[Sáms~úñg G~áláx~ý S22 စီးရီးများကို ကြိုးသို့မဟုတ် ကြိုးမဲ့ဖြင့် ဘယ်လိုအမြန်အားသွင်းမလဲ]
[Sáms~úñg G~áláx~ý S22 စီးရီးများသည် ကြိုးဖြင့်အားသွင်းခြင်းကိုသာမက အနှောင့်အယှက်မရှိ ကြိုးမဲ့အားသွင်းခြင်းကိုလည်း ထောက်ပံ့ပေးထားပါသည်။ အောက်ပါလမ်းညွှန်ကိုကြည့်၍ မတူညီသည့် အမြန်အားသွင်းနည်းများနင့် ကြိုးမဲ့ပါဝါ မျှဝေခြင်းအသုံးပြုနည်းအကြောင်း ပိုမိုလေ့လာလိုက်ပါ။]
[အောက်ဖော်ပြပါ အကြံပြုချက်များအတိုင်း မလုပ်ဆောင်မီ သင့်ကိရိယာ၏ ဆော့ဖ်ဝဲလ်နှင့် သက်ဆိုင်ရာ အက်ပလီကေးရှင်းများအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ထားကြောင်း သေချာစွာလုပ်ဆောင်ပါ။ သင့်မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အားအပ်ဒိတ်လုပ်ရန် အောက်ပါအချက်များအတိုင်းလုပ်ဆောင်ပါ။]
[အဆင့် ၁။] [Sétt~íñgs~ > Sóft~wáré~ úpdá~té သို့သွားပါ။]
[အဆင့် ၂။] [Dówñ~lóád~ áñd í~ñstá~ll ကိုနှိပျပါ။]
[အဆင့် ၃။ ပေါ်လာသည့်လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ပါ။]
[သင့်ဖုန်းအား အမြန် ၊ အလွန်အမြန်အားသွင်းခြင်း သို့မဟုတ် ကြိုးမဲ့အမြန်အားသွင်းခြင်းဖြင့် အားသွင်းနိုင်ပါသည်။]
[Gálá~xý S22 စီးရီးများသည် သင့်ဖုန်း အမှန်တကယ်ပွင့်နေပြီး အမြန်လုပ်ဆောင်ရန်လိုအပ်သည့်အချိန်တွင် အမြန်အားသွင်းခြင်း နှင့် ကြိုးမဲ့အမြန်အားသွင်းခြင်း ကိုအသုံးပြုနိုင်ပါသည်။ S~ámsú~ñg အမြန်အားသွင်းတုံးကို တပ်လိုက်ပါက သင့်ဖုန်းနှင့် ချိတ်ဆက်မိရာတွင် အမြန်အားသွင်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်ရန်တိုက်တွန်းသည့် ပေါ့အပ်မက်ဆေ့ချ် ၃ ကြိမ်ပေါ်လာမည်ဖြစ်သည်။ အလွန်အမြန်အားသွင်းခြင်း သည် သတ်မှတ်ထားသည့်ဖုန်းများတွင်သာ ရရှိနိုင်ပြီး သင့်အနေဖြင့်လည်း 25W သို့မဟုတ် 45W~ Sáms~úñg အသိအမှတ်ပြု အားသွင်းတုံးကို အသုံးပြုရန်လည်ူလိုပါသည်။]
- [အမြန်အားသွင်းခြင်း အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် Ádáp~tívé~ အမြန်အားသွင်းခြင်းကို ထောက်ပံ့ပေးသည့် အားသွင်းတုံးကိုအသုံးပြုပါ။ အားသွင်းတုံးပေါ်တွင် 'Ádá~ptív~é Fás~t Chá~rgíñ~g' ဆိုသည့်စာပါဝင်ပြီး ပုံပါပါဝင်ပါသည်။]
- [အမြန်ကြိုးမဲ့အားသွင်းခြင်း ယခုလုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် ကြိုးမဲ့အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကို အထောက်အပံ့ပေးထားသည့် အားသွင်းတုံးနှင့် တွဲဖက်ပစ္စည်းများကို အသုံးပြုပါ။]
