[သင့် Gálá~xý ကိရိယာများအား ကြိုးမဲ့အားသွင်းခြင်း]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 11.01.2023]

[ကြိုးများမရှိသည့် ကမ္ဘာကြီးကိုစိတ်ကူးယဉ်ကြည့်ပါ - ၎င်းစိတ်ကူးသည် Sáms~úñg ကြိုးမဲ့အားသွင်းတုံးများဖြင့် လက်တွေ့ကမ္ဘာတွင် အစစ်အမှန်ဖြစ်တည်လာပြီဖြစ်သည်။ အဆိုပါ အားသွင်းတုံးများဖြင့် သင့်ဖုန်းကို အားသွင်းတုံးပေါ်တွင် ရိုးရှင်းစွာတင်လိုက်ရုံဖြင့် အားသွင်းနိုင်ပြီဖြစ်သည်။ ( သီးသန့်ခွဲ၍ ရောင်းချပါသည်။) S~ámsú~ñg သင် သင့်လိုအပ်ချက်အလိုက် ကြိုးမဲ့အားသွင်းတုံးအမျိုးအစား များစွာထုတ်ပေးထားပါသည်။ ဥပမာအားဖြင့် Wí~rélé~ss Ch~árgé~r Trí~ó သည် စမတ်နာရီ သို့မဟုတ် နားကြပ်များကဲ့သို့ Gál~áxý ကိရိယာများကို ၃ ခုအထိ တပြိုင်နက်အားသွင်းနိုင်စေပါသည်။ အများစုအနေဖြင့် သင်သည် ဖုန်းကာဗာ သို့မဟုတ် အခွံကို ချွတ်ရန်လိုမည်မဟုတ်ဘဲ အားသွင်းနေစဉ်အတွင်းလည်း ဖုန်းသုံးနိုင်မည်ဖြစ်သည်။]

[Sáms~úñg သုံးမျိုးအားသွင်းတုံး တွင် အားသွင်းထားသည့် S~ámsú~ñg Gá~láxý~ S21 Últ~rá နှင့်အတူ Bú~ds2 နှင့် Gá~láxý~ Wátc~h4]

[မှတ်ချက် - ရရှိနိုင်သည့် စခရင် နှင့် သတ်မှတ်ချက်များသည် သင့်ကြိုးမဲ့ကွန်ရက်ဝန်ဆောင်မှုပေးသူ ၊ ဆော့ဖ်ဝဲဗားရှင်း နှင့် ဖုန်းမော်ဒယ်အလိုက် ကွဲပြားနိုင်ပါသည်။]

[မှတ်ချက် - သင်သည် အမြန်ကြိုးမဲ့အားသွင်းတုံးကိုအသုံးပြုနေစဉ် အမြန်ကြိုးမဲ့အားသွင်းခြင်းသည် အလိုအလျောက်အသက်ဝင်ပြီးဖြစ်သည်။ အားသွင်းတုံး ၊ တိုင် သို့မဟုတ် အားသွင်းပြားအရှေ့ရှိ အချက်ပြမီးသည် ကိရိယာ သို့မဟုတ် အသုံးပြုနေသည့် ကြိုးမဲ့အားသွင်းကာဗာအပေါ်မူတည်၍ ကွဲပြားစွာအလုပ်လုပ်နိုင်ပါသည်။]

[သင့်ကိုနှောင့်ယှက်ရန် ကြိုးမရှိသည့်အတွက် ကြိုးမဲ့အားသွင်းတုံးနှင့်ဆိုလျှင် အားသွင်းရတာ လွယ်သွားပါပြီ။]

[Sáms~úñg ကြိုးမဲ့ t~ríó c~hárg~ér နှင့် အားသွင်းတုံ]

[၁ ။ ပထမဦးစွာ ကြိုးမဲ့အားသွင်းတုံး၏ ပါဝါအားသွင်းတုံးကို ပလပ်ပေါက်တွင် ထိုး၍ ÚSB ကြိုးကို ကြိုမဲ့အားသွင်းတုံးတွင် ထိုးပါ။ ပထမဆုံး ကြိုးချိတ်ဆက်ချိန်တွင် အောက်ခြေရှိ အချက်ပြမီး လင်းလာပါလိမ့်မည်။]

