[သင့်ဒေသနှင့် ဘာသာစကားကို ရွေးချယ်ပါ။]
[Súpp~órt Á~lért~]

[လုံခြုံစိတ်ချရသော ဘက်ထရီအသုံးပြုနည်း]

[ဖုန္း
Áúg 23, 2017]
[အကယ်၍ ဖုန်းဘက်ထရီသည် ပျက်စီးနေပါက (ဥပမာ - ချိုင့်ဝင်နေခြင်း၊ဖောင်းထွက်နေခြင်းများဖြစ်နေပါက) ၄င်းဘက်ထရီအသုံးပြုနေခြင်းကို ချက်ချင်းရပ်ပစ်လိုက်ပြီး Sáms~úñg ဘက်ထရီအစစ်အမှန်ဖြင့် အမြန်ဆုံးလဲလှယ်အသုံးပြုပါရန် အထူးအကြံပြုလိုပါသည်။ အကယ်၍ ပျက်စီးနေသော ဘက်ထရီကို ဆက်လက်အသုံးပြုပါက ဘက်ထရီစွမ်းဆောင်ရည်မကောင်းမွန်ခြင်းနှင့် အချို့ကိစ္စရပ်များတွင် အပူလွန်ခြင်းကြောင့် ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ မီးလောင်/ပေါက်ကွဲခြင်းများအထိဖြစ်ပေါ်စေနိုင်ပါသည်။ ဘက်ထရီပျက်စီးမှုဖြစ်ပေါ်စေနိုင်သော သာဓကအခြေအနေအချို့မှာ အလွန်အကျွံပူပြင်းသောပတ်ဝန်းကျင်တွင် အသုံးပြုခြင်း၊ ဘက်ထရီ အောက်သို့ပြုတ်ကျခြင်း၊ ဘက်ထရီပေါ်သို့ ပြင်ပဖိအားတစ်စုံတစ်ရာသက်ရောက်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များမှကိုက်ဆော့ခြင်း စသည်တို့ဖြစ်ပါသည်။ ဘက်ထရီအပိုများကို အသုံးမပြုသေးပါက ဘူးအမာထဲတွင် ထည့်သွင်းသိမ်းဆည်းပါရန် အကြံပြုလိုပါသည်။
S~ámsú~ñg မှထုတ်လုပ်သော ဘက်ထရီအစစ်အမှန် (သို့) Sá~msúñ~g ထုတ်ကုန်များတွင် အသုံးပြုရန်အတွက် သီးသန့်ထုတ်လုပ်ထားပြီး အရည်အသွေးအာမခံချက်ရရှိထားသော ဘက်ထရီအမျိုးအစားများကိုသာ အသုံးပြုသင့်ပါသည်။ ကိုက်ညီမှုမရှိသော ဘက်ထရီများ၊ ကြိုးများနှင့် အားသွင်းကိရိယာများကို အသုံးပြုပါက လုံခြုံစိတ်ချရမှုမရှိသည့်အပြင် ဖုန်းအား အတွင်းအပြင်ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဘက်ထရီပစ္စည်းအတုအပများကို ရှောင်ရှားနိုင်ရန်အတွက် ယုံကြည်စိတ်ချရသော Sám~súñg~ အသိအမှတ်ပြု အရောင်းဆိုင်များမှသာ ဝယ်ယူကြပါရန် အကြံပြုလိုပါသည်။]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]