[Sáms~úñg တီဗွီ ပါဝါမပွင့်ခြင်းအား ဖြေရှင်းချက်များ။]
[သင့်ရဲ့တီဗွီ အလိုအလျောက်ပိတ်သွားခဲ့ပါက ဖြစ်နိုင်ချေအမျိုးမျိုး ရှိပါတယ်။ အလိုအလျောက် တီဗွီပိတ်သွားစေတဲ့ ယေဘူယျအကြောင်းအရင်းတွေကတော့ ဆက်တင်နှင့် တီဗွီအတွက်ချိတ်ဆက်ထားသော ပြင်ပပစ္စည်းများကြောင့်ပါ။]
[နည်းလမ်း (၁) - တီဗွီကို စက္ကန့် ၃၀ ကြာအောင် ပလပ်ဖြုတ်ထားလိုက်ပါ။]
[တီဗွီကို စက္ကန့် ၃၀ ကြာအောင် ပလပ်ဖြုတ်ထားပါ။ ပလပ်ပြန်တပ်သောအချိန်တွင် ကောင်းမွန်စွာအလုပ်လုပ်သော ပလပ်ပေါက်တွင်သာ တပ်ဆင်ပါ။ ထိုအရာကို " ရိုးရှင်းစွာပြန်စတင်ခြင်း " ဟုခေါ်ပြီး တီဗွီကိုပြန်လည် ချိန်ညှိပေးပါလိမ့်မည်။]
[နည်းလမ်း (၂) - သင်၏ တီဗွီ ဆက်တင် အားစစ်ဆေးပါ။]
[Écó S~ólút~íóñ ဆက်တင်]
[Écó S~ólút~íóñ အင်္ဂါရပ်သည် အဝင်လိုင်းများ အချိန်ကြာမြင့်စွာ ပြတ်တောက်သွားသည့်အခါတွင် တီဗွီအား အလိုအလျောက်ပိတ်ပေးသည်။]
[(ဆက်တင် -> ယေဘူယျ -> Écó S~ólút~íóñ -> အလိုအလျောက် ပါဝါပိတ်ခြင်း -> ပိတ်ပေးလိုက်ပါ)]
[အိပ်စက်ချိန်သတ်မှတ်ခြင်း ဆက်တင်]
[အိပ်စက်ချိန်သတ်မှတ်ထားသော အချိန်တစ်ခုသို့ရောက်သောအခါ တီဗွီပိတ်သွားသည်။]
[(ဆက်တင် -> ယေဘူယျ -> စနစ်မန်နေဂျာ -> အချိန် -> အိပ်စက်ချိန်သတ်မှတ်ခြင်း -> ပိတ်ပေးလိုက်ပါ)]
[ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ခြင်း]
[သင့်တီဗွီ၏ဆော့ဖ်ဝဲကို နောက်ဆုံးထိမြှင့်တင်ထားပါ။]
[(ဆက်တင် -> ထောက်ပံ့ခြင်း -> ဆော့ဖ်ဝဲအဆင့်မြှင့်တင်ခြင်း -> အဆင့်မြှင့်လိုက်ပါ)]
[နည်းလမ်း (၃) - သင်၏ချိတ်ဆက်မှုများအား စစ်ဆေးပါ။]
- [သင်၏တီဗွီတွင် လိုင်းဖမ်းစက်၊ ဂိမ်းစက်၊ ကွန်ပြူတာ၊ သို့မဟုတ် အခြားသော ပစ္စည်းများနှင့် ချိတ်ဆက်ထားပါက ထိုပြင်ပပစ္စည်းများ၏ ပါဝါကြိုးများကိုဖြုတ်ပြီး ပြန်လည်တပ်ဆင်ပေးပါ။ သင့်တီဗွီနှင့်ချိတ်ဆက်ထားသော ပစ္စည်းပိတ်သွားလျှင် တီဗွီလည်းလာတော့မည်မဟုတ်ပါ။]
- [တီဗွီနှင့်ချိတ်ဆက်ထားသော ပြင်ပပစ္စည်းများမရှိတော့လျှင် တီဗွီလိုင်းအားရွေးချယ်ပေးပါ။ (ဆက်တင် -> လိုင်းများ -> တီဗွီ)]
- [HDMÍ~ ကြိုးများကိုကောင်းမကောင်းစစ်ပါ။ HDMÍ~ ကြိုးများသာမကောင်းပါက တီဗွီလာမည်မဟုတ်ပါ (သို့မဟုတ်) လိုင်းပြတ်တောက်နေနိုင်ပါသည်။]
[မှတ်ချက်]
- [ပြထားသော စခရင်ရှော့နှင့် ရွေးချယ်စရာများမှာ အင်္ဂလိပ်လိုရေးသားထားသော နမူနာသာဖြစ်သည်။ သင့်နိုင်ငံတွင်အသုံးပြုသော ဘာသာစကားကိုရွေးချယ်နိုင်သည်။]
- [အပေါ်မှာပြထားသော နည်းလမ်းများအား အသုံးပြုပြီးတာတောင် သင့်တီဗွီနှင့်ပက်သက်ပြီး ပြဿနာရှိနေသေးတယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များဆီမှ အကူအညီတောင်းခံရန်အတွက် Sáms~úñg S~érví~cé Cé~ñtér~ သို့ဆက်သွယ်လိုက်ပါ။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]