[Sáms~úñg စမတ်တီဗွီပေါ်တွင် အလုပ်မလုပ်သော အက်ပ်များအတွက် ဖြေရှင်းပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.12.2020]

[သင့် Sáms~úñg စမတ်တီဗွီတွင် ကောင်းစွာအလုပ်မလုပ်သော အက်ပ်တစ်ခုရှိပါက အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။]

[နည်းလမ်း ၁။ တီဗွီကို အနုစား ပြန်လည်သတ်မှတ်မှု ပြုလုပ်ပါ]

[အနုစား ပြန်လည်သတ်မှတ်မှု ပြုလုပ်ပါက တီဗွီကို စတန်းဘိုင်ပုံစံတွင် ထားရှိခြင်းမပြုတော့ဘဲ လုံးဝပိတ်ချလိုက်ကာ ပြန်ဖွင့်ပေးပါသည်။ အက်ပ်များနှင့် ပတ်သက်၍ သင့်တွင်ရှိနေနိုင်သော ပြဿနာများကို ယင်းက ဖြေရှင်းပေးနိုင်ပါသည်။ သင့်တီဗွီကို အနုစား ပြန်လည်သတ်မှတ်မှု ပြုလုပ်ရန် နည်းလမ်းနှစ်ခု ရှိပါသည်။]

  • [တီဗွီပိတ်သွားကာ ပြန်ပွင့်လာသည်အထိ အဝေးထိန်းခလုတ်ပေါ်ရှိ ပါဝါခလုတ်ကို ဖိနှိပ်ထားပါ။ ယင်းသည် ၅ စက္ကန့်မျှသာ ကြာသင့်ပါသည်။] 
  • [သင့်တီဗွီအား စက္ကန့် ၃၀ ကြာအောင် ပါဝါပလပ်ဖြုတ်ပြီးနောက် ပြန်တပ်ပါ။]

[နည်းလမ်း ၂။ ဆော့ဖ်ဝဲအပ်ဒိတ်များကို စစ်ဆေးပါ]

[ဆော့ဖ်ဝဲအပ်ဒိတ်များတွင် သင့်ကိရိယာအတွက် အမှားနှင့် လုံခြုံရေး ပြင်ဆင်ချက်များ ပါရှိပါသည်။ ချို့ယွင်းမှုများကို ကာကွယ်ရန်အတွက် သင့်တီဗွီ၏ ဆော့ဖ်ဝဲကို နောက်ဆုံးထွက်ဖြစ်အောင် ပြုလုပ်ထားပါ။]

[အဆင့် ၁။ Hómé~ ခလုတ်ကိုနှိပ်ကာ ဆက်တင်သို့သွားပါ။]

[ဆော့ဖ်ဝဲအပ်ဒိတ် အဆင့် ၁]

[အဆင့် ၂။ ပံ့ပိုးမှုသို့သွားပြီးနောက် ဆော့ဖ်ဝဲအပ်ဒိတ်ကို ရွေးချယ်ပါ။]

[ဆော့ဖ်ဝဲအပ်ဒိတ် အဆင့် ၂]

[အဆင့် ၃။ သင့်တီဗွီကို စတင်အပ်ဒိတ်လုပ်ရန်အတွက် ယခုပင် အပ်ဒိတ်လုပ်မည်ကို နှိပ်ပါ။]

[ဆော့ဖ်ဝဲအပ်ဒိတ် အဆင့် ၃]

[ဤနည်းလမ်းသည် ပြဿနာများကို ဖြစ်စေသည့် ဟောင်းနွမ်းပြီး အသုံးမဝင်သော အချက်အလက်များကို ဖယ်ရှားကာ အချက်အလက်အသစ်များဖြင့် အစားထိုးပါသည်။] 

[အဆင့် ၁။ Hómé~ ခလုတ်ကို နှိပ်ကာ Ápps~ သို့သွားပါ။]

[အက်ပ်များကို ပြန်လည်ထည့်သွင်းပါ အဆင့် ၁]

[အဆင့် ၂။ ဆက်တင်သို့ သွားပါ။] 

[အက်ပ်များကို ပြန်လည်ထည့်သွင်းပါ အဆင့် ၂]

[အဆင့် ၃။ အက်ပ်သို့သွားပြီးနောက် ဖျက်မည်ကို ရွေးချယ်ပါ။] 

[အက်ပ်များကို ပြန်လည်ထည့်သွင်းပါ အဆင့် ၃]

[မှတ်ချက် - ဖျက်မည်သည် အရောင်မှိန်နေပါက ယင်းသည် ညွှန်းထားသော အက်ပ်တစ်ခု ဖြစ်ပါသည်။ ဖျက်မည့်အစား ပြန်လည်ထည့်သွင်းမည်ကို ရွေးချယ်ပါ။]

[အဆင့် ၄။ သင့်အဝေးထိန်းခလုတ်ပေါ်ရှိ rétú~rñ ခလုတ်ကိုနှိပ်ကာ ရှာဖွေမည် အိုင်ကွန်ကို ရွေးချယ်ပါ။]

[အက်ပ်များကို ပြန်လည်ထည့်သွင်းပါ အဆင့် ၄]

[အဆင့် ၅။ အက်ပ်၏အမည်ကို ထည့်ကာ ထည့်သွင်းပါ။] 

[မှတ်ချက် - အက်ပ်တစ်ခုကို မဖျက်မီ သို့မဟုတ် ပြန်လည်မထည့်သွင်းမီတွင် သင့်တွင် အကောင့်ဝင်ရန် သတင်းအချက်အလက်ရှိထားကြောင်း သေချာအောင် ပြုလုပ်ပါ။ ဤအဆင့်များကို ပြုလုပ်ပါက သင့်အကောင့်ကို ထွက်သွားစေမည် ဖြစ်သောကြောင့် ပြန်လည်အကောင့်ဝင်ရန် လိုအပ်ပါမည်။]

[Smár~t Húb~ အား ပြန်လည်သတ်မှတ်ပါက သင်ပြင်ဆင်လိုသော အက်ပ်ကိုသာမက သင့်စမတ်တီဗွီပေါ်တွင် သင်အသုံးပြုသော အက်ပ်တိုင်းမှ သင့်အကောင့်ကိုထွက်စေမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြန်လည်သတ်မှတ်မှုကို မပြုလုပ်မီတွင် သင့်အကောင့်များ အားလုံးအတွက် လက်ရှိအကောင့်ဝင်ရန် သတင်းအချက်အလက်ကို ရှိထားကြောင်း သေချာအောင် ပြုလုပ်ပါ။]

  • [၂၀၂၀ နောက်ပိုင်း မော်ဒယ်များ - ဆက်တင် > ပံ့ပိုးမှု > ပြုပြင်စောင့်ရှောက်မှု > ကိုယ်တိုင် အဖြေရှာခြင်း > Smár~t Húb~ ကို ပြန်သတ်မှတ်မည်]
  • [၂၀၂၀ မတိုင်မီ မော်ဒယ်များ - ဆက်တင် > ပံ့ပိုးမှု > ကိုယ်တိုင် အဖြေရှာခြင်း > Smár~t Húb~ ကို ပြန်သတ်မှတ်မည်။]

[မှတ်ချက်]

  • [မူလ PÍÑ နံပါတ်မှာ 0000 ဖြစ်ပါသည်။]
  • [ပြန်လည်သတ်မှတ်ပြီးနောက်တွင် အက်ပ်ကို ဒေါင်းလုဒ်ပြန်ဆွဲရန် လိုအပ်ခြင်း ရှိနိုင်ပါသည်။]

[မှတ်ချက် - ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]