[Sáms~úñg Q~LÉD တီဗွီများ၏ Í~ñtél~lígé~ñt Mó~dé ကို အသုံးပြုပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 30.09.2020]

[စမတ်တီဗွီများသည် အချိန်နှင့်အမျှ ပိုမိုစမတ်ကျလာကြပါသည်။ Íñté~llíg~éñt M~ódé တွင် သင့်အားပြီးပြည့်စုံသော ကြည့်ရှုမှုအတွေ့အကြုံကို ပေးနိုင်ရန်အတွက် သင့်တီဗွီသည် အခန်းအတွင်းရှိ ယင်း၏နေရာကို သိရှိနိုင်ကာ သင့်အသုံးပြုမှုပုံစံများကို စောင့်ကြည့်နိုင်စေပါသည်။]

[Íñté~llíg~éñt M~ódé ၏ လုပ်ဆောင်ချက်များ]

[Íñté~llíg~éñt m~ódé တွင် သင်ကြည့်သည့်အကြောင်းအရာများ၊ အသုံးပြုမှု ပုံစံများနှင့် သင့်တီဗွီအနီး ပတ်ဝန်းကျင်တို့ကို သိရှိစေခြင်းဖြင့် သင့်ကြည့်ရှုမှုအတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါသည်။ Á~Í နည်းပညာကြောင့် သင်က နေသာသောမနက်ခင်းတွင် အက်ရှင်ဇာတ်ကားကို ကြည့်နေသည်ဖြစ်စေ၊ အမှောင်ထဲတွင် ကြောက်စရာဇာတ်ကားကို ကြည့်နေသည်ဖြစ်စေ Íñt~éllí~géñt~ módé~ တွင် သင့်ဆက်တင်များကို အလိုအလျောက် ချိန်ညှိပေးမည် ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း Íñté~llíg~éñt m~ódé တွင် ရွေးချယ်စရာလေးမျိုး ရှိပါသည်။]

  • [Ádáp~tívé~ Píct~úré - သင့်အခန်းနှင့် ကြည့်ရှုသည့်အရာ၏ အလင်းရောင်အဆင့်ပေါ် မူတည်၍ တောက်ပမှုကို အကောင်းဆုံးဖြစ်စေကာ အကောင်းဆုံးရုပ်ပုံအရည်အသွေးကို အချိန်နှင့်တပြေးညီ ပေးပါသည်။]
  • [Ádáp~tívé~ Vóíc~é Ámp~lífí~ér - ဝန်းကျင်ရှိဆူညံသံများကို စိစစ်ကာ ဆူညံသံအပေါ်မူတည်၍ အကောင်းဆုံး အသံကိုပေးပါသည်။]
  • [Ádáp~tívé~ Sóúñ~d+ - ကြည့်ရှုသည့်နေရာ အကျယ်အဝန်းနှင့် အကြောင်းအရာ၏ အသံနှင့်ဆိုင်သော အစိတ်အပိုင်းများကို စိစစ်ခြင်းဖြင့် အကောင်းဆုံး အသံအရည်အသွေးကို ပေးပါသည်။]
  • [Ádáp~tívé~ Vólú~mé - အချိန်ပိုင်းအလိုက် သင့်အသံအတိုးအကျယ် အသုံးပြုမှုမှတ်တမ်းကို စိစစ်ခြင်းဖြင့် အက်ပ်တစ်ခုအား သင်သုံးစွဲသည့်အခါ သို့မဟုတ် ပြင်ပအဝင်ရင်းမြစ်တစ်ခုသို့ သင်ပြောင်းသည့်အခါတို့တွင် အသံအတိုးအကျယ်ကို အလိုအလျောက် ချိန်ညှိပေးပါသည်။]

[မှတ်ချက် -]

  • [Ádáp~tívé~ Píct~úré မှလွဲ၍ ဤရွေးချယ်စရာများကို တီဗွီ၏အသံအထွက်အဖြစ် တီဗွီစပီကာကို သတ်မှတ်ထားမှသာလျှင် အသုံးပြုနိုင်ပါသည်။]
  • [အသံအတိုးအကျယ်နှင့် စခရင်တောက်ပမှုတို့ကို ပတ်ဝန်းကျင်ဆူညံသံနှင့် အလင်းရောင်အပေါ် မူတည်၍ ချိန်ညှိနိုင်ပါသည်။ ယင်းကိုအလိုမရှိပါက ပိတ်ထားလိုက်ရုံသာ ဖြစ်ပါသည်။]

[Íñté~llíg~éñt M~ódé အား စီစဉ်သတ်မှတ်ပုံ]

[Íñté~llíg~éñt M~ódé ၏ လုပ်ဆောင်ချက်တစ်ခုစီကို အဖွင့်အပိတ် ပြုလုပ်နိုင်ပါသည်။ သင့်တီဗွီပေါ်ရှိ Í~ñtél~lígé~ñt Mó~dé ကို သတ်မှတ်ရန်အတွက် အောက်ပါအဆင့်များကို လိုက်လုပ်ပါ။]

 

[အဆင့် ၁။ သင့်အဝေးထိန်းခလုတ်ပေါ်ရှိ Hómé~ ခလုတ်ကိုနှိပ်ပြီးနောက် Sétt~íñgs~ ကို ရွေးချယ်ပါ။]

[အဆင့် ၂။ Géñé~rál သို့ဆင်းကာ Í~ñtél~lígé~ñt Mó~dé Sé~ttíñ~gs ကို ရွေးချယ်ပါ။]

[အဆင့် ၃။ သင်အသုံးပြုလိုသော အရာများကို ရွေးချယ်ပါ။
]

 

[မှတ်ချက် -]

  • [Íñté~llíg~éñt M~ódé ကို (Q~6 စီးရီးမှလွဲ၍) QLÉD~ တီဗွီ၊ Thé F~rámé~၊ Thé S~éríf~ နှင့် Thé S~éró တို့တွင်သာ ပံ့ပိုးပေးထားပါသည်။]
  • [အာရုံခံဆင်ဆာ၏ရှေ့တွင် အတားအဆီးများမရှိအောင် သေချာပြုလုပ်ထားပါ။ ယင်းသည် တီဗွီ၏ အရှေ့ပိုင်း အောက်ဖက်ခြမ်းတွင် ပါလေ့ရှိပါသည်။]
  • [ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]