[အလိုအလျောက်ပွင့်လာသည့် တီဗွီတစ်လုံးအား ဖြေရှင်းပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 07.12.2020]

[တီဗွီတစ်လုံး အလိုအလျောက်ပွင့်လာခြင်း၏ ယေဘူယျအကြောင်းအရင်းများကတော့ ထိန်းချုပ်ရီမု၏ ပါဝါခလုတ်နားတွင် ပြင်ပအရာတစ်ခုခုရှိနေခြင်း၊ တီဗွီနှင့်ချိတ်ဆက်ထားသော ပစ္စည်းများရှိနေခြင်းနှင့် သင်ရွေးချယ်ထားသော ဆက်တင်တို့ကြောင့်ဖြစ်သည်။ ပါဝါခလုတ်ကပ်နေလျှင် ထိန်းချုပ်ရီမုအား သန့်ရှင်းရေးလုပ်ပါ။ ပြင်ပချိတ်ဆက်မှုများရှိနေခဲ့လျှင်တော့ အောက်ပါနည်းလမ်းများကိုသုံးပါ။]

[လုပ်ဆောင်မှုမှတ်တမ်း အား စစ်ဆေးပါ။]

[အလိုအလျောက်ပါဝါပွင့်ခြင်းက တစ်ခါတစ်ရံမှာ ပြင်ပထိန်းချုပ်ရေးကိရိယာများကြောင့်ဖြစ်တတ်ပါသည်။ ထို့ကြောင့် တီဗွီ၏ လုပ်ငန်းမှတ်တမ်းကိုပြန်ကြည့်လျှင် တီဗွီအလိုအလျောက်ပွင့်ရခြင်း၏ အကြောင်းအရင်းကိုသိနိုင်ပါသည်။]

[အဆင့် (၁) မီနူးကိုနှိပ်ပြီး ထောက်ပံ့မှုကိုရွေးချယ်ပါ။]

[တီဗွီ ထောက်ပံ့မှု မီနူး]

[အဆင့် (၂) တီဗွီအကြောင်း ကိုရွေးချယ်ပြီး မှတ်တမ်းအားကြည့်ရှုပါ။]

[တီဗွီအကြောင်း မီနူး]

[မှတ်ချက် - တီဗွီအကြောင်းမီနူးသည် ၂၀၁၉ခုနှစ်နှင့် နောက်ပိုင်းထွက်ရှိသော ထုတ်ကုန်များတွင်သာပါရှိသည်။]

[၁။ " ပါဝါပွင့်ရသည့်အကြောင်းအရင်း " ကို မှတ်တမ်းတွင်မြင်ရမည်။]

[မှတ်တမ်းတွင် ပါဝါပွင့်ရသည့်အကြောင်းအရင်း ရှိပါက တီဗွီပွင့်နေရခြင်း၏ အကြောင်းအရင်းကိုသိနိုင်မည်ဖြစ်သည်။ သင့်၏တီဗွီကို မိုဘိုင်းအက်ပ်များ၊ ဆင်ဆာစနစ်များ၊ ဘလူးတုချ်နှင့် အသံစနစ်တို့ဖြင့် ပါဝါဖွင့်နိုင်သည်။ တီဗွီကိုခိုင်းစေနေသော ထိုအရာများအား ရပ်တန့်ခြင်း ဖြတ်တောက်ခြင်းတို့ဖြင့် အဆင်မပြေမှုအား ဖြေရှင်းနိုင်ပါသည်။]

