[ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုကို အသုံးပြု၍ Sáms~úñg တီဗွီ၏ဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ပုံ]
[သင့်တီဗွီ၏ ဖန်းမ်ဝဲကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ရန် အလွန်အရေးကြီးပါသည်။ သင့်တီဗွီကို ယူအက်စ်ဘီဒရိုက်ဗ် သို့မဟုတ် ကွန်ရက်တစ်ခုမှတဆင့် အပ်ဒိတ်လုပ်နိုင်ပါသည်။ ယင်းနည်းလမ်းနှစ်ခုလုံး မသုံးနိုင်လျှင်ပင် အဝေးမှစီမံခန့်ခွဲမှုကို အသုံးပြုနိုင်မည့် နည်းလမ်းတစ်ခုလည်း ပါရှိသေးသည်။ ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုမှတဆင့် တီဗွီဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ရန်အတွက် အောက်ပါလမ်းညွှန်အတိုင်း လိုက်လုပ်ပါ။]
[ဖန်းမ်ဝဲကို အပ်ဒိတ်ဖြစ်နေအောင် ပြုလုပ်ထားပါ]
[သင့်တီဗွီ၏ဖန်းမ်ဝဲကို အပ်ဒိတ်လုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးအချို့ ရှိပါသည်။ ပထမဆုံးနှင့် ရှေးဦးစွာ အသစ်ထွက်သော လုပ်ဆောင်ချက်များကို သင့်တီဗွီတွင် ထည့်သွင်းနိုင်ပါသည်။ သင့်တီဗွီက နောက်ဆုံးထွက်မော်ဒယ် မဟုတ်စေကာမူ ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်းဖြင့် နောက်ဆုံးထွက် လုပ်ဆောင်ချက်များကို သင်အသုံးပြုနိုင်ပါသည်။ ယင်းသည် ကုဒ်အမှားများစွာကိုလည်း ပြင်ဆင်ပေးနိုင်ပါသည်။ ဖန်းမ်ဝဲအသစ်တွင် သင့်ပြဿနာအတွက် ဖြေရှင်းချက်တစ်ခု ပါဝင်ခြင်းရှိနိုင်ပါသည်။]
[မှတ်ချက် - တီဗွီအများစုသည် နှစ်နှစ်ခန့်ကြာသည်အထိ လုပ်ဆောင်ချက်အသစ်များကိုပေးသော အပ်ဒိတ်များကို ရရှိပါမည်။ ယင်းနောက်ပိုင်း ရရှိသောအပ်ဒိတ်များမှာ ယေဘုယျအားဖြင့် ပြဿနာများကို ဖြေရှင်းရန်အတွက် ဖြစ်ပါသည်။]
[ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုကို အသုံးပြု၍ အပ်ဒိတ်လုပ်ပုံ]
[သင့်တီဗွီကို အင်တာနက်နှင့် ချိတ်ဆက်မထားပါက ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုမှတဆင့် သင့်တီဗွီကိုအပ်ဒိတ်လုပ်ရန်မှာ စိတ်ကူးကောင်းတစ်ခု ဖြစ်ပါသည်။ ယင်းအတွက် သင့်တွင် ယူအက်စ်ဘီဒရိုက်ဗ်တစ်ခုနှင့် အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံးတို့ လိုအပ်မည်ဖြစ်ပါသည်။ အောက်ပါအဆင့်များကို စမ်းကြည့်ပါ။]
[အဆင့် ၁။ Sáms~úñg ပံ့ပိုးရေးဝဘ်ဆိုက်တွင် သင့်တီဗွီ၏မော်ဒယ်ကုဒ်ကို ရှာဖွေပြီးနောက် အဆင့်မြှင့်ရန်ဖိုင်ကို ဒေါင်းလုဒ်ဆွဲပါ။
]
[အဆင့် ၂။ ရလာသည့်အရာများကို ဇစ်ပ်ဖွင့်ကာ သင့်ယူအက်စ်ဘီဒရိုက်ဗ်တွင် သိမ်းဆည်းပါ။]
[မှတ်ချက် - အပ်ဒိတ်ဖိုင်ကို တီဗွီကရှာတွေ့နိုင်စေရန်အတွက် ယူအက်စ်ဘီဒရိုက်ဗ်၏ ပင်မနေရာတွင် သိမ်းဆည်းပါ။]
[အဆင့် ၃။ ယူအက်စ်ဘီဒရိုက်ဗ်ကို သင့်တီဗွီရှိ ယူအက်စ်ဘီပေါက်တွင် ထည့်သွင်းပါ။]
[အဆင့် ၄။ ဖန်းမ်ဝဲအပ်ဒိတ်လုပ်ခြင်းကို အလိုအလျောက် စတင်ပါမည်။]
[မှတ်ချက်-]
- [အပ်ဒိတ်လုပ်နေစဉ်အတွင်း တီဗွီကိုပိတ်လိုက်ခြင်း၊ ပါဝါကိုပိတ်လိုက်ခြင်း သို့မဟုတ် ယူအက်စ်ဘီဒရိုက်ဗ်ကို ဖြုတ်လိုက်ခြင်း မပြုပါနှင့်။ ယင်းသည် ဖန်းမ်ဝဲချို့ယွင်းချက်တစ်ခုကို ဖြစ်စေနိုင်ပါသည်။]
- [Súpp~órt m~éñú > Á~bóút~ thís~ TV သို့မဟုတ် တီဗွီ၏နောက်ဖက်တွင် မော်ဒယ်ကုဒ်ကို ရှာဖွေနိုင်ပါသည်။]
- [ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]