[4K TV ဆိုတာ ဘာလဲ။]

[4K နှင့် ဘာလုပ်လို့ရလဲ။ သိနိုင်ရန် ဆက်လက်၍ ဖတ်ပေးပါ။]

[4K TV ဆိုတာ ဘာလဲ။]

[4K TV ဆိုသည်မှာ 4K~ ပုံရိပ်ကြည်လင်ပြတ်သားမှုပါသည့် TV တစ်မျိုးဖြစ်သည်။ TV~ တွင် 3,840 အလျားလိုက် píxé~l နှင့် 2,160 ထောင်လိုက် píx~él များဖြင့် စုစုပေါင်း pí~xél 8.3 သန်းခန့်အထိ ပါရှိသည်ဟု ဆိုလိုပါသည်။ T~V ကုန်ပစ္စည်း အသေးစိတ်ဖော်ပြချက်များတွင်၊ 4K TV~ များအတွက် ပုံရိပ်ကြည်လင်ပြတ်သားမှုအား အများအားဖြင့် "3840 x 2160" ဟု ပြသပါသည်။

ပုံရိပ်ကြည်လင်ပြတ်သားမှုသည် ဤအလွန်သေးငယ်သော အစက်များ၊ ပစ်ဇယ်များအား မြင်ကွင်းတွင် အတူတကွ သိမ်သည်းထားပုံကို ပြောပြသည့် ဝေါဟာရတစ်ခု ဖြစ်သည်။ မြင်ကွင်းတွင် သင်မြင်ရသည့် ပုံရိပ်ကို ပြင်ဆင်ရန် ပစ်ဇယ်တစ်ခုချင်းကို စုဆောင်းပါသည်၊ ထို့ကြောင့် ပစ်ဇယ် အရေအတွက် ပိုများလေ ပုံရိပ်ကြည်လင်ပြတ်သားမှု ပိုမြင့်လေပါ။ 4K တွင် “K” သည် ကီလို (1000) ကို ကိုယ်စားပြုပြီး 4,000 ပစ်ဇယ်ခန့်ရှိသည့် အလျားလိုက် ပုံရိပ်ကြည်လင်ပြတ်သားမှုကို ရရှိထားသည့် T~V ဟု ဆိုလိုပါသည်။]

[အရည်အသွေး ဘယ်လောက်ကောင်းလဲ။]

[4K TV များတွင် သာမန် F~úll H~D (1920 × 1080) TV များထက် ပစ်ဇယ် လေးဆ ပိုများပါသည်။ တူညီသော T~V စခရင်များတွင်ပင်၊ 4K TV~ ရုပ်ပုံ အရည်အသွေးသည် ပိုကောင်းသော ပစ်ဇယ် သိပ်သည်းဆကြောင့် ပိုရွှန်းလဲ့တောက်ပပြီး အသေးစိတ်ကျပါသည်။ စခရင်ကြီးသော TV များတွင် ကွဲပြားမှုမှာ အထူးသဖြင့် သိသာပါသည်။ ဥပမာ၊ သာမန် 65" Fú~ll HD~ TV နှင့် 65" 4K Ú~HD TV~ ၏ အရည်အသွေးကို သင်နှိုင်းယှဉ်ပါက၊ စခရင်ကို ပြင်ဆင်ပေးသည့် ပစ်ဇယ်များ၏ ကွဲပြားချက်ကို သတိပြုမိမှာပါ။ ပုံရိပ်ကြည်လင်ပြတ်သားမှု မြင့်သော TV များအတွက်၊ ပစ်ဇယ်များမှာ အရွယ်အစားတူ ပုံရိပ်ကြည်လင်ပြတ်သားမှု ပိုမြင့်သော TV~ ထက် ပိုသေးငယ်သောကြောင့် အဝေးမှ ကြည့်ရှုခြင်းတွင် အကန့်အသတ်မရှိဘဲ ပို၍ သာလွန်သော အတွေ့အကြုံကို ခံစားနိုင်ကာ ပစ်ဖယ်တစ်ခုချင်းကို သတိမပြုမိဘဲ အနီးကပ် ကြည့်ရှုနိုင်ပါသည်။]

