • [နားကြပ်များအသုံးပြုပြီးပါက ၎င်းတို့ကို နူးညံ့ခြောက်သွေ့သောအဝတ်ဖြင့် သုတ်ပါ။]

  • [နားကြပ်များကို ခြောက်သွေ့အောင်ထားပါ။ နားကြပ်များ စိုသွားခြင်း သို့မဟုတ် နားကြပ်ထဲအရည်ဝင်သွားခြင်းမျိုးမဖြစ်စေရန် ဂရုစိုက်ပါ။]

  • [အညစ်အကြေးများ စုပုံသွားခြင်းမဖြစ်စေရန် မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်ကို ပုံမှန်သန့်ရှင်းပါ။]

     

[Gálá~xý bú~ds မိုက်ခရိုဖုန်းသန့်ရှင်းခြင်]

[မှတ်ချက် : ပြင်ပအရာ၀ထ္ထုများဖယ်ရှားရာတွင် ဓား စသဖြင့် ထက်သည့်အရာများမသုံးရန်နှင့် အားအလွန်အကျွံမသုံးရပါ။ ထိုသို့လုပ်ဆောင်မိပါက မိုက်ခရိုဖုန်းအပေါက် ၊ စပီကာနှင့် လေထွက်ပေါက်တို့ ထိခိုက်ပျက်စီးနိုင်ပါသည်။]

[နားကြပ်အား ပြန်စပါ။]

[နားကြပ်များကိုလည်း ပြန်စကြည့်နိုင်ပါသည်။ ဦးတည်ရာကိုစစ်ဆေးပြီးသည့်နောက်တွင် နားကြပ်များအား အားသွင်းထားသည့်အားသွင်းဗူးထဲရှိ ၎င်းတို့နှင့်သက်ဆိုင်ရာ အံခွက်ထဲသို့ထည့်၍ အဖုံးပိတ်ပြီးနောက် ၇ စက္ကန့်ကျော်ပါက ထုတ်ပေးပါ။]

[မှတ်ချက် : အားသွင်းဗူး၏ ဘက်ထရီအဆင့်သည်နည်းနေပါက ပထမဦးစွာ အားသွင်းဗူးကို အားသွင်းတုံးနှင့်ချိတ်ဆက်ပါ။]

[သင့် Gálá~xý Bú~ds များအား ပြန်သတ်မှတ်ပါ။]

[နားကြပ်များကို ပြန်သတ်မှတ်ခြင်းဖြင့်လည်း မိုက်ခရိုဖုန်းပြဿနာ ပြေလည်သွားနိုင်ပါသည်။ Gálá~xý Wé~áráb~lé အက်ပ် > နားကြပ်သတ်မှတ်ချက်များ > ပြန်လည်သတ်မှတ်ပါ ကိုနှိပ်၍ စက်ရုံပြန်သတ်မှတ်မှုလုပ်ဆောင်ချက်ကို အပြီးသတ်ရန် စခရင်တွင်ပေါ်လာသည့် လမ်းညွှန်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။]

[မှတ်ချက် : သင့်နားကြပ်တွင် မိုက်ခရိုဖုန်းလုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပြဿနာကြုံနေရသေးပါက ကျေးဇူးပြု၍ Sáms~úñg ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]