[Séró~ အား အတည့်ပုံစံဖြင့် အသုံးပြုပုံ]

[နောက်ဆုံး ပြုပြင်သည့်ရက်စွဲ : 16.12.2020]

[Sáms~úñg T~hé Sé~ró တီဗွီတွင် သင့်မိုဘိုင်းလ်ပေါ်ရှိ အရာများကို ကောင်းစွာကြည့်နိုင်ရန်အတွက် အတည့်ပုံစံကိုပေးထားပြီး အတည့်ပုံစံ အကြောင်းအရာမျိုုးစုံဖြင့် အခန်းဝန်းကျင်ကိုလည်း ပြောင်းပေးပါသည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း အတည့်ပုံစံကို အသုံးပြုခြင်းအတွက် အသေးစိတ်လမ်းညွှန်တစ်ခု ကျွန်ုပ်တို့ထံတွင် ရှိပါသည်။]

[အလျားလိုက်ပုံစံမှ အတည့်ပုံစံသို့ ပြောင်းပါ]

[Thé S~éró ကို အလျားလိုက်မှ အတည့်သို့ပြောင်းရန် နည်းလမ်းသုံးခု ရှိပါသည်။ ပါဝင်သောရီမုတ်၊ B~íxbý~ Vóíc~é တို့ကို သုံးနိုင်သလို Thé~ Séró~ နှင့်ချိတ်ဆက်ထားသော Smár~tThí~ñgs အက်ပ်ကိုလည်း အသုံးပြုနိုင်ပါသည်။ နည်းလမ်းသုံးမျိုးအနက် သင်နှင့်အကိုက်ညီဆုံးကို ရွေးချယ်ကာ စမ်းကြည့်လိုက်ပါ။]

  • [နည်းလမ်း ၁။ Sáms~úñg စမတ်ရီမုတ်တွင် r~ótát~é ခလုတ်ကိုနှိပ်ပါ။
    ]
  • [နည်းလမ်း ၂။ Sáms~úñg စမတ်ရီမုတ်တွင် B~íxbý~ ခလုတ်ကိုနှိပ်ပြီး "Pórt~ráít~ Módé~" သို့မဟုတ် "Rótá~té vé~rtíc~állý~" ဟုပြောပါ။
    ]
  • [နည်းလမ်း ၃။ Smár~tThí~ñgs အက်ပ်တွင် T~hé Sé~ró ကို ရွေးကာ TV~ Cóñt~ról ကိုနှိပ်ပြီးနောက် r~ótát~é ခလုတ်ကိုနှိပ်ပါ။]

[မှတ်ချက် - စခရင်ကို အလျားလိုက်မှ အတည့်ပုံစံသို့ ပြောင်းလိုက်သောအခါ ဖော်ပြသည့်အခါကို အလယ်တွင်ပြကာ အရွယ်အစားမှာ အရွယ်အစားအချိုးအပေါ် မူတည်၍ ပြောင်းလဲပါသည်။]

[အတည့်ပုံစံတွင် ဖော်ပြသည့်အရာများကို သတ်မှတ်ပုံ]

[အတည့်ပုံစံအတွက် ဖော်ပြသည့်အရာ အမျိုးအစားများစွာကို ရွေးချယ်နိုင်ပါသည် - နာရီ၊ ပိုစတာ၊ ကျွန်ုပ်၏ဓာတ်ပုံ၊ စီနီမာဂရပ်ဖ်နှင့် အသံနံရံ။ ယင်းလုပ်ဆောင်ချက်များသည် Thé S~éró ကို သင့်နေရာနှင့် ချောမွေ့စွာ ပေါင်းစပ်ပေးမည် ဖြစ်ပါသည်။ ပုံစံငါးမျိုးအနက် တစ်မျိုးဖြင့် အခန်း၏ဝန်းကျင်ကို ပြောင်းလဲနိုင်ပါသည်။
]

[အဝေးထိန်းခလုတ်ကို အသုံးပြုခြင်း]

[အဆင့် ၁။ အတည့်ပုံစံအတွက်သာပြသော အကြောင်းအရာစခရင်ပေါ်တွင် Sélé~ct ခလုတ်ကိုနှိပ်ပါ။
]

[အဆင့် ၂။ အကြောင်းအရာကဏ္ဍကို ပြောင်းရန်အတွက် ဘယ် သို့မဟုတ် ညာသို့သွားပါ။
]

[အဆင့် ၃။ ကြည့်လိုသော အကြောင်းအရာကဏ္ဍသို့သွားကာ ရွေးချယ်ရန်အတွက် အပေါ် သို့မဟုတ် အောက်သို့သွားပါ။
]

[Smár~tThí~íñgs~ အက်ပ်ကို အသုံးပြုခြင်း]

[အဆင့် ၁။ Smár~tThí~ñgs အက်ပ်တွင် T~hé Sé~ró ကိုနှိပ်ကာ Pó~rtrá~ít Mó~dé ကိုနှိပ်ပါ။
]

[အဆင့် ၂။ အကြောင်းအရာကဏ္ဍကို ရွေးချယ်ကာ ကြည့်လိုသော အကြောင်းအရာကို ရွေးချယ်ပြီးနောက် စခရင်ပေါ်ရှိ Víéw~ óñ Th~é Sér~ó ခလုတ်ကို ဆက်နှိပ်ပါ။]

[မှတ်ချက် -]

  • [အက်ပ်အပေါ်မူတည်၍ အတည့်ပုံစံကို မပံ့ပိုးထားခြင်း ရှိနိုင်ပြီး ပေးထားသော အကြောင်းအရာတွင် နောင်တွင်အပ်ဒိတ်လုပ်ပေးမည် ဖြစ်ပါသည်။]
  • [ကိရိယာစခရင်ရှော့များနှင့် မီနူးတို့ကို အင်္ဂလိပ်ဘာသာဖြင့် နမူနာပြထားခြင်းသာ ဖြစ်ပါသည် - သင့်နိုင်ငံသုံး ဘာသာစကားဖြင့်လည်း ကြည့်နိုင်ပါသည်။]

[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]

[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]