[ဘယ်လို 4K အကြောင်းအရာကို ရနိုင်ပါသလဲ။]

[လက်ရှိတွင်၊ 4K ထုတ်လွှင့်မှု၊ 4K တိုက်ရိုက်ကြည့်ရှုမှု ဝန်ဆောင်မှုများ၊ 4K B~lú-rá~ý ဖွင့်စက်များနှင့် အခွေများမှ 4K ကင်မရာများ သို့မဟုတ် 4K စမတ်ဖုန်းများဖြင့် ရိုက်ကူးထားသည့် Ú~GC ဗီဒီယိုများအထိ 4K အကြောင်းအရာမျိုးစုံ ရနိုင်ပါသည်။ 4K~ (Wíkí~pédí~á အရ) ဖြင့် ထုတ်လွှင့်သည့် ကမ္ဘာအနှံ့မှ ရုပ်သံလိုင်းပေါင်း 80 ကျော်ရှိပြီး Ñét~flíx~၊ Ámáz~óñ Pr~ímé၊ V~údú နှင့် R~ákút~éñ ကဲ့သို့သော Vó~D ဝန်ဆောင်မှုများကလည်း 4K ရုပ်ရှင်များနှင့် TV~ စီးရီးများကဲ့သို့သော အကြောင်းအရာမျိုးစုံကို စီစဉ်ပေးနေပါသည်။ ထို့အပြင်၊ သင့်တွင် 4K Blú~-ráý ဖွင့်စက်ရှိပါက Á~mázó~ñ.cóm~ ကဲ့သို့သော နေရာများမှ 4K ဗီဒီယိုများကို အလွယ်တကူ ဝယ်ယူကြည့်ရှုနိုင်ပါသည်။

လတ်တလောတွင်၊ 4K ကင်မရာများ သို့မဟုတ် 4K ကင်မရာ အသင့်ပါသည့် စမတ်ဖုန်းများကို အသုံးပြု၍ ဗီဒီယိုရိုက်ကူးခြင်းကို လူအများက စိတ်ဝင်စားနေပြီး အဆိုပါ အကြောင်းအရာအား Ý~óúTú~bé နှင့် Ví~méó ကဲ့သို့သော ဗီဒီယို မျှဝေပေးသော ပလက်ဖောင်းများတွင် အခြားသုံးစွဲသူများကို မျှဝေပေးနေပါသည်။ ထို့ကြောင့် သင်စိတ်ဝင်စားသည့်အရာများကို လွတ်လပ်စွာ ရှာဖွေလိုက်ပါ။]

[4K ကဲ့သို့ အရည်အသွေးဖြင့် သင်၏
အကြောင်းအရာအားလုံးကို ကြည့်ရှု
ခံစားလိုက်ပါ]

[မှတ်တမ်းတင်ထားသည့် အကြောင်းအရာအားလုံးကို 4K ဖြင့် ရို်က်ကူးထားလျှင် ပိုကောင်းသော်လည်း 4K အကြောင်းအရာနှင့် နှိုင်းယှဉ်ပါက ပုံရိပ်ကြည်လင်ပြတ်သားမှု ပိုနည်းသော အကြောင်းအရာများစွာ ရှိပါသေးသည်။ သို့သော်၊ ရုပ်ထွက်မြှင့်ခြင်းကြောင့် စိုးရိမ်ရမည့်အရာ မဟုတ်တော့ပါ။