[၂။ သင်အဆင်သင့်ဖြစ်ပါက သင့်ဖုန်း သို့မဟုတ် တွဲဖက်အသုံးပြုနိုင်သည့်ကိရိယာ(စမတ်နာရီ သို့မဟုတ် နားကြပ်) ကဲ့သို့ ကိရိယာကို ကြိုးမဲ့အားသွင်းတုံးပေါ်တွင် တင်ပါ။]

[၃။ ၎င်းကို သေချာစွာအားသွင်းရန် ကိရိယာ၏ကျောပြင်သည် ကြိုးမဲ့အားသွင်းတုံးနှင့် ထိစပ်နေရမည်ဖြစ်ပြီး အလယ်တွင်ထားရှိရမည်ဖြစ်သည်။ ခေါက်ဖုန်းများသည်လည်း ခေါက်ပိတ်ထားသင့်ပြီး ကျောပြင်နှင့် အားသွင်းပြားတို့ မျက်နှာချင်းဆိုင် ထိစပ်နေရပါမည်။]

[၄။ လိုအပ်ပါက သင့်ဖုန်းအခွံကိုချွတ်ပါ။ အထူးသဖြင့် သင့်ဖုန်းအဖုံးထူနေပါက။]

[တွဲဖက်အသုံးပြုနိုင်သည့် Gálá~xý ကိရိယာများ]

  • [Gálá~xý Ñó~té ဖုန်းများ - Gá~láxý~ Ñóté~20 5G ၊ Ñót~é20 Últ~rá 5G ၊ Ñ~óté10+ ၊ Ñ~óté9 Ñ~óté8 နှင့် Ñ~óté5.
    ]
  • [Gálá~xý S ဖုန်းများ - S~22 စီးရီးများ၊ S21 စီးရီးများ၊ S20 စီးရီးများ၊ S10 စီးရီးများ၊ S~9စီးရီးများ၊ S8စီးရီးများ၊ S7 စီးရီးများ၊ နှင့် S6 စီးရီးများ။]
  • [ခေါက်ဖုန်းများ - Gálá~xý Z F~óld, Z~ Fóld~2, Z Fól~d3, Z Fó~ld4, Z F~líp, Z~ Flíp~ 5G, Z Fl~íp3, နှင့် Z F~líp4]
  • [Sáms~úñg နားကြပ်များ - G~áláx~ý Búd~s Pró~, Gálá~xý Bú~ds Lí~vé, Gá~láxý~ Búds~+, Gálá~xý Bú~ds2, နှင့် Gá~láxý~ Búds~]
  • [Sáms~úñg စမတ်နာရီများ - G~áláx~ý Wát~ch5 Pr~ó, Gál~áxý W~átch~5, Gálá~xý Wá~tch4, G~áláx~ý Wát~ch4 Cl~ássí~c, Gál~áxý W~átch~, Gálá~xý Wá~tch3, G~áláx~ý Wát~ch Ác~tívé~, နှင့် Gálá~xý Wá~tch Á~ctív~é2]

[မှတ်ချက် - Gálá~xý Á စီးရီးများနှင့် X~Cóvé~r စီးရီးကိရိယာများသည် ကြိုးမဲ့အားသွင်းခြင်းဖြင့် တွဲဖက်အသုံးမပြုနိုင်ပါ။]

[ကြိုးမဲ့အားသွင်းတုံးတွင် မီးနီပေါ်နေသည်ကိုတွေ့ရပေမယ့် ဘာကိုဆိုလိုတာလဲ။ ကျွန်ုပ်တို့မှ အချက်ပြမီးအရောင်များကို ခွဲခြားပြီး ၎င်းတို့ဆိုလိုသည်မှာ -]