- [အလွန်အမြန်အားသွင်းခြင်း အလွန်အမြန်အားသွင်းခြင်းလုပ်ဆောင်ချက်ကိုအသုံးပြုရန် အလွန်အမြန်အားသွင်းခြင်းကို အထောက်အပံ့ပေးထားသည့် ÚSB P~D(pów~ér dé~lívé~rý) အားသွင်းတုံးကိုအသုံးပြုပါ။ အားသွင်းတုံးပေါ်တွင် 'S~úpér~ Fást~ Chár~gíñg~' ဆိုသည့်စာပါဝင်ပြီး ပုံပါပါဝင်ပါသည်။]
[မှတ်ချက် -]
- [Sáms~úñg မှအသိအမှတ်ပြုထားသည့် အားသွင်းတုံးမဟုတ်ပါက ယခုလုပ်ဆောင်ချက် မရရှိနိုင်ပါ။]
- [ဖုန်း သို့မဟုတ် ဖုန်းစခရင်ပိတ်ထားသည့်အချိန်တွင် ဘက်ထရီကို ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်ပါသည်။]
- [သင့်ဘက်ထရီအား သာမန်အားသွင်းတုံးဖြင့် အားသွင်းနေပါက ပါရှိသည့် Fást~/Súpé~r အားသွင်းလုပ်ဆောင်ချက်ကို အသုံးပြု၍မရနိုင်ပါ။]
- [သင့်ဖုန်းအပူချိန်တက်လာခြင်း သို့မဟုတ် သိသာသည့်လေထုအပူချိန်မြင့်တက်လာပါက အားသွင်းနှုန်းသည် အလိုအလျောက် လျော့သွားနိုင်ပါသည်။ ၎င်းသည် ဖုန်းအားထိခိုက်မှုမဖြစ်စေရန် ကာကွယ်သည့် သာမန်လုပ်ဆောင်ချက်အခြေအနေဖြစ်ပါသည်။]
- [အားသွင်းခေါင်းနှင့် ဒေတာကြိုးများကို သီးခြားစီရောင်းချပေးပါသည်။ အလွန်မြန်မြန်အားသွင်းခြင်းလုပ်ဆောင်ချက်အတွက် Sáms~úñg မှ မူလ 45W~ အားသွင်းခေါင်းနှင့် Týpé~-C မှ Týp~é-C 5Á ကြိုးတို့ကိုအသုံးပြုရန် အကြံပြုပါသည်။]
[မှတ်ချက် -]
- [အားသွင်းနေစဥ် ယခုလုပ်ဆောင်ချက်ကို သင့်ဖုန်းတွင် ဖွင့်(သို့)ပိတ်ခြင်း မပြုလုပ်နိုင်ပါ။]
[ကြိုးမဲ့ပါဝါမျှဝေခြင်းဖြင့် အခြားဖုန်းကိုအားသွင်းခြင်း]
[သင့်ဖုန်း ဘက်ထရီဖြင့် အခြားဖုန်းကို အားသွငးနိုင်ပါသည်။ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက်ဖြင့် သင့်ဖုန်းသည် အခြား Gálá~xý ဖုန်း ၊ Gá~láxý~ wátc~h သို့မဟုတ် Gál~áxý B~úds များကို ကြိုးမဲ့အားသွင်းနိုင်ပါသည်။ သင့်အနေဖြင့် ကိရိယာ ၂ ခုကို အတူတူထားပေးရုံပါပဲ။ သင့်ဖုန်းအားသွင်းနေစဉ်တွင်ပင်လျင် အခြားကိရိယာကို အားသွင်းနိုင်ပါသည်။ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက်ကိုဖွင့်ရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။]
[အဆင့် ၁။] [အသိပေးစာကိုဖွင့်ရန် ဖုန်းကိုအောက်သို့ဆွဲချပါ။]
[အဆင့် ၂။] [ကြိုးမဲ့ပါဝါမျှဝေခြင်းပုံ ကိုနှိပ်၍ဖွင့်ပါ။]
[မှတ်ချက် -] [ကြိုးမဲ့ပါဝါမျှဝေခြင်းပုံ မပါလာပါက အပေါင်းပုံကို နှိပ်၍ ကြိုးမဲ့ပါဝါမျှဝေခြင်းပုံကို Qúíc~k páñ~él သို့ဆွဲပြီးရွှေ့ပေးပါ။]
[အဆင့် ၃။ သင် အားသွင်းလိုသည့် ကိရိယာကို သင့်ဖုန်းအလယ်တွင် ဖုန်းနှင့်ကျောချင်းကပ်၍ တင်ထားပေးပါ။ အားသွင်းမှုစတင်သည်နှင့် သင်သည် အသိပေးသံ သို့မဟုတ် တုန်ခါမှုကြောင့် သိရှိမည်ဖြစ်သည်။ အားသွင်းမှုပြီးမြောက်သည့်အခါတွင် သင့်ဖုန်းမှ အခြားကိရိယာကို ဖြုတ်ပါ။]