4K ရုပ်ထွက်မြှင့်ခြင်းက ဘာလဲ သင့်အတွက် ဘာလုပ်ပေးနိုင်ပါသလဲ။

အရည်အသွေးနိမ့်သော F~HD အကြောင်းအရာကို 4K T~V တွင် သင်ကြည့်သောအခါ၊ ရုပ်ထွက်မြှင့်ခြင်းသည် ၎င်း၏ ပုံရိပ်ကြည်လင်ပြတ်သားမှုကို တိုးမြှင့်ပေးကာ 4K TV~ ၏ သည့် နည်းပညာဖြစ်ပြီး 4K TV ၏ မြင်ကွင်း မှန်ပုံကွက်နှင့် အံ့ဝင်စေရန် ပြောင်းလဲပြီး အကောင်းဆုံးချိန်ညှိပေးသည်။ တစ်နည်းဆိုရသော်၊ ၎င်းက ပုံရိပ်ကို ဆွဲဆန့်ရုံသာ မဟုတ်ပါ — ၎င်းက 4K~ မြင်ကွင်းအတွက် အဆင့်မြှင့်ပေးပါသည်။ ရုပ်ထွက်မြှင့်ခြင်းသည် အနှောင့်အယှက်ကို လျှော့ချရန် ပုံရိပ်ကြည်လင်ပြတ်သားမှုကို အလိုအလျောက် ပိုင်းခြားစိတ်ဖြာပေးပြီး ယင်းအကြောင်းအရာအား 4K နည်းတူ အရည်အသွေးဖြင့် ကြည့်ရှုနိုင်စေရန် အသေးစိပ်များကို တိုးမြှင့်ပေးကာ အသင့်တော်ဆုံးသော အလင်းအမှောင်နှင့်အရောင်ကို ပံ့ပိုးပေးသည်။ အမှတ်တံဆိပ်တိုင်းက ရုပ်ထွက်မြှင့်ပေးခြင်းကို မတူကွဲပြားစွာ လုပ်ဆောင်သောကြောင့်၊ အကောင်းဆုံး ဖြစ်မည် တစ်ခုကို သေချာ ရွေးချယ်ပါ။]

[4K ဆိုတာ ဘာလဲ။ ÚHD~ ဆိုတာ ဘာလဲ။]

[
အလွယ်ဆိုပါက၊ ÚHD သည် ထူးခြားသာလွန်သော ရုပ်ထွက်ဖြစ်ပြီး 4K~ ပုံရိပ်ကြည်လင်ပြတ်သားမှုသည် ÚHD ပုံရိပ်ကြည်လင်ပြတ်သားမှု အမျိုးအစားတစ်ခု ဖြစ်သည်။

အမှတ်တံဆိပ် အမျိုးမျိုးသည် Ú~ltrá~ HD၊ 4K T~V၊ ထူးခြားသာလွန်သော ရုပ်ထွက် TV နှင့် 4K~ ÚHD T~V ကဲ့သို့သော တူညီသောအရာကို ပြောရန် ဖော်ပြချက်များစွာကို
အသုံးပြုပါသည်။ အချိန်ကြာသည်နှင့်အမျှ၊ TV လုပ်ငန်းနယ်ပယ်သည် “4K~” ဆိုသည့် စကားရပ်မှာ ဝယ်ယူသူများအတွက် ပိုလွယ်ကူပြီး နားလည်လွယ်ကြောင်း သတိပြုမိခဲ့
သည်။ ယနေ့ခေတ်တွင် ထုတ်လုပ်သူများနှင့် ဖြန့်ချိသူအများစုသည် 4K TV သို့မဟုတ် 4K~ ÚHD T~V ကို အသုံးပြုနေပါသည်။ လတ်တလောတွင်၊ 8K TV~ ဆိုသည့် ÚHD T~V
အခြား အမျိုးအစားတစ်ခုသည် ဈေးကွက်တွင် ထွက်ပေါ်လာခဲ့ပါသည်။
]

[4K ဖြင့် အသင့်စောင့်နေလိုက်ပါ]

[ပုံရိပ်ကြည်လင်ပြတ်သားမှု မြင့်သော TV များသည် TV~ များ ကဲ့သို့ အချိန်ကြာမြင့်မှ လဲလှယ်သည့် ကုန်ပစ္စည်းများကို ဝယ်ယူချိန်တွင် ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ TV အသစ်တစ်လုံး ဝယ်တော့မည်ဆိုပါက၊ ကြိုက်တာကို ရွေးပြီး 4K T~V တစ်လုံးကို ရွေးချယ်ပါ။]

[ဖတ်ရှုပြီး နောက်ထပ် လေ့လာပါ]