[MBR မှတဆင့် ဘက်စုံသုံးရီမုတ်ကို စီစဉ်သတ်မှတ်ပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.12.2020]

[သင့်စမတ်တီဗွီနှင့် ချိတ်ဆက်ထားသော ပြင်ပကိရိယာများအတွက် အဝေးထိန်းခလုတ်မည်မျှ သင့်တွင်ရှိပါသလဲ။ MBR လုပ်ဆောင်ချက်မှတဆင့် ယင်းတို့အားလုံးကို ကိုင်တွယ်ရန်အတွက် အဝေးထိန်းခလုတ်တစ်ခုတည်းကိုသာ သင်လိုအပ်ပါသည်။ M~BR ကပေးထားသော များစွာပို၍ အဆင်ပြေလွယ်ကူသည့် အတွေ့အကြုံကို ခံစားကြည့်လိုက်ပါ။]

[MBR ဆိုတာဘာလဲ။]

[MBR ဆိုသည်မှာ တံဆိပ်မျိုးစုံသုံးရီမုတ် (M~últí~ Bráñ~d Rém~óté) ကို ဆိုလိုခြင်းဖြစ်ပြီး ဘက်စုံသုံးရီမုတ် သို့မဟုတ် ဝမ်းရီမုတ်ဟုလည်း ခေါ်ကြပါသည်။ ဤလုပ်ဆောင်ချက်ကြောင့် သင့်တီဗွီနှင့် ချိတ်ဆက်ထားသော ကိရိယာအမျိုးမျိုးကို အသုံးပြုစဉ်တွင် ရီမုတ်တစ်ခုမှတစ်ခုသို့ ပြောင်းသုံးရခြင်းကို ကင်းဝေးအောင် ပြုလုပ်ပေးမည် ဖြစ်ပါသည်။ S~ámsú~ñg ရီမုတ်တစ်ခုတည်းဖြင့် သင့်အိမ်တွင်းပြဇာတ်ရုံ၊ ဂိမ်းစက်ခုံနှင့် ဘလူးရေးဖွင့်စက်တို့ ကဲ့သို့သော ပြင်ပကိရိယာများ အားလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ပါသည်။]

[တီဗွီအသစ်တစ်လုံးအတွက် ကနဦး MBR စီစဉ်သတ်မှတ်ခြင်း]

[အသစ်စက်စက် Sáms~úñg တီဗွီတစ်လုံးကို သင်ကစီစဉ်သတ်မှတ်ရာတွင် M~BR ကနဦးဆက်တင်အတွက် အဆင့်တစ်ဆင့် ရှိပါသည်။ စခရင်ပေါ်မှ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။ ပြင်ပကိရိယာများကို သိရှိနိုင်စေရန်အတွက် ယင်းတို့အားလုံးကို သင့်တီဗွီနှင့်ချိတ်ဆက်ကာ ဖွင့်ထားပါ။ ပြင်ပကိရိယာများကို သင့်တီဗွီက အလိုအလျောက်သိရှိကာ စာရင်းသွင်းပါလိမ့်မည်။]

[ပြင်ပကိရိယာ အသစ်တစ်ခုအတွက် MBR စီစဉ်သတ်မှတ်ခြင်း]

[စမတ်တီဗွီက ပြင်ပကိရိယာများကို အလိုအလျောက် မသိရှိပါက MBR ကို တီဗွီပေါ်တွင် သင်တိုက်ရိုက် စီစဉ်သတ်မှတ်နိုင်ပါသည်။ M~BR ကို ကိုယ်တိုင်သတ်မှတ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။]

 

[အဆင့် ၁။ Hómé~ ခလုတ်ကိုနှိပ်ပြီးနောက် Sóúr~cé မီနူးပေါ်ရှိ Úñ~ívér~sál R~émót~é ကို ရွေးချယ်ပါ။]

[အဆင့် ၂။ Ñéw D~évíc~é ကိုရွေးချယ်ပါ။]

[အဆင့် ၃။ တီဗွီစခရင်ပေါ်တွင် ကိရိယာအမျိုးအစားကို ရွေးချယ်ပါ။]

[အဆင့် ၄။ စီစဉ်သတ်မှတ်ခြင်း ပြီးစီးစေရန်အတွက် စခရင်ပေါ်မှ လမ်းညွှန်ချက်များကို လိုက်လုပ်ပါ။]

[မှတ်ချက် -]

  • [MBR လုပ်ဆောင်ချက်ကို ဘလူးတုရီမုတ်ဖြင့်သာ ပံ့ပိုးပေးထားပါသည်။ သို့ရာတွင် ၂၀၁၉ မော်ဒယ်မှစတင်၍ ဘလူးတုရီမုတ် မဟုတ်လျှင်ပင် M~BR လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားပါသည်။]
  • [တီဗွီနှင့်ချိတ်ဆက်ထားသည့် အချို့သော ပြင်ပကိရိယာများသည် MBR လုပ်ဆောင်ချက်ကို မပံ့ပိုးခြင်း ရှိနိုင်ပါသည်။]
  • [ပြင်ပကိရိယာ သို့မဟုတ် သင့်တီဗွီ၏ လိုဂိုရှေ့တွင် မည်သည့်အတားအဆီးမျှမရှိကြောင်း သေချာအောင်လုပ်ထားပါ။ ယင်းသည် ဆစ်ဂနယ်ပြဿနာများကို ဖြစ်စေနိုင်ပါသည်။]
  • [ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]