[ပါဝါပွင့်ရသည့်အကြောင်းအရင်းအား စစ်ဆေးခြင်း။]
  • YouTube [- ÝóúT~úbé သို့မဟုတ် S~márt~ Thíñ~gs တို့ကဲ့သို့သော ပစ္စည်းတစ်မျိုးအတွင်းရှိ အက်ပ်တို့ကို ÁP~ တစ်ခုတည်းတွင် ချိတ်ဆက်ထားသောအခါတွင်လည်း တီဗွီပွင့်လာစေပါသည်။]
  • [Séñs~ór - Ám~bíéñ~t Mód~é တွင်ထားသော အလင်းအာရုံစနစ်အရ ထောက်လှမ်းမိပြီး တီဗွီပွင့်လာစေပါသည်။]
  • [VÓL - é~Mác (M~ágíc~ Póck~ét) လုပ်ငန်းစဉ်ကြောင့် ပွင့်လာစေပါသည်။]
  • [BLÉ - ဘလူးတုချ်ကိရိယာတစ်ခု၏ နိုးထခြင်းလုပ်ငန်းစဉ်ကြောင့် ပွင့်လာစေပါသည်။]

[" မှတ်တမ်းတွင်ပေါ်နေသော " CÉC အမိန့် "]

[CÉC လုပ်ငန်းစဉ်ဖွင့်ထားပြီး H~DMÍ ဖြင့်ချိတ်ဆက်ထားသော ပစ္စည်းများကို ရီမုတစ်ခုတည်းမှ ထိန်းချုပ်နိုင်သည်။ H~DMÍ ပစ္စည်းတစ်ခုလုပ်ငန်းစသောအခါ တီဗွီကိုပွင့်လာစေပါသည်။ ထိုလုပ်ငန်းစဉ်ကို ပိတ်သိမ်းခြင်းဖြင့် ယခုပြဿနာအားဖြေရှင်းနိုင်ပါသည်။]

[ပင်မ -> ဆက်တင် -> ယေဘူယျ -> ပြင်ပပစ္စည်းမန်နေဂျာ -> Áñýñ~ét + (HD~MÍ-CÉ~C)]

[CÉC အမိန့်စစ်ဆေးမှု]

[မှတ်တမ်းတွင်ပေါ်နေသည့် " မမြင်ရသောချိတ်ဆက်မှုတစ်ခု "]

[တစ်ခါတစ်ရံမှာ သင်၏ချိတ်ဆက်မှုအားနည်းနေသောအခါ တီဗွီအလိုအလျောက် ပိတ်၊ပွင့်ခြင်းကိုဖြစ်စေနိုင်သည်။ (ÁÓC T~ílt) ထိုကဲ့သို့သောဖြစ်စဉ်များတွင် တီဗွီနှင့် Ó~CB တို့ချိတ်ဆက်ထားသော ကြိုးအားလုံးကိုစစ်ဆေးပေးပါ။]

[မမြင်ရသောချိတ်ဆက်မှုတစ်ခု အား စစ်ဆေးခြင်း]

[တီဗွီအား မူလဆက်တင်သို့ ပြန်လည်သတ်မှတ်ခြင်း]

[အထက်ဖော်ပြပါနည်းလမ်းများ အလုပ်မဖြစ်သောအခါ စက်ရုံသုံးပြင်ဆင်ချက်ဖြင့် တီဗွီ၏မူလဆက်တင်သို့ ပြန်လည်သတ်မှတ်လို့ရနိုင်ပါသေးသည်။]

[ပင်မ -> ဆက်တင် -> ယေဘူယျ -> ပြန်လည်သတ်မှတ်ခြင်း]

[မှတ်ချက်]

  • [ပြထားသော စခရင်ရှော့နှင့် ရွေးချယ်စရာများမှာ အင်္ဂလိပ်လိုရေးသားထားသော နမူနာသာဖြစ်သည်။ သင့်နိုင်ငံတွင်အသုံးပြုသော ဘာသာစကားကိုရွေးချယ်နိုင်သည်။]
  • [အပေါ်မှာပြထားသော နည်းလမ်းများအား အသုံးပြုပြီးတာတောင် သင့်တီဗွီနှင့်ပက်သက်ပြီး ပြဿနာရှိနေသေးတယ်ဆိုရင် ကျွမ်းကျင်ပညာရှင်များဆီမှ အကူအညီတောင်းခံရန်အတွက် Sáms~úñg S~érví~cé Cé~ñtér~ သို့ဆက်သွယ်လိုက်ပါ။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]