[မှတ်ချက် -]
- [အသုံးပြုသည့် အပိုကိရိယာ သို့မဟုတ် ကာဗာပေါ်မူတည်၍ ကြိုးမဲ့ပါဝါမျှဝေခြင်း လုပ်ဆောင်ချက် ကောင်းမွန်စွာအလုပ်လုပ်မည်မဟုတ်ပါ။ ယင္းလုပ်ဆောင်ချက်ကိုု အသုံးမပြုမီ အပိုကိရိယာများ သို့မဟုတ် ကာဗာများကို ဖြုတ်ထားရန် အကြံပြုပါသည်။]
- [ကိရိယာအလိုက် ကြိုးမဲ့အားသွင်းကွိုင်ရှိသည့်နေရာ မတူညီသောကြောင့် ချိတ်ဆက်မှုကောင်းမွန်စွာရှိကြောင်းသေချာစေရန် ကိရိယာများ၏ အနေအထားကို ချိန်ညှိပါ။]
- [အားသွင်းနေစဉ် ကိရိယာနှစ်ခုစလုံးကို မရွှေ့သို့မဟုတ် မသုံးပါနှင့်။]
- [ကြိုးမဲ့အားသွင်းခြင်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားသည့် ကိရိယာများတွင်သာ ယခုလုပ်ဆောင်ချက်ဖြင့် အားသွင်းနိုင်ပါသည်။]
- [ပါဝါမျှဝေနေစဉ်အတွင်း အချို့လုပ်ဆောင်ချက်များ မရရှိနိုင်ပါ။]
- [အခြားကိရိယာသို့သွင်းလိုက်သည့်အားသည် သင့်ဖုန်းမှ မျှဝေလိုက်သည့် အားပမာဏထက် နည်းနိုင်ပါသည်။]
- [သင်သည် ဖုန်းအားသွင်းနေစဉ် အခြားကိရိယာကိုအားသွင်းပါက အားသွင်းနှုန်းလျော့သွားခြင်း သို့မဟုတ် ဖုန်းသည် အားသွင်းတုံးအမျိုးအစားအလိုက် ကောင်းကောင်းအားသွင်းနိုင်မည်မဟုတ်ပါ။]
- [အားသွင်းနှုန်းနှင့် လုံလောက်မှုနှုန်းသည် ဖုန်းအခြေအနေနှင့် ပတ်ဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
- [အမြန်အားသွင်းထားသည့်အချိန်တွင် ခရက်ဒစ်ကဒ် ၊ လက်စွပ် သို့မဟုတ် သတ္တုကာဗာကဲ့သို့ ပြင်ပအရာ၀ထ္ထုများ အားသွင်းတုံးနှင့် ဖုန်းကြားတွင်ရှိမနေစေရန် သေချာလုပ်ဆောင်ပါ။]
[သင့်ဖုန်းလက်ကျန် ဘက်ထရီပါဝါသည် လယ်ဗယ်တခုအောက်ရောက်သွားသည့်အခါတွင် ပါဝါမျှဝေခြင်းကိုရပ်ပစ်ရန် သတ်မှတ်နိုင်ပါသည်။]
[Sáms~úñg မှအသိအမှတ်ပြုထားသည့် ဘက်ထရီ ၊ အားသွင်းတုံး နှင့် သင့်ဖုန်းအတွက်ထုတ်ထားသည့် ကြိုးကိုသာအသုံးပြုရန် အကြံပြုပါသည်။ မကိုက်ညီသည့် ဘက်ထရီ၊ အားသွင်းတုံး သို့မဟုတ် ကေဘယ်များသည် ပြင်းထန်သည့်ထိခိုက်မှုကိုဖြစ်စေခြင်း သို့မဟုတ် သင့်ဖုန်းကိုထိခိုက်စေခြင်းတို့ ဖြစ်စေနိုင်ပါသည်။]
- [အားသွင်းတုံးနှင့်သေချာမချိတ်ဆက်ခြင်းသည် သင့်ဖုန်းကို ပြင်းထန်သည့်ထိခိုက်မှုဖြစ်စေနိုင်ပါသည်။ လွဲမှားစွာအသုံးချမှုကြောင့်ဖြစ်လာသည့် ပျက်စီးမှုများအတွက် အာမခံအကျုံးမဝင်ပါ။]
- [ဖုန်းနှင့်အတူပါလာသည့် ÚSB T~ýpé-C~ ကြိုးများကိုသာ အသုံးပြုပါ။ Mícr~ó ÚSB~ ကြိုးများသုံးပါက ဖုန်းထိခိုက်ပျက်စီးစေနိုင်ပါသည်။]
- [နှစ်မျိုးသုံး အားသွင်းပေါက်စိုစွတ်နေစဉ် အားသွင်းမိပါကလည်း ဖုန်းထိခိုက်စေနိုင်ပါသည်။ ဖုန်းအားမသွင်းခင် နှစ်မျိုးသုံးအားသွင်းပေါက်ကို သေချာအခြောက်ခံပေးပါ။]