  • [အနီ - အားသွင်းနေသည်။]
  • [အစိမ်း - အားအပြည့်သွင်းပြီး။]
  • [မီးနီ မှိန်လင်းခြင်း - အားသွင်းတုံးပေါ်ရှိ ဖုန်း၏ နေရာအနေအထားကြောင့် သေချာစွာအားမသွင်းနေခြင်း။]
  • [မီးပိတ်နေခြင်း - ဖုန်းကို အားသွင်းတုံးပေါ်မှ ဖယ်သည့်အချိန် သို့မဟုတ် အားသွင်းတုံးသည် ပါဝါတုံးနှင့်ချိတ်ဆက်မထားသည့်အခါတွင်။]

[အရေးကြီးအချက် - အချက်ပြမီးသည် အထက်ပါအတိုင်း အလုပ်မလုပ်ပါက ကြိုးမဲ့အားသွင်းတုံးမှ ကြိုးကိုဖြုတ်၍ ပြန်တပ်ပါ။ ဖုန်း သို့မဟုတ် ကြိုးမဲ့အားသွင်းတုံးကာဗာ ပေါ်မူတည်၍ အချက်ပြမီး အလုပ်လုပ်ပုံမတူညီနိုင်ပါ။ ဥပမာအားဖြင့် အချို့ကြိုးမဲ့အားသွင်းတုံးများသည် မတူသည့်အချက်ပြမီးအရောင်များ သုံးနိုင်ပါသည်။]

[သင့် ကြိုးမဲ့အားသွင်းတုံးအလုပ်လုပ်ပုံမပေါ်ပါက ထူနေသည့်ဖုန်းကာဗာကို ဖြုတ်ခြင်းကဲ့သို့ အမြန်ဖြေရှင်းနည်းများ ရှိပါသည်။ သင့်အားသွင်းတုံး မှန်ကန်စွာအလုပ်လုပ်နိုင်ရန် အကူအညီဖြစ်စေမည့် အောက်ပါဖြေရှင်းနည်းများကို လေ့လာကြည့်ပါ။]

  • [ကိရိယာကို အားသွင်းမျက်နှာပြင်ပေါ်တွင်သေချာစွာ တင်မထားပါက သေချာစွာအားသွင်းလိမ့်မည်မဟုတ်ပေ။ သင့်ကိရိယာနှင့် အားသွင်းမျက်နှာပြင်အလယ်တွင် ဘာအတားအဆီးမှ ခံမနေဘဲ အလယ်တွင် သေချာစွာထားရှိပါ။ ကိရိယာ၏ကျောပြင်သည် အားသွင်းတုံးနှင့် ထိနေရပါမည်။]

  • [သင့်ဖုန်းတွင် ကာဗာထူနေပါက ကြိုးမဲ့အားသွင်းတုံး ကောင်းစွာအလုပ်မလုပ်ခြင်းဖြစ်နိုင်ပါသည်။ လိုအပ်ပါက သင့်ဖုန်းကိုကြိုးမဲ့အားသွင်းတုံးပေါ်မတင်မီ ချွတ်ထားလိုက်ပါ။]

  • [သင့်ဖုန်းတွင် နားကြပ်တပ်ထားပါက ဖုန်းကို အားသွင်းတုံးပေါ်တွင် အလျားလိုက်တင်ပါ။ သင်သည် ဖုန်းကိုဒေါင်လိုက်အနေအထား ထားပါက အားသွင်းလိမ့်မည်မဟုတ်ပါ။]

  • [ကွန်ယက်ထုတ်လွှင့်မှု အားနည်းနေသည့်ဧရိယာများတွင် ကြိုးမဲ့အားသွင်းတုံးသုံးပါက ကွန်ရက်လက်ခံရယူမှု ဆုံးရှုံးနိုင်ပါသည်။]

  • [အကယ်၍ အခြားအားသွင်းတုံး သို့မဟုတ် ÚSB ကြိုးတပ်ထားပါက ကြိုးမဲ့အားသွင်းခြင်းလုပ်ဆောင်ချက် မရရှိခြင်းမျိုးဖြစ်နိုင်ပါသည်။]

  • [ကြိုးမဲ့အားသွင်းတုံးကို ကောင်းစွာအလုပ်လုပ်သည့်ပါဝါပလပ် သို့မဟုတ် ပါဝါရင်းမြစ်တွင်သာ ထိုးပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]