- [စွမ်းအင်ချွေတာရန်အတွက် အသုံးမပြုသည့်အချိန်တွင် အားသွင်းတုံးကိုဖြုတ်ထားပါ။ အားသွင်းတုံးတွင် ပါဝါခလုတ်မပါသည့်အတွက် စွမ်းအင်အလေအလွင့်မဖြစ်စေရန် သင့်အားသွင်းတုံးအား အသုံးမပြုပါက လျှပ်စစ်ပလပ်ပေါက်မှ ဖြုတ်ထားရပါမည်။ အားသွင်းတုံးသည် လျှပ်စစ်ပလပ်ပေါက်နားတွင်ရှိသင့်ပြီး အားသွင်းနေစဉ် အလွယ်တကူယူ၍ရသင့်ပါသည်။]
- [အားသွင်းတုံးအသုံးပြုသည့်အခါတွင် အားသွင်းမှုလုပ်ဆောင်ချက်ကို အာမခံချက်ပေးသည့် အသိအမှတ်ပြု ကြိုး သို့မဟုတ် ကြိုးမဲ့အားသွင်းတုံးကို သုံးရန် အကြံပြုပါသည်။]
- [ဘက်ထရီလုံး၀အားမရှိတော့ပါက အားသွင်းတုံးချိတ်ဆက်သည့်အချိန်တွင် ချက်ခြင်းဖွင့်၍ရနိုင်မည်မဟုတ်ပါ။ ဖုန်းပြန်မဖွင့်မီ အားကုန်နေသည့်ဘက်ထရီကို မိနစ်အနည်းငယ်ခန့် အားသွင်းပေးပါ။]
- [အက်ပ်အများအပြားကို တပြိုင်တည်းအသုံးပြုခြင်း သို့မဟုတ် အခြားကိရိယာနှင့်ချိတ်ဆက်ရန်လိုသည့် အက်ပ်ကို အသုံးပြုနေပါက ဘက်ထရီအကုန်မြန်ပါလိမ့်မည်။ ဒေတာလွှဲပြောင်းနေစဉ် ပါဝါမကုန်သွားစေရန်အတွက် အဆိုပါအက်ပ်များကို ဘက်ထရီအပြည့်အ၀အားသွင်းပြီးမှသာ သုံးပါ။]
- [အားသွင်းတုံးမဟုတ်သည့် ကွန်ပြူတာကဲ့သို့ ပါဝါအရင်းအမြစ် မှ အားသွင်းပါက နိမ့်သည့်လျပ်စစ်စီးမှုကြောင့် အားသွင်းနှုန်းကိုလျော့စေနိုင်ပါသည်။]
- [အားသွင်းနေစဉ် အသုံးပြု၍ရနိုင်သော်လည်း ဘက်ထရီအားပြည့်သွားရန် အချိန်ပိုကြာပါလိမ့်မည်။]
- [ဘက်ထရီအားသွင်းနေစဉ် မတည်ငြိမ်သည့် လျှပ်စ်အရင်းအမြစ်ကိုရရှိပါက စခရင်အလုပ်လုပ်မည်မဟုတ်ပါ။ ထိုသို့ဖြစ်ပါက အားသွင်းတုံးမှ ဖုန်းကိုဖြုတ်လိုက်ပါ။]
- [အားသွင်းနေစဉ်အတွင်း ဖုန်းနှင့်အားသွင်းတုံး ပူလာနိုင်ပါသည်။ ၎င်းသည် သာမန်ဖြစ်ပြီး ဖုန်း၏သက်တမ်းနှင့်လုပ်ဆောင်ချက်ကို ထိခိုက်မည်မဟုတ်ပါ။ ပုံမှန်ထက် ဘက်ထရီပူလာပါက အားသွင်းတုံးသည် အားသွင်းမှုကိုရပ်ပစ်ပါလိမ့်မည်။]
- [ဖုန်းကို သေချာအားသွင်း၍မရပါက ဖုန်းနှင့်အားငွင်းတုံးကိုယူ၍ Sáms~úñg S~érví~cé Cé~ñtér~ သို့သွားပါ။]
- [ကြိုးမဲ့အားသွင်းထားသည့်အချိန်တွင် ခရက်ဒစ်ကဒ် ၊ လက်စွပ် သို့မဟုတ် သတ္တုကာဗာကဲ့သို့ ပြင်ပအရာ၀ထ္ထုများ အားသွင်းတုံးနှင့် ဖုန်းကြားတွင်ရှိမနေစေရန် သေချာလုပ်ဆောင်ပါ။]
[မှတ်ချက် - ဖုန်း စခရင်ရှော့များနှင့် မီနူးများသည် ဖုန်းမော်ဒယ်နှင့်ဆော့ဖ်ဝဲလ်ဗားရှင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။]
[သငျ၏အကွံပွုခကြျအတှကျကြေးဇူးတငျပါသညျ]
[ကျေးဇူးပြု၍ မေးခွန်းအားလုံးဖြေဆိုပါ။]
[RC01_S~tátí~c Cóñ~téñt~ : Thís~ téxt~ ís óñ~lý dí~splá~ýéd ó~ñ thé~ édít~ór pá